ၾကားသိရသမွ်










ဒေါ်ဇင်မာအောင်




ဒေါ်ဇင်မာအောင်ကို ကြိုက်တာ အဲဒါကြောင့်ပဲ

အိန္ဒိယအခြေစိုက် သတင်းဌာနနဲ့တွေ့ရင်

အိန္ဒိယအစိုးရအကြောင်းကို ပြတ်ပြတ်ပြောရဲတယ်

🔻 နိုင်ငံတိုင်းဟာ ကိုယ်ပိုင် အမျိုးသားအကျိုးစီးပွားနဲ့ မဟာဗျူဟာအကျိုးစီးပွားတွေရှိကြပါတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန်ရပ်တည်ဆုံးဖြတ်ရပါမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အိန္ဒိယအစိုးရအနေနဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီအရေးရုန်းကန်မှုအတွက် ဒီထက်ပိုပြီး ထောက်ပံ့သင့်ပါတယ်။

🔻 ဒီလိုကြိုးစားရုန်းကန်နေရတဲ့ကာလမှာ အိန္ဒိယအစိုးရရဲ့ရပ်တည်မှုတွေ ဘယ်မှာရှိနေသလဲဆိုတာ မြန်မာပြည်သူတွေက မေ့ပျောက်မှာ မဟုတ်တဲ့အတွက် အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေး‌ဟာ ရှေ့ဆက်မယ့်ကာလတွေမှာ တူညီနိုင်မှာ မဟုတ်ပါဘူးဆိုတာ ကျွန်မပြောချင်ပါတယ်။

🔻 အိန္ဒိယပြည်နယ်အစိုးရအချို့ကတော့ တမူကွဲပြားစွာ တုံ့ပြန်ကြပါတယ်။ ဥပမာအားဖြင့် မီဇိုရမ်ပြည်နယ်အစိုးရဟာ စစ်ရှောင်တွေအတွက် လိုအပ်တဲ့ အကာအကွယ်နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေတာမျိုးရှိပါတယ်။

🔻 အိန္ဒိယဗဟိုအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ နယ်စပ်ဖြတ်ကျော်အကူအညီပေးမှုတွေဟာ ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိနေသင့်ပါတယ်။

“မြန်မာပြည်သူတို့အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်နေရချိန်တွင်အိန္ဒိယအစိုးရ၏ ထောက်ခံမှု မရခဲ့သည်များကိုမိမိတို့ မည်သည့်အခါမှ မေ့ထား၍မရ”

ဒေါ်ဇင်မာအောင်

NUG အစိုးရ နိုင်ငံခြားရေး၀န်ကြီး

ဖေဖေါ်ဝါရီ (၈) ရက်၊ ၂၀၂၂ အိန္ဒိယအခြေစိုက်

Deccan Herald သတင်းဌာနနှင့် ဖြေကြားချက်မှ