ၾကားသိရသမွ်

ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု PDF ကြေညာ

ရန္ကုန္ဆႏၵျပလူငယ္မ်ားကို ကားျဖင့္တိုက္သတ္၊ ေသနတ္ျဖင့္ ပစ္သတ္မႈ ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္မည္ဟု PDF ေၾကညာ

ရန္ကုန္၊ ဒီဇင္ဘာ ၅

ယေန႔ ဒီဇင္ဘာလ ၅ ရက္ေန႔ ရန္ကုန္ဆႏၵျပလူငယ္မ်ားကို ကားျဖင့္တိုက္သတ္ျခင္း၊‌ ေသနတ္ျဖင့္ ပစ္သတ္ျခင္း အပါအဝင္ စစ္တပ္က ရက္စက္စြာ ႏွိမ္နင္းသတ္ျဖတ္ခဲ့မႈကို လက္တုံ႔ျပန္မည္ျဖစ္ေၾကာင္း PDF ရန္ကုန္တိုင္းစစ္ေဒသအဖြဲ႕က ေၾကညာခ်က္ထုတ္ျပန္သည္။

ရန္ကုန္တိုင္း‌ေဒသႀကီး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ပန္းပင္ႀကီးလမ္းေပၚတြင္ ယေန႔ နံနက္ ၈ နာရီ ဝန္းက်င္အခ်ိန္က စစ္အာဏာရွင္ဆန႔္က်င္ေရး ၿငိမ္းခ်မ္းစြာ ဆႏၵျပ ခ်ီတက္လာေသာ လူငယ္မ်ားကို အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက လူမဆန္စြာ ကားျဖင့္ တိုက္သတ္ျခင္း၊ ေသနတ္ျဖင့္ ပစ္သတ္ျခင္း တို႔ေၾကာင့္

ဆႏၵျပလူငယ္တခ်ိဳ႕ က်ဆုံးခဲ့ရေၾကာင္းႏွင့္ ယင္းျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို လည္း ေဆးကုသခြင့္ မေပးဘဲ၊ စစ္ေၾကာေရးစခန္းမ်ားသို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ၾကားသိခဲ့ရ သျဖင့္ ျပည္သူလူထုႏွင့္ထပ္တူ စိတ္ႏွလုံးထိခိုက္နာက်င္ခံစားရေၾကာင္း PDF ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုကဲ့သို႔ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည့္ လက္နက္မပါေသာ အျပစ္မဲ့ ျပည္သူမ်ားအေပၚ လူမဆန္ဘဲ ရက္စက္ယုတ္မာစြာ သတ္ျဖတ္မႈ က်ဴးလြန္ခဲ့ၾကၿပီး ယင္းျဖစ္စဥ္ကို အမိန႔္ေပးၫႊန္ၾကားခိုင္း ေစခဲ့သည့္ အၾကမ္းဖက္စစ္တပ္ႏွင့္ ၎တို႔၏လက္ပါးေစအားလုံးကို ျပင္းျပင္းထန္ထန္ လက္တုန႔္ျပန္ သြားမည္ျဖစ္ေၾကာင္းႏွင့္

ေတာ္လွန္ေရးအရွိန္အား ယခုထက္ ပိုမိုျမႇင့္တင္ေဆာင္႐ြက္သြားမည္ ျဖစ္ ေၾကာင္း ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က ထုတ္ျပန္ေၾကညာသည္။

ရန်ကုန်ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက်သတ်၊ သေနတ်ဖြင့် ပစ်သတ်မှု ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု PDF ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ ရန်ကုန်ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက်သတ်ခြင်း၊‌ သေနတ်ဖြင့် ပစ်သတ်ခြင်း အပါအဝင် စစ်တပ်က ရက်စက်စွာ နှိမ်နင်းသတ်ဖြတ်ခဲ့မှုကို လက်တုံ့ပြန်မည်ဖြစ်ကြောင်း PDF ရန်ကုန်တိုင်းစစ်ဒေသအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်တွင် ယနေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်လာသော လူငယ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက လူမဆန်စွာ ကားဖြင့် တိုက်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်း တို့ကြောင့်

ဆန္ဒပြလူငယ်တချို့ ကျဆုံးခဲ့ရကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို လည်း ဆေးကုသခွင့် မပေးဘဲ၊ စစ်ကြောရေးစခန်းများသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကြားသိခဲ့ရ သဖြင့် ပြည်သူလူထုနှင့်ထပ်တူ စိတ်နှလုံးထိခိုက်နာကျင်ခံစားရကြောင်း PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လက်နက်မပါသော အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်ဘဲ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြပြီး ယင်းဖြစ်စဉ်ကို အမိန့်ပေးညွှန်ကြားခိုင်း စေခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏လက်ပါးစေအားလုံးကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန် သွားမည်ဖြစ်ကြောင်းနှင့်

တော်လှန်ရေးအရှိန်အား ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။