ကြားသိရသမျှ

အဘ မကျော်နိုင်တော့ဘူးနဲ့တူပါတယ်တဲ့ အဘကိုနိုင်သွားပြီနဲ့တူပါတယ် သမီးရယ်တဲ့…

မနေ့က Duty ရောက်ရောက်ချင်းရတဲ့ over အရ Ward ထဲမှာရှိတဲ့အသက် 60ကျော်အဖိုးအိုတယောက် လူနာစောင့်ကမရှိ သားဖြစ်သူက covid positive နဲ့ဆုံးသွားပြီတဲ့ ။ သေချာလေးထပ်မေးတော့မှ အဘသားက ကျွန်မကိုယ်တိုင် ဝေဘာဂီဆေးရုံပို့ပေးခဲ့တဲ့ လူနာဖြစ်နေတယ် ရင်ထဲမှာမကောင်းတော့ဘူး။

တိုက်ဆိုင်မှုတခုက သူ့သားနေသွားတဲ့အခန်းမှာ အဖိုးကိုထားထားတယ် situation လေးက ကောင်းလိုက်မကောင်းလိုက် တချိန်လုံးစောင့်ကြည့်နေရတယ်အပြင်ကနေယောက်ဖဆိုသူက ဆန်ပြုတ်လေးတွေပို့ပေး လိုအပ်တဲ့ဆေးလေးတွေဝယ်ပို့ပေးတယ် လူနာစောင့်ပေးဖို့တော့အဆင်အပြေပါဘူးတဲ့။

အဖိုးကိုမြင်ရတာရင်ထဲမခံစားနိုင်လို့ တနေကုန် CCTV ရှေ့တောင်ကျွန်မ မထိုင်မိဘူးညကသိလိုက်ရတဲ့ အဖြေက positive တဲ့ ရင်ထဲမှာမချိလိုက်တာ။ဒီမနက် အဖိုးကိုဆေးထိုးဖို့ဝင်ရင်း မနက်စာ ovaltine လေးပါဖျော်ပြီးယူသွားပေးလိုက်တယ်။ကျွန်မအခန်းထဲဝင်လာတာမြင်တဲ့အချိန် လှမ်းကြည့်လိုက်တဲ့အကြည့်ကို မမေ့နိုင်ဘူး အားကိုးတကြီးနဲ့ကြည့်နေတဲ့မျက်ဝန်းတွေOxygen 2လိုင်းပေးထားတော့ လိုအပ်သလိုလေးပြုပြင်ချိန်ဆပေးနေတဲ့အချိန်။

‘အဘပြောတဲ့စကားတခွန်း အဘ မကျော်နိုင်တော့ဘူးနဲ့တူပါတယ်တဲ့ အဘကိုနိုင်သွားပြီနဲ့တူပါတယ် သမီးရယ်တဲ့’။

ဝဲတက်လာတဲ့မျက်ရည်ကိုသိမ်း တုန်ရီနေတဲ့အသံကိုထိမ်းပြီးအဘကလည်း အားမလျှော့ပါနဲ့ ဘာလို့လက်လျှော့ရမှာလဲဆရာဝန်ဆရာမတွေအများကြီးရှိတယ်လေ။အဘလိုတာပြောနော် သမီးတို့ရှိတယ်သိလားလို့လက်လေးကိုင်အားပေးလိုက်မိတယ်ဆေးလေးထိုးပြီး ယူလာတဲ့ ovaltine လေးက်ုပိုက်လေးတပ်ပြီးတိုက်လိုက်တဲ့အချိန် ဗိုက်အရမ်းဆာနေပြီးအမြန်မျိုချလိုက်လို့သီးသွားပြီးချောင်းဆိုးလာလို့ ခနနားခိုင်းပြီး ကျောလေးပုတ်ပေး ကျသွားတဲ့ Oxygen level ကိုစောင့်ကြည့်ရင်း ရင်ထိတ်နေမိတယ်။

ခနနေတော့ Oxygen လေးပြန်ကောင်းလာတော့ ပိုက်လေးကိုတပ်ပေးပြီး အဘဖြေးဖြေးချင်းသောက်နော် ဖြေးဖြေးချင်းမျိုချ သမီးစောင့်ပေးမယ် သမီးရှိတယ်နော်ဆိုပြီး လက်လေးကိုင်ထားတော့ ဖြေးဖြေးချင်းသောက်ရှာတယ်ပြီးတော့ ‘အဘက သောက်လို့ကောင်းလိုက်တာသမီးရယ် အရသာရှိလိုက်တာတဲ့။

Positive မှန်းသိပေမဲ့ အဖိုးလက်လေးကိုင် ကျောလေးသပ်ပြီး အားပေးစကားတွေပြော အနားမှာနေလို့ရသလောက်လေးနေပေးခဲ့တယ်။စကားတွေပြောရင်းသိခဲ့ရတာကအဖိုးအမျိုးသမီးကလည်း ဂျပန်ဆေးရုံမှာ အဆုတ်မကောင်းလို့ဆေးရုံတက်နေရတယ်တဲ့သားဆုံးတာကိုလည်းအဖိုးကမသိချွေးမလေး Q ဝင်နေရတာကိုလည်းမသိသူကိုယ်တိုင် positive ဖြစ်နေတာကိုလည်းမသိ(ကျွန်မတို့ကအဘကိုသနားလို့မပြောသေးတာပါ အိမ်သားကိုတော့ပြောပြထားတယ်)အဆုတ်မကောင်းလို့ဆေးရုံတက်နေရတယ်ပဲသိထားတာလေ။

ကိုယ်တကယ်ကိုခံနိုင်ရည်မရှိတော့ပါဘူး အဘအတွက်စိတ်မကောင်းတွေဖြစ်လွန်းလို့ပါ ။အရမ်းကိုစိတ်ဓာတ်ကျ အားငယ်နေရှာတဲ့အဘ လူနာစောင့်မရှိလို့စိတ်မကောင်းဖြစ်နေပေမဲ့ သူ့ရဲ့ အညစ်အကြေးတွေကို သူကိုယ်တိုင် အိုးလေးထဲသွားရှာတယ်။အိပ်ယာပေါ်မသွားဘူး သူ့အတွက်လုပ်ပေးတဲ့သူတွေကိုအားနာနေရှာတယ် အရမ်းကိုသတိကောင်းတဲ့အဘ ကိတ်မုန့်လေးကျွေးတာကိုစားချင်ပေမဲ့ အဘမစားနိုင်ဘူးသမီး မောတယ် သီးတယ်တဲ့Overtine လေးပဲ တဝက်လောက်သောက်ရှာတယ်။

အဘသောက်နော် သမီးထပ်ဖျော်ပြီးထည့်ပေးခဲ့မယ် အားမနာနဲ့နော်လို့ပြောတော့ သမီးတို့အလုပ်ပိုပါတယ် အဘကရပါတယ်တဲ့ စကားလမ်းကြောင်းပြောင်းပြီး အဘဖုန်းကောအားရှိရဲ့လားလို့မေးမိတာ အဘစကားကြားမှကိုယ်မှားသွားမှန်းသိလိုက်ရတယ်။အဘက ဖုန်းအားရှိပါတယ်သမီးရယ်တဲ့ မလိုတော့ပါဘူးတဲ့ အဘဆီကိုဘယ်သူမှဖုန်းမဆက်ကြတော့ဘူးလေတဲ့။အားအင်ချိနဲ့နေတဲ့အဖိုးအိုတယောက်ရဲ့ ပြိုလဲကျချင်နေတဲ့အားငယ်စိတ်တွေနဲ့အသံ တကယ်ပါ ကိုယ်ဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့လို့ အဘနဲ့အနီးဆုံးမှာဖုန်းလေးကိုထားလိုအပ်ရင်သမီးတို့ဆီဖုန်းဆက်လိုက်နော် ချက်ချင်းလာခဲ့ပေးမယ်နော်။သမီးသွားတော့မယ်နော် လို့ အဘကိုနှုတ်ဆက်ပြီး ပြေးထွက်ခဲ့မိတယ်။

PPE ချွတ်တဲ့အခန်းမှာ PPE ချွတ်ပြီး ချုံးပွဲချငိုကြွေးမိတယ်

အဘကိုသနားလိုက်တာ ကျွန်မတို့သာမန်နေမကောင်းဖြစ်ချိန်မှာတောင် အနားမှပြုစုဖို့လူရှိစေချင်နေတာ ခုလိုရောဂါဆိုးကြီးကို တိုက်ထုတ်နေရတဲ့အချိန် အနားမှာပြုစုမဲ့သူတယောက်ရှိစေချင်မှာပေါ့။ ခုတော့အိမ်သားတယောက်မှမရှိတော့လို့အားငယ်နေပေမဲ့ နိုင်သလောက်အားတင်းထားရှာတဲ့ ဒီအဖိုးအိုကို အရမ်းကိုသနားမိလို့။

ကျွန်မduty မဟုတ်ပေမဲ့ အဘကိုဆေးရုံပြောင်းတဲ့အချိန်ကျွန်မလိုက်ပို့ပေးပါရစေ ကျွန်မကိုဖုန်းဆက်ပေးပါလို့ အမတွေကိုမှာခဲ့တယ်ကိုယ်တတ်နိုင်သလောက် အဘအတွက်အားလေးဖြစ်ပါစေတော့ဒီစာကို ကျွန်မတကယ်မျက်ရည်တွေနဲ့ရင်းပြီး နှလုံးသားနဲ့ခံစားရေးဖွဲ့မိပါတတယ်။စာရေးဆရာမ မဟုတ်လို့အမှားပါရင်ခွင့်လွှတ်ပေးပါ။

Wint Wint Aye