ပုေလာတြင္ CDM လက္ေထာက္ၿမိဳ႕နယ္ပညာေရးမႉးဦးသာဝင္း၊ မေဆာင္းျမတ္ေအာင္ႏွင့္ မျခဴးသီရိနိုင္တို႔ စစ္တပ္ပိုင္ စရဖ ကားျဖင့္ တိုက္သတ္ခံရ၊ ကားေမာင္းသူမွာ ႀကံ့ခိုင္ေရးပါတီဝင္ စစ္တပ္ေထာက္ခံသူျဖစ္ေန
တနသၤာရီတိုင္းမ္၊ ဒီဇင္ဘာ ၁၃
တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္ လက္ေထာက္ပညာေရးမႉး ဦးသာဝင္းႏွင့္ အမ်ိဳးသမီးငယ္ႏွစ္ဦးသည္ ယမန္ေန႔ညပိုင္း စစ္တပ္ပိုင္ စရဖကားျဖင့္ တိုက္သတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။
ပုေလာၿမိဳ႕နယ္၊ ဖိုးရွမ္းကမ္းေျခအနီးမွာ ဒီဇင္ဘာလ ၁၂ ရက္ည ၇ နာရီဝန္းက်င္အခ်ိန္ ကားျဖင့္ တိုက္သတ္ခံရျခင္းျဖစ္ၿပီး အရွိန္ျပင္းျပင္းျဖင့္တိုက္သတ္သြားသည့္ ကားသည္ စစ္ဘက္ေရးရာလုံျခဳံေရးတပ္ဖြဲ႕(စရဖ) ကားျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
အဆိုပါ စစ္တပ္ပိုင္ စရဖကားကို ေမာင္းသူမွာ ဦးသန္းရွိန္ျဖစ္ၿပီး ႀကံ့ခိုင္ေရးပါတီဝင္ျဖစ္ေၾကာင္း ၊အာဏာသိမ္းမႈဘက္မွ ရပ္တည္သူျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
CDM ျပဳလုပ္ထားသည့္ လက္ေထာက္ၿမိဳ႕နယ္ပညာေရးမႉး အသက္ ၅၇ ႏွစ္အရြယ္ ဦးသာဝင္းသည္ ဖိုးရွမ္းကမ္းေျခဘက္မွ ျပန္လာခ်ိန္မွာ ကားတိုက္ အသတ္ခံရျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဦးသာဝင္းကိုမတိုက္မိခင္ လမ္းနံေဘးရပ္စကားေျပာေနတဲ့ အမ်ိဳးသမီးငယ္ ၄ ဦးကို အရွိန္ျပင္းျပင္းျဖင့္ အရင္တိုက္မိခဲ့ၿပီး ႏွစ္ဦးမွာ ပြဲခ်င္းၿပီးေသဆုံးေၾကာင္း၊ အျခားအမ်ိဳးသမီးတစ္ဦးမွာမူ ဒဏ္ရာရခဲ့ေၾကာင္း သိရွိရသည္။
ဦးသာဝင္းကို ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ လမ္းတြင္ေသဆုံးခဲ့ၿပီး အေလာင္းမ်ား လက္ရွိအခ်ိန္တြင္ ပုေလာၿမိဳ႕နယ္ေဆး႐ုံတြင္ ရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။
” ဦးသာဝင္းကို ကားနဲ႔တိုက္တဲ့သူရဲ့ အဖြဲ႕ထဲက တစ္ေယာက္က ဖုန္းဆက္ၿပီးေခၚလိုက္တာ။ ကမ္းေျခမွာေမြးေန႔ရွိလို႔ စားၾကေသာက္ၾကဖို႔ဆိုၿပီး။ ဦးသာဝင္းက ေန႔လယ္ တစ္နာရီခြဲေလာက္ကတည္းက ဆိုင္ကယ္တစ္စီးနဲ႔ အိမ္ကထြက္သြားတယ္။
ကမ္းေျခေရာက္ၿပီးနည္းနည္းၾကာေတာ့ အသိထဲက အမူးလြန္ေနတဲ့သူတစ္ေယာက္ကို ဆိုင္ကယ္နဲ႔ပဲ ကမ္းေျခနဲ႔ သုံးမိုင္ေလာက္ေဝးတဲ့ ေရခ်ိဳရြာကိုျပန္လိုက္ပို႔တယ္။ ၿပီးတာနဲ႔ကမ္းေျခကိုျပန္လာေတာ့ ကမ္းေျခမွာ ေမြးေန႔ပြဲၿပီးၿပီဆိုၿပီး လူေတြျပန္ေနၾကေတာ့ သူလည္းျပန္လာလိုက္တာ။ အျပန္လမ္းမွာ အခုလိုျဖစ္တာပဲ” ဟု ေဒသခံတစ္ဦးကဆိုသည္။
ဦးသာဝင္းကို တိုက္ခဲ့သည့္ စစ္တပ္ပိုင္ စရဖ ကားကိုေမာင္းသည့္ ဦးသန္းရွိန္သည္ ဖိုးရွမ္းကမ္းေျခတြင္ ေမြးေန႔ပြဲကို တက္ေရာက္ခဲ့သျဖစ္ေၾကာင္း သိရွိရသည္။
ကားျဖင့္ တိုက္ခံရေသာ အမ်ိဳးသမီးငယ္ ၄ ဦးမွာလည္း ကမ္းေျခမွ ျပန္လာသူမ်ားျဖစ္ၿပီး အသက္ႏွစ္ဆယ္ဝန္းက်င္အရြယ္ မေဆာင္းျမတ္ေအာင္ႏွင့္ မျခဴးသီရိနိုင္တို႔ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း သိရွိရသည္။
“စရဖကားကိုေမာင္းလာတဲ့ ဦးသန္းရွိန္ဆိုတဲ့လူက ဦးသာဝင္းနဲ႔ သူငယ္ခ်င္းအရင္းႀကီးေတြ။ အခုက ဘယ္လိုျဖစ္ၾကတာလဲမသိဘူး။ တမင္တိုက္သတ္တဲ့ပုံစံမ်ိဳးျဖစ္ေနတယ္” ဟု ဖိုးရွမ္းကမ္းေျခအနီးမွ ရွပ္ပုံရြာသားတစ္ဦးက ေျပာသည္
ဦးသာဝင္းႏွင့္ အမ်ိဳးသမီးငယ္ႏွစ္ဦးကို ရည္ရြယ္ခ်က္ရွိရွိကားျဖင့္တိုက္သတ္ခဲ့သည့္ျဖစ္စဥ္တြင္ အၾကမ္းဖက္လုပ္ေဆာင္ခဲ့သူမ်ားႏွင့္ ပါဝင္ဆက္စပ္သူမ်ားကို ျပင္းျပင္းထန္ထန္အျပစ္ေပး အေရးယူမည္ျဖစ္ေၾကာင္း ပုေလာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ထုတ္ျပန္သည္။
ဓာတ္ပုံ – ကားတိုက္ခံရၿပီးေသဆုံးခဲ့သည့္ CDM လက္ေထာက္ၿမိဳ႕နယ္ပညာေရးမႉး ဦးသာဝင္း၊ မေဆာင္းျမတ္ေအာင္ႏွင့္ မျခဴးသီရိနိုင္။
unicode
ပုလောတွင် CDM လက်ထောက်မြို့နယ်ပညာရေးမှူးဦးသာဝင်း၊ မဆောင်းမြတ်အောင်နှင့် မခြူးသီရိနိုင်တို့ စစ်တပ်ပိုင် စရဖ ကားဖြင့် တိုက်သတ်ခံရ၊ ကားမောင်းသူမှာ ကြံ့ခိုင်ရေးပါတီဝင် စစ်တပ်ထောက်ခံသူဖြစ်နေ
တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးသည် ယမန်နေ့ညပိုင်း စစ်တပ်ပိုင် စရဖကားဖြင့် တိုက်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ပုလောမြို့နယ်၊ ဖိုးရှမ်းကမ်းခြေအနီးမှာ ဒီဇင်ဘာလ ၁၂ ရက်ည ၇ နာရီဝန်းကျင်အချိန် ကားဖြင့် တိုက်သတ်ခံရခြင်းဖြစ်ပြီး အရှိန်ပြင်းပြင်းဖြင့်တိုက်သတ်သွားသည့် ကားသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ကားဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်တပ်ပိုင် စရဖကားကို မောင်းသူမှာ ဦးသန်းရှိန်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ကြောင်း ၊အာဏာသိမ်းမှုဘက်မှ ရပ်တည်သူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
CDM ပြုလုပ်ထားသည့် လက်ထောက်မြို့နယ်ပညာရေးမှူး အသက် ၅၇ နှစ်အရွယ် ဦးသာဝင်းသည် ဖိုးရှမ်းကမ်းခြေဘက်မှ ပြန်လာချိန်မှာ ကားတိုက် အသတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဦးသာဝင်းကိုမတိုက်မိခင် လမ်းနံဘေးရပ်စကားပြောနေတဲ့ အမျိုးသမီးငယ် ၄ ဦးကို အရှိန်ပြင်းပြင်းဖြင့် အရင်တိုက်မိခဲ့ပြီး နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးကြောင်း၊ အခြားအမျိုးသမီးတစ်ဦးမှာမူ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ဦးသာဝင်းကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့ပြီး အလောင်းများ လက်ရှိအချိန်တွင် ပုလောမြို့နယ်ဆေးရုံတွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။
” ဦးသာဝင်းကို ကားနဲ့တိုက်တဲ့သူရဲ့ အဖွဲ့ထဲက တစ်ယောက်က ဖုန်းဆက်ပြီးခေါ်လိုက်တာ။ ကမ်းခြေမှာမွေးနေ့ရှိလို့ စားကြသောက်ကြဖို့ဆိုပြီး။ ဦးသာဝင်းက နေ့လယ် တစ်နာရီခွဲလောက်ကတည်းက ဆိုင်ကယ်တစ်စီးနဲ့ အိမ်ကထွက်သွားတယ်။
ကမ်းခြေရောက်ပြီးနည်းနည်းကြာတော့ အသိထဲက အမူးလွန်နေတဲ့သူတစ်ယောက်ကို ဆိုင်ကယ်နဲ့ပဲ ကမ်းခြေနဲ့ သုံးမိုင်လောက်ဝေးတဲ့ ရေချိုရွာကိုပြန်လိုက်ပို့တယ်။ ပြီးတာနဲ့ကမ်းခြေကိုပြန်လာတော့ ကမ်းခြေမှာ မွေးနေ့ပွဲပြီးပြီဆိုပြီး လူတွေပြန်နေကြတော့ သူလည်းပြန်လာလိုက်တာ။ အပြန်လမ်းမှာ အခုလိုဖြစ်တာပဲ” ဟု ဒေသခံတစ်ဦးကဆိုသည်။
ဦးသာဝင်းကို တိုက်ခဲ့သည့် စစ်တပ်ပိုင် စရဖ ကားကိုမောင်းသည့် ဦးသန်းရှိန်သည် ဖိုးရှမ်းကမ်းခြေတွင် မွေးနေ့ပွဲကို တက်ရောက်ခဲ့သဖြစ်ကြောင်း သိရှိရသည်။
ကားဖြင့် တိုက်ခံရသော အမျိုးသမီးငယ် ၄ ဦးမှာလည်း ကမ်းခြေမှ ပြန်လာသူများဖြစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်အရွယ် မဆောင်းမြတ်အောင်နှင့် မခြူးသီရိနိုင်တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“စရဖကားကိုမောင်းလာတဲ့ ဦးသန်းရှိန်ဆိုတဲ့လူက ဦးသာဝင်းနဲ့ သူငယ်ချင်းအရင်းကြီးတွေ။ အခုက ဘယ်လိုဖြစ်ကြတာလဲမသိဘူး။ တမင်တိုက်သတ်တဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု ဖိုးရှမ်းကမ်းခြေအနီးမှ ရှပ်ပုံရွာသားတစ်ဦးက ပြောသည်
ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးကို ရည်ရွယ်ချက်ရှိရှိကားဖြင့်တိုက်သတ်ခဲ့သည့်ဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ဆောင်ခဲ့သူများနှင့် ပါဝင်ဆက်စပ်သူများကို ပြင်းပြင်းထန်ထန်အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ဓာတ်ပုံ – ကားတိုက်ခံရပြီးသေဆုံးခဲ့သည့် CDM လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသာဝင်း၊ မဆောင်းမြတ်အောင်နှင့် မခြူးသီရိနိုင်။