ၾကားသိရသမွ်

ထောင်က လွတ်လာပေမယ့်လည်း လာမကြိုတဲ့အပြင် အိမ်လည်းပြန်မလာခိုင်းတဲ့ လူငယ်လေးတွေရဲ့ ဝမ်းနည်းစရာအဖြစ်

ထောင်က လွတ်လာပေမယ့်လည်း လာမကြိုတဲ့အပြင် အိမ်လည်းပြန်မလာခိုင်းတဲ့ လူငယ်လေးတွေရဲ့ ဝမ်းနည်းစရာအဖြစ်

မနေ့က ဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး သမားတွေ ပြန်လည်လွတ်မြောက်ခဲ့တာကြောင့် ပြည်သူအားလုံးက မိသားစုတွေနဲ့ ထပ်တူ ပျော်ရွှင်ခဲ့ကြရပါတယ် ။

လွှတ်ပေးမယ်ဆိုတဲ့ သတင်းရကတည်းက အင်းစိန်ထောင်အရှေ့မှာ အသီးသီးလာစောင့်ကြတဲ့ မိသားစုဝင်တွေက တစ်စတစ်စ များပြားခဲ့တာဖြစ်ပြီး ညနေစောင်းသည်အထိ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေကြတာပါ ။

ညပိုင်း ၆ နာရီလောက်မှ ဖမ်းဆီးထားသူတွေကို စတင်လွှတ်ခဲ့ပေးတာကိုလည်းတွေ့ရပါတယ် ။ ကားထဲမှာ ပါသွားတဲ့ သူတွေထဲမှာ ကိုယ့်သူငယ်ချင်း၊ မိသားစုဝင်တွေများပါမလားလို့ နာမည်တွေ အော်ခေါ်ခဲ့ကြတဲ့ မြင်ကွင်းတွေကလည်း တကယ်ကို မျက်ရည်ကျသည်အထိ ပီတိဖြစ်မိတာပါ ။

မိဘတွေဆိုရင်လည်း ကိုယ့်သားသမီးကိုတွေ့လို့ ပွေ့ဖက်ကြတာရှိသလို အဖွားတစ်ယောက်ဆို သူမြေးလေးကို လာစောင့်နေပေမယ့်လည်း လွတ်မြောက်တဲ့ အထဲမပါလာလို့ ညိုးနွမ်းနေတဲ့ သပြေပန်းလေးကိုင်ကာ ကားလေးဌားပြီး ပြန်သွားရရှာတာတွေလည်းရှိပါတယ် ။

တစ်ဖက်မှာ ဒီလို မိသားစုဝင်တွေ ရှိသလို တစ်ဖက်မှာလည်း လာမကြိုကြတဲ့ အပြင် ရှက်လို့ ကြောက်လို့ဆိုပြီး အိမ်တောင် ပြန်မလာခိုင်းတဲ့ မိသားစုတွေလည်း ရှိနေပါတယ် ။ မနေ့ကဆိုရင် အိမ်က ပြန်မလာခိုင်းလို့ စားဖို့နေဖို့ဒုက္ခရောက်နေတဲ့ လူငယ်လေးတွေရဲ့ ပို့စ်လေးတွေ လူမှုကွန်ရက် ထက်မှာ ပျံ့နှံ့ခဲ့ပါတယ်

Zawgyi

ေထာင္က လြတ္လာေပမယ့္လည္း လာမႀကိဳတဲ့အျပင္ အိမ္လည္းျပန္မလာခိုင္းတဲ့ လူငယ္ေလးေတြရဲ့ ဝမ္းနည္းစရာအျဖစ္

မေန႔က ဆိုရင္ေတာ့ ဖမ္းဆီးထိန္းသိမ္း ခံထားရတဲ့ နိုင္ငံေရး သမားေတြ ျပန္လည္လြတ္ေျမာက္ခဲ့တာေၾကာင့္ ျပည္သူအားလုံးက မိသားစုေတြနဲ႔ ထပ္တူ ေပ်ာ္ရႊင္ခဲ့ၾကရပါတယ္ ။

လႊတ္ေပးမယ္ဆိုတဲ့ သတင္းရကတည္းက အင္းစိန္ေထာင္အေရွ႕မွာ အသီးသီးလာေစာင့္ၾကတဲ့ မိသားစုဝင္ေတြက တစ္စတစ္စ မ်ားျပားခဲ့တာျဖစ္ၿပီး ညေနေစာင္းသည္အထိ ေမၽွာ္လင့္ခ်က္အျပည့္နဲ႔ ေစာင့္ေနၾကတာပါ ။

ညပိုင္း ၆ နာရီေလာက္မွ ဖမ္းဆီးထားသူေတြကို စတင္လႊတ္ခဲ့ေပးတာကိုလည္းေတြ႕ရပါတယ္ ။ ကားထဲမွာ ပါသြားတဲ့ သူေတြထဲမွာ ကိုယ့္သူငယ္ခ်င္း၊ မိသားစုဝင္ေတြမ်ားပါမလားလို႔ နာမည္ေတြ ေအာ္ေခၚခဲ့ၾကတဲ့ ျမင္ကြင္းေတြကလည္း တကယ္ကို မ်က္ရည္က်သည္အထိ ပီတိျဖစ္မိတာပါ ။

မိဘေတြဆိုရင္လည္း ကိုယ့္သားသမီးကိုေတြ႕လို႔ ေပြ႕ဖက္ၾကတာရွိသလို အဖြားတစ္ေယာက္ဆို သူေျမးေလးကို လာေစာင့္ေနေပမယ့္လည္း လြတ္ေျမာက္တဲ့ အထဲမပါလာလို႔ ညိဳးႏြမ္းေနတဲ့ သေျပပန္းေလးကိုင္ကာ ကားေလးဌားၿပီး ျပန္သြားရရွာတာေတြလည္းရွိပါတယ္ ။

တစ္ဖက္မွာ ဒီလို မိသားစုဝင္ေတြ ရွိသလို တစ္ဖက္မွာလည္း လာမႀကိဳၾကတဲ့ အျပင္ ရွက္လို႔ ေၾကာက္လို႔ဆိုၿပီး အိမ္ေတာင္ ျပန္မလာခိုင္းတဲ့ မိသားစုေတြလည္း ရွိေနပါတယ္ ။ မေန႔ကဆိုရင္ အိမ္က ျပန္မလာခိုင္းလို႔ စားဖို႔ေနဖို႔ဒုကၡေရာက္ေနတဲ့ လူငယ္ေလးေတြရဲ့ ပို႔စ္ေလးေတြ လူမႈကြန္ရက္ ထက္မွာ ပ်ံ႕ႏွံ့ခဲ့ပါတယ္