ၾကားသိရသမွ်

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ပုံပြောင်းကိုဗစ် အကြောင်း

အိမ်နီးချင်း ပုံပြောင်းကိုဗစ် အကြောင်း

ပြည်သူ့ကျန်းမာရေးဘာသာရပ်မှာ ကူးစက်ရောဂါတစ်ခုဖြစ်ဖို့ အခြေအနေ (၃) ရပ် လိုအပ်တယ်လို့ ဆိုပါတယ်။ ပထမတစ်ခုက ရောဂါပိုး 🦠 (Agent)ပါ။ ရောဂါပိုးရှိမှ (တနည်း) ရောဂါပိုးကူးမှ ရောဂါဖြစ်လို့ရပါတယ်။ ရောဂါပိုး ကူးစက်အောင် ပတ်ဝန်းကျင် (Environment ) အကြောင်းအရာတွေက ဖန်တီးကူညီပေးတတ်ပြီး လက်ခံသူ (Host) ဆီသို့ ရောဂါပိုးရောက်ရှိခြင်းမှ ရောဂါကူးစက်ပျံ့နှံ့လာကြရပါတယ်။

Agent (ရောဂါပိုး)

ကျနော်တို့ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ် ရောဂါပိုး 🦠 ဟာ Double mutant (ဗီဇ နှစ်ဆင့် ပုံပြောင်း) တဲ့ ရောဂါပိုး B1617 လို့ သိရပါတယ်။ ပုံပြောင်းတယ်ဆိုတာကတော့.. ယခင်ရှိပြီးသား ရောဂါပိုးဟာ ဆဲလ်ကွဲတဲ့အချိန်မှာ ပုံစံအကုန်ယူမသွားနိုင်ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဗိုင်းရပ်စ်ကတော့ ယခင်ဗိုင်းရပ်စ်ပဲဖြစ်ပြီး ပုံသဏ္ဌာန်သာ ကွဲပြားနေတာဖြစ်ပါတယ်။ ရောဂါလက္ခဏာ နဲ့ ကူးစက်ပုံဟာ အတူတူဖြစ်ပြီး ယခင်ကထက် ကူးစက်နှုန်း ပိုမြင့်တယ်လို့လည်း သိရပါတယ်။

Environment (ပတ်ဝန်းကျင်)

ကိုဗစ် ရောဂါပိုးဟာ ထိတွေ့ခြင်းမှ အများဆုံး ကူးစက်ပါတယ်။ လေမှတဆင့်လည်း ကူးစက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုဗစ်
ရောဂါ ကာကွယ်ခြင်းနည်းလမ်းများဖြစ်တဲ့ လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း အစရှိတဲ့ ကာကွယ်ခြင်းနည်းလမ်းများကို ကျနော်တို့ အသုံးပြုကြရပါတယ်။

ပတ်ဝန်းကျင် မှာ (၂) မျိုးထပ်ခွဲလို့ရပါတယ်။ အပြင် (ပြင်ပ) ပတ်ဝန်းကျင် နဲ့ အတွင်း (ကိုယ်တွင်း) ပတ်ဝန်းကျင်ပါ။ မိမိခန္ဓာကိုယ်အတွင်းကိုလည်း ရောဂါပိုး 🦠 မဝင်နိုင်အောင် ကာကွယ်ထားနိုင်ရပါမယ်။ အားရှိအောင်နေထိုင်ရပါမယ်။ ကာကွယ်ဆေးလည်း ထိုးသင့်ပါတယ်။ ကိုဗစ်ဟာ ပုံပြောင်းတတ်လာတဲ့ ဗိုင်းရပ်စ် ဖြစ်လာတဲ့အတွက် ကူးစက်မှုများလေ ပုံပြောင်းမှုများလေ ဖြစ်လာတတ်ပါတယ်။

လက်ခံသူ (Host)

ကိုဗစ်ဗိုင်းရပ်စ်ပိုး ဟာ လက်ခံသူ (လူ) ဆီရောက်တဲ့အခါ ပွားများလာပြီး ရောဂါလက္ခဏာတွေ စပြလာပါတယ်။ အသက်ရှူလမ်းကြောင်းကို အဓိကဒုက္ခပေးပြီး နှာခေါင်းနဲ့ ဆက်စပ်နေတဲ့ အနံ့ခံအာရုံကြော (Olfactory nerve) ကို သွားတိုက်ခိုက်ပါတယ်။ အနံ့ပျောက်သွားပါတယ်။ နောက်ပြီး အဆုတ်မှာရှိတဲ့ လေပြွန်တွေကို တိုက်ခိုက်ကြတဲ့အခါ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူကျပ်ခြင်း အစရှိတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာပါတော့တယ်။

ရောဂါလက်ခံသူရဲ့ ကိုယ်ခံအား၊ အသက်အရွယ် အပိုင်းအခြားပေါ်မူတည်ပြီး ရောဂါပြင်းထန်မှု ကွာခြားကြပါတယ်။ ဗိုင်းရပ်စ်ရောဂါတွေဟာ ဘက်တီးရီးယားတွေလို ပိုးသတ်ဆေးနဲ့ နှိမ်နင်းလို့မရတဲ့အတွက် ရောဂါလက္ခဏာအပေါ်မူတည်ပြီး ကုသမှုပေးရပါတယ်။ ဗိုင်းရပ်စ်ဝင်ချိန်မှ ထွက်သွားတဲ့အချိန်အကြားမှာ ရောဂါဖြစ်ပါတယ်။ ဒါကို အတတ်နိုင်ဆုံးရှာဖွေဖော်ထုတ်ပြီး အများသို့ မကူးစက်အောင် ကာကွယ်ထိန်းသိမ်းနိုင်ပါမှ ရောဂါကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်ဟာ Pendemic လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပါတယ်။ ကြိုတင်ကာကွယ်နိုင်မှသာ ကျန်းမာတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။

အနာဂတ်ပညာရေးအတွက်..သန့်ဦး (အာကာသနှင့် စကြဝဠာ)

————————-

အိမ္နီးခ်င္း ပုံေျပာင္းကိုဗစ္ အေၾကာင္း

ျပည္သူ႔က်န္းမာေရးဘာသာရပ္မွာ ကူးစက္ေရာဂါတစ္ခုျဖစ္ဖို႔ အေျခအေန (၃) ရပ္ လိုအပ္တယ္လို႔ ဆိုပါတယ္။ ပထမတစ္ခုက ေရာဂါပိုး 🦠 (Agent)ပါ။ ေရာဂါပိုးရွိမွ (တနည္း) ေရာဂါပိုးကူးမွ ေရာဂါျဖစ္လို႔ရပါတယ္။ ေရာဂါပိုး ကူးစက္ေအာင္ ပတ္ဝန္းက်င္ (Environment ) အေၾကာင္းအရာေတြက ဖန္တီးကူညီေပးတတ္ၿပီး လက္ခံသူ (Host) ဆီသို႔ ေရာဂါပိုးေရာက္ရွိျခင္းမွ ေရာဂါကူးစက္ပ်ံ႕ႏွံ႔လာၾကရပါတယ္။ (ပုံ)

Agent (ေရာဂါပိုး)

က်ေနာ္တို႔ရဲ႕ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ကိုဗစ္ ေရာဂါပိုး 🦠 ဟာ Double mutant (ဗီဇ ႏွစ္ဆင့္ ပုံေျပာင္း) တဲ့ ေရာဂါပိုး B1617 လို႔ သိရပါတယ္။ ပုံေျပာင္းတယ္ဆိုတာကေတာ့.. ယခင္ရွိၿပီးသား ေရာဂါပိုးဟာ ဆဲလ္ကြဲတဲ့အခ်ိန္မွာ ပုံစံအကုန္ယူမသြားႏိုင္ျခင္း ျဖစ္ပါတယ္။ ဆိုလိုတာကေတာ့ ဗိုင္းရပ္စ္ကေတာ့ ယခင္ဗိုင္းရပ္စ္ပဲျဖစ္ၿပီး ပုံသဏၭာန္သာ ကြဲျပားေနတာျဖစ္ပါတယ္။ ေရာဂါလကၡဏာ နဲ႔ ကူးစက္ပုံဟာ အတူတူျဖစ္ၿပီး ယခင္ကထက္ ကူးစက္ႏႈန္း ပိုျမင့္တယ္လို႔လည္း သိရပါတယ္။

Environment (ပတ္ဝန္းက်င္)

ကိုဗစ္ ေရာဂါပိုးဟာ ထိေတြ႕ျခင္းမွ အမ်ားဆုံး ကူးစက္ပါတယ္။ ေလမွတဆင့္လည္း ကူးစက္ႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ ကိုဗစ္
ေရာဂါ ကာကြယ္ျခင္းနည္းလမ္းမ်ားျဖစ္တဲ့ လက္ေဆးျခင္း၊ Mask တပ္ျခင္း၊ တစ္ဦးႏွင့္ တစ္ဦး ခပ္ခြာခြာေနျခင္း အစရွိတဲ့ ကာကြယ္ျခင္းနည္းလမ္းမ်ားကို က်ေနာ္တို႔ အသုံးျပဳၾကရပါတယ္။

ပတ္ဝန္းက်င္ မွာ (၂) မ်ိဳးထပ္ခြဲလို႔ရပါတယ္။ အျပင္ (ျပင္ပ) ပတ္ဝန္းက်င္ နဲ႔ အတြင္း (ကိုယ္တြင္း) ပတ္ဝန္းက်င္ပါ။ မိမိခႏၶာကိုယ္အတြင္းကိုလည္း ေရာဂါပိုး 🦠 မဝင္ႏိုင္ေအာင္ ကာကြယ္ထားႏိုင္ရပါမယ္။ အားရွိေအာင္ေနထိုင္ရပါမယ္။ ကာကြယ္ေဆးလည္း ထိုးသင့္ပါတယ္။ ကိုဗစ္ဟာ ပုံေျပာင္းတတ္လာတဲ့ ဗိုင္းရပ္စ္ ျဖစ္လာတဲ့အတြက္ ကူးစက္မႈမ်ားေလ ပုံေျပာင္းမႈမ်ားေလ ျဖစ္လာတတ္ပါတယ္။

လက္ခံသူ (Host)

ကိုဗစ္ဗိုင္းရပ္စ္ပိုး ဟာ လက္ခံသူ (လူ) ဆီေရာက္တဲ့အခါ ပြားမ်ားလာၿပီး ေရာဂါလကၡဏာေတြ စျပလာပါတယ္။ အသက္ရႉလမ္းေၾကာင္းကို အဓိကဒုကၡေပးၿပီး ႏွာေခါင္းနဲ႔ ဆက္စပ္ေနတဲ့ အနံ႔ခံအာ႐ုံေၾကာ (Olfactory nerve) ကို သြားတိုက္ခိုက္ပါတယ္။ အနံ႔ေပ်ာက္သြားပါတယ္။ ေနာက္ၿပီး အဆုတ္မွာရွိတဲ့ ေလႁပြန္ေတြကို တိုက္ခိုက္ၾကတဲ့အခါ ေခ်ာင္းဆိုးျခင္း၊ အသက္ရႉမဝျခင္း၊ အသက္ရႉက်ပ္ျခင္း အစရွိတဲ့ ေရာဂါလကၡဏာေတြ ျဖစ္လာပါေတာ့တယ္။

ေရာဂါလက္ခံသူရဲ႕ ကိုယ္ခံအား၊ အသက္အ႐ြယ္ အပိုင္းအျခားေပၚမူတည္ၿပီး ေရာဂါျပင္းထန္မႈ ကြာျခားၾကပါတယ္။ ဗိုင္းရပ္စ္ေရာဂါေတြဟာ ဘက္တီးရီးယားေတြလို ပိုးသတ္ေဆးနဲ႔ ႏွိမ္နင္းလို႔မရတဲ့အတြက္ ေရာဂါလကၡဏာအေပၚမူတည္ၿပီး ကုသမႈေပးရပါတယ္။ ဗိုင္းရပ္စ္ဝင္ခ်ိန္မွ ထြက္သြားတဲ့အခ်ိန္အၾကားမွာ ေရာဂါျဖစ္ပါတယ္။ ဒါကို အတတ္ႏိုင္ဆုံးရွာေဖြေဖာ္ထုတ္ၿပီး အမ်ားသို႔ မကူးစက္ေအာင္ ကာကြယ္ထိန္းသိမ္းႏိုင္ပါမွ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္။

ကိုဗစ္ဟာ Pendemic လို႔ေခၚတဲ့ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါျဖစ္ပါတယ္။ ႀကိဳတင္ကာကြယ္ႏိုင္မွသာ က်န္းမာတဲ့ ဘဝေတြကို ပိုင္ဆိုင္ႏိုင္ၾကမွာပါ။

အနာဂတ္ပညာေရးအတြက္..သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ)