ၾကားသိရသမွ်






Rain (For Ialinks)

Unicode

သဝန်တိုလွန်းသော ဇနီးဖြစ်သူကို စိတ်ချရအောင်ဆိုပြီး သူတို့နှစ်ဦးရဲ့လက်ထပ်စာချုပ်အား ညာဖက်လက်ပေါ်တွင် သေရာပါတက်တူးအဖြစ်ထိုးခဲ့သော ချစ်တတ်လွန်းသူ ခင်ပွန်းတစ်ဦး

အမျိုးသားအများစုမှာ တက်တူးထိုးရခြင်းကို နှစ်သက်ကြပြီး အချို့ကျ ကိုယ်ကြိုက်နှစ်သက်ရာ ရုပ်ပုံများစွာကို ထိုးတတ်ကြပြီး အချို့ကျတော့ ချစ်သူမိန်းကလေးတို့ရဲ့ ရုပ်ပုံသို့မဟုတ် အမှတ်တရ ရက်စွဲလေးတွေကို ထိုးတတ်ကြသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်၃၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် သဝန်တိုလွန်းပြီး သိပ်ချစ်ရသော မိန်းကလေးရှိခဲ့ရာ ချစ်သူသက်တမ်း ၃နှစ်အကြာတွင် လက်ထပ်လိုက်ကြသည်။

သို့သော်လည်း ဇနီးဖြစ်သူသည် အလုပ်သွားသည့်ခါဖြစ်ဖြစ် သူမ မပါပဲအပြင်ထွက်တာဖြစ်ဖြစ် သဝန်တိုစိတ်မချတွေဖြစ်လွန်း၍ အမျိုးသားသည် အနီးနားရှိတက်တူးဆိုင်သို့ သွားရောက်ကာ သူတို့နှစ်ဦးရဲ့ လက်ထပ်စာချုပ်ကို ညာဖက်လက်ပေါ်တွင် တက်တူးအဖြစ် ထိုးပစ်ခဲ့သည်။

အမျိုးသားသည် သူ့ဘဝတစ်လျှောက်လုံးကို ဇနီးဖြစ်သူတစ်ဦးတည်းသာ ချစ်ကြောင်းနှင့် သစ္စာရှိမှုတို့အတွက် ယုံကြည်စိတ်ချနိုင်ကြောင်းကို သက်သေပြသည့်အနေနှင့် လက်ထပ်စာချုပ်အား တက်တူးထိုးခဲ့ခြင်းဖြင့် ဇနီးဖြစ်သူမှလည်း သဘောကျနေခဲ့ပြီး အများက ချစ်တတ်ကြင်နာလွန်းသော ခင်ပွန်းအဖြစ် ချီးမွမ်းနေကြသည်။

Rain (For Ialinks)