ချစ်သူဆီကမက်ဆေ့ချ်ပြန်မလာတဲ့အခါ ကောင်မလေးတွေတွေးလေ့ရှိတဲ့အတွေး(၃၀)
မိန်းကလေးတွေရဲ့ အတွေးဟာ ဆန်းကျယ်ပါတယ်။ ယောင်္ကျားလေးတွေနဲ့လည်း တွေးပုံတွေးနည်းခြင်း အရမ်းကွာခြားပါတယ်။ ဒါ့ကြောင့်လည်း ယောင်္ကျားလေးတွေက မိန်းမတွေဟာ နားလည်ရခက်တယ်ဆိုပြီး ပြောလေ့ရှိတာဖြစ်ပါတယ်။ မိန်းကလေးတွေဟာ အတွေးထဲမှာတင် စစ်ပွဲတစ်ရာလောက် တစ်ခါတစ်လေ တိုက်နေတတ်ပါတယ်။ အပြင်ဘက်မှာတော့ တစ်ခါတစ်လေ အပြုံးတောင် မပျက်လောက်အောင်ဟန်ဆောင်ကောင်းတတ်ကြပါတယ်။ တစ်ခါတစ်လေ လိုချင်တာကို ဆန့်ကျင်ဘက်ပြောတတ်ပြီး တစ်ခါတစ်လေကျတော့လည်း ဒဲ့တိုးပြောတတ်ပြန်ပါတယ်။ အင်း စဉ်းစားရတော့ ခက်သားနော်။ ခန့်မှန်းရလွယ်ရင်လည်း Relationship ဆိုတာပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ အောက်မှာတော့ မိန်းကလေးတွေ သူတို့ ချစ်သူဆီက Message ပြန်မလာရင်တွေးတတ်တဲ့ အတွေး(၃၀)ကို ဖော်ပြလိုက်ပါတယ်။
(1) ဘာလို့ ဒီလောက်ကြာတာတောင် စာမပြန်တာပါလိမ့်။
(2) ဟော ဆယ့်နှစ်မိနစ်တောင် ရှိပြီ ဒါ ဖြစ်သင့်လို့လား၊
(3) ငါ့ဖုန်းနာရီကများ မမှန်လို့လား၊
(4) သူ့ ငါ့မက်ဆေ့ချ်ကို မဖတ်မိသေးတာများ ဖြစ်နေမလား၊ အင်း ဟုတ်လောက်ပါတယ်၊
(5) ဒါလည်း မဖြစ်နိုင်ဘူး လူတိုင်း ကိုယ့်ဖုန်းကို မကြာမကြာ ကြည့်တတ်ကြတာပဲ၊ ဟွန်း
(6) ကြည့်ရတာ သူ ဖုန်းကျပျောက်နေခဲ့တာများလား၊
(7) အင်း ဒါမှမဟုတ် သူ့ ကားထဲမှာ မေ့ကျန်ခဲ့တာလား အဲဒီလိုမဟုတ်ဖူးဆိုရင် မက်ဆေ့ Ring ကိုပိတ်ထားတာများလား၊
(8) ဟာ သေများ သေနေပလား မသိဘူး၊ ဒီလိုဆို ငယ်ငယ်လေးနဲ့ သနားစရာပဲ (မျက်နှာကို ရွဲ့လျှက်)
(9) ဟုတ်ပြီ တစ်မိနစ်ပဲ ထပ်စောင့်မယ် စာမပြန်လို့ကတော့ ပြတ်ပြီ၊
(10) အို ဘုရားရေ သူ အခုလေးတင်ပဲ FB မှာ ကွန်မန့်တစ်ခု ရေးသွားတယ်၊ ဟာ ပေါက်ပြီ၊
(11) ဟုတ်ပြီ နောက်ထပ် တစ်မိနစ်ပဲ ထပ်စောင့်မယ်၊ ဒီတစ်ခါ တစ်ကယ် အပြတ်၊
(12) အား ငါးမိနစ်တောင် ကျော်သွားပြီ ဘာတွေ အလေလိုက်နေတာလဲ၊ (ခြေထောက်ကိုနှစ်ခါလောက် ဆောင့်လျှက်)
(13) ဘုရားရှင်ဆီကို ကျိန်ဆိုပါ့မယ်၊ တစ်ဆယ်အထိ ရေလို့မှ သူ စာမပြန်ရင် ဒီတစ်ခါ အပြတ်ဆိုပြီး
(14) တစ် … နှစ် … သုံး … တစ်ဆယ်
(15) အင်း ဟုတ်သားပဲ ငါရေတာ တော်တော်တော် မြန်သွားတယ် ထင်တယ်၊ နေပါဦးလေ မက်ဆေ့ချ်လေးတစ်စောင်တော့ ထပ်ပို့ဦးမှပါ၊
(16) ဟာ ဘယ်လိုလည်း နောက်စာတစ်စောင်ပို့ထားတာတောင် နေနိုင်တယ်လား၊ ကြည့်ရတာ ငါ့ကို ကလိနေတာ ထင်တယ်၊
(17) သူ ငါ့ကို တကယ် လေးလေးနက်နက် ချစ်တာကော ဟုတ်ရဲ့လား၊
(18) အင်း သူ့ပုံစံက လေးလေးနက်နက်ပုံစံပါ၊
(19) သွောျ ငါ့ကို စိတျကုနျသှားတယျထငျပါ့၊ ငါ ဝိတျကသြှားအောငျ gym သှားကစားရဦးမယျ၊
(20) ငါ သိပ်ဝမ်းနည်းတာပဲ၊ (မျက်ရည်လေး ကလည်ကလည်ပုံစံဖြင့်)
(21) ငါ့ကို အခုတော့ ချစ်မယ့်သူ မရှိတော့ဘူးပေါ့၊
(22) ငါက တစ်ခါတလေ ရူးကြောင်ကြောင် နိုင်တာကလွဲရင် နင့်ကို ဘာတွေများ နှိပ်စက်ခဲ့လို့လဲ၊
(23) ဟာ မိနစ်(30)ရှိပြီ ဒါ ဖြစ်သင့်လို့လား၊
(24) အင်း ဒီတစ်ခါတော့ တကယ်ပြတ်ပြီထင်တယ် … အေးလေ လွတ်လပ်သွားတာပေါ့ဟာ
(25) သေလိုက် အဲဒီမှာပဲ လဲသေလိုက်တော့ (အသံက မဆိုစလောက်ကျယ်သွားတော့ အနီးအနားက လူတွေက အူကြောင်ကြောင်ဝိုင်းကြည့်တယ် ဒါလည်း မရှက်နိုင်အား)
(26) မသာကြီး သေနာကြီး နင်နဲ့ငါ အဟုတ် ပြတ်ပြီ၊ (ဒီတစ်ခါတော့ အသံကို အုပ်ပြီး ပြောတာ)
(27) ဟော (35)မိနစ်တောင် ကျော်သွားပြီ ကိစ္စတုံးပြီပေါ့ဟာ၊
(28) အင်း ဘာ ပြဿနာပေါ်နေမှန်းမှ မသိတာ၊ ထိုစဉ် ကောင်လေးထံမှ ဖုန်းမက်ဆေ့တစ်စောင်ဝင်လာသည်။
(29) ဆောရီး ချစ်ရေ မြန်မာ fonts ပျောက်နေလို့ ဒီမှာ သူငယ်ချင်းဆီက Zapya နဲ့ ပြန်ကူးနေတာ အဲဒါနဲ့ ချစ်တယ် အာဘွား၊
(30) ဟုဟု ကိုကြီး … အဇမ်းချစ်ရယ် … အာဘွား အာဘွား (သူမ ပျော်သွားပြန်လေသည်။)