ဟနွိုင်းမြို့မှာ မွေးဖွားတဲ့ အသက် 30 အရွယ် Nguyen Van Hung နဲ့ Le Thi Diem My တို့ဟာ သေးငယ်တဲ့ပုံစံရှိပေမဲ့ သူတို့စုံတွဲက လူတွေကို အကောင်းမြင်တဲ့စိတ်ဓာတ်နဲ့ ချိုမြိန်တဲ့အချစ်ကို ပြသထားဆဲဖြစ်ပြီး အင်တာနက်အသုံးပြုသူတွေရဲ့ အားကျခြင်းကိုခံရပါတယ် ။ သူတို့နှစ်ယောက်ဟာ ကြီးထွားဟော်မုန်းနည်းပါးတာကြောင့် pituitary dwarfism ဖြစ်နေတယ်လို့ ဆရာဝန်က ပြောပါတယ် ။ ဟနွိုင်း၊ ဟွမ်မိုင်ရှိ Will to Live Center မှာ Mr.Hung က ကွန်ပျူတာဆရာဖြစ်လာပြီး သူက တူညီတဲ့အခြေအနေရှိသူများစွာနဲ့ ထိတွေ့မိတဲ့အခါမှာ သူဟာ လူများစွာတို့ထက် ကံကောင်းနေတာကို နားလည်ခဲ့ပြီး လုံ့လဝီရိယရှိရှိ နေထိုင်လုပ်ကိုင်ရန် သူ့ကို ကူညီပေးတဲ့ တွန်းအားဖြစ်လာခဲ့ပါတယ် ။

.

နောက် သူတို့နှစ်ယောက် စတွေ့ချိန်မှာ Le Thi Diem My က ထက်မြက်တဲ့ ဆရာမလေးတစ်ယောက်ဖြစ်ပါတယ် ။ အဲဒီနောက် သူမက Mr.Hung ကို တက်ကြွစွာ ဆက်သွယ်ပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပေမယ့် Mr.Hung က ငြင်းခဲ့ပါတယ် ။

.

မိန်းကလေးကတော့ အိမ်နဲ့ဝေးရာ တိုင်းတစ်ပါးမှာ တစ်ယောက်တည်းနေထိုင်ပြီး အိပ်မက်ထဲကလူရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတဲ့ ညီမလေးဟာ အရမ်းနာကျင်ခဲ့ရပါတယ် ။
တစ်ခါက အရက်မူးပြီး Mr.Hung ရဲ့ နာမည်ကို အော်ငိုခဲ့တဲ့အခါ တခြားသူငယ်ချင်းတွေက သူမကို လာလည်ပြီး အားပေးခိုင်းဖို့ Mr.Hung ကို ပြောပြီးနောက် သူတို့ နှစ်ယောက်ကို ပိုရင်းနှီးစေခဲ့ပါတယ် ။
တစ်နေ့ထက်တစ်နေ့ သူတို့ရဲ့ခံစားချက်တွေ တိုးလာပြီး Hung ကလည်း သူ့နှလုံးသားတွေက သူမကိုချစ်နေမှန်း သိလိုက်ရပါတယ် ။

.

လတ်တလောမှာတော့ သူငယ်ချင်းအနည်းငယ်နဲ့ အတူနေထိုင်ဖို့ အိမ်ကို ငှားထားပြီး လာမယ့်နိုဝင်ဘာလမှာ မင်္ဂလာပွဲလေးအတွက် ပြင်ဆင်ဖို့ စီစဉ်ထားပါတယ် ။
နောက်ဆုံးမှာတော့ သူတို့က လူတိုင်းကို သူတို့ရဲ့ နှလုံးသားထဲက ရိုးသားတဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြခဲ့ပါတယ် ။ အမှန်တကယ်တော့ အသေးလေးဆရာမနဲ့ ကွန်ပျူတာဆရာတို့ရဲ့ ချိုမြိန်တဲ့ အချစ်က လူတော်တော်များများကို စွဲလန်းစေခဲ့ပါတယ် ။
JRose (KB Chimmy One)
Reference : yan



