Rain (Love Feeling)
Unicode
အဆော့မက်လွန်းပြီး ဓာတ်တိုင်ထိပ်ထိရောက်သွားကာ ပြန်မဆင်းတတ်တော့၍ ဒုက္ခရောက်နေခဲ့သော ခွေးလေးဧ။်အဖြစ်
ခွေးလေးများသည် လူသားတို့အတွက် အပျင်းပြေဖြစ်စေသော်လည်း တစ်ခါတစ်လေ ဆော့လွန်းသည့်ခွေးလေးနှင့် တွေ့သည့်အခါ သခင်ဖြစ်သူတွေအား ခေါင်းကိုက်စေခဲ့သည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံမှ မိသားစုတစ်စုသည် တိရစ္ဆာန်ချစ်တတ်သူဖြစ်ပြီး ခွေးလေးတစ်ကောင်အား အဖော်လေးအဖြစ် မွေးစားထားခဲ့ရာ အဆော့မက်လွန်းပြီး ပြောစကားလည်းနားမထောင်တာကြောင့် အတော်လေး လက်လန်နေခဲ့ကြသည်၊
သို့သော်လည်း သူတို့မိသားစုမှ ခွေးလေးအား အရမ်းချစ်ကာ အလိုအရမ်းလိုက်လွန်း၍ တစ်နေ့တွင် သခင်ဖြစ်သူအလစ်၌ အိမ်အပြင်ထွက်ပြီး ကစားခဲ့ရာ လမ်းဘေးဓာတ်တိုင်ရဲ့ ထိပ်ထိကို ဘယ်လိုရောက်သွားမှန်းမသိပဲ ရောက်နေခဲ့သည်။
ထိုစဥ် သခင်ဖြစ်သူမိသားစုမှ ခွေးလေးအားမတွေ့တော့၍ လိုက်ရှာခဲ့ရာ ဓာတ်တိုင်ပေါ်ကနေ ပြန်မဆင်းတတ်တော့သည့်အတွက် အချက်ပြအသံပေးနေ၍ အလွန်အမင်း အံ့အားသင့်ခဲ့ရပြီး ဒေသရှိ မီးသတ်တပ်ဖွဲ့အား ခွေးလေးကို ကယ်တင်ပေးရန် အကူအညီတောင်းခဲ့ရသည်။
Rain (Love Feeling)