ၾကားသိရသမွ်

“ကမ္ဘာပျက်တဲ့နေ့ တစ်နေ့ပါပဲ. . .နှစ်ပေါင်း သုံးဆယ်ကျော်စုဆောင်းပြီး အသက်(၆၀) ရောက်မှ ပိုင်ဆိုင်ခဲ့တဲ့ အိမ်လေး (၂) ရက် နဲ့ အပြီး ဖျက်ရတော့မယ်. . .”

ကမ္ဘာပျက်တဲ့နေ့ တစ်နေ့ပါပဲ။ ဝင်းခြံလေးကို သိန်းနှစ်ရာနဲ့ဝယ်။ အိမ်လေးကို သိန်းသုံးရာနဲ့ ဆောက်၊ လူနေတာရှစ်လပဲ ရှိပါသေးတယ်။ မီးရထားနယ်မြေဖြစ်လို့ ဖျက်ရမယ်တဲ့ တစ်ရပ်ကွက်လုံး ဖျက်ရမယ့်အိမ်က ၃၀၀ ကျော်၊ အစကတည်းက တားမြစ်ခဲ့ရင် ဝိုင်းဖိုးပဲ အဆုံးရှုံးခံရမှာ။

နှစ်ပေါင်းသုံးဆယ်ကျော်စုဆောင်းပြီး အသက်ခြောက်ဆယ်မှာ သင့်တင့်စွာနေမယ်လို့ စိတ်ကူးသမျှတွေ ပျက်ပြယ်ခဲ့ပါပြီ။ အတိတ်ကံမကောင်းသူမှန်သမျှ ဒီမှာပဲလူဖြစ်ခဲ့လေရော့သလား မပြောတတ်ပါ။

ဘယ်လိုပြစ်မှုမျိုးမှ မကျူးလွန်ခဲ့ဘူးပါလျက် တွေ့ကြုံရတဲ့အဖြစ်က ဆိုးလှပါတယ်..ဘယ်သူ့ကိုမှ ဆဲရေး တိုင်းထွာခြင်း မပြုပါ။

နောင်ဘဝတွင် အတိတ်ကံကောင်းသူများ စုဝေးရာ နိုင်ငံတွင်သာ လူဖြစ်ပါရစေ။ မြန်မာပြည်တွင် လူပြန်၍မဖြစ်လိုတော့ပါ.. အားလုံးဘေးအန္တရာယ်ကင်းဝေးကြပါစေ.. (ကိုဌေး ဂျိုရွာ)

မီးရထားနယ်မြေဖြစ်လို့ ဖျက်သိမ်းရမယ့် သတင်းအပြည့်အစုံ..

မန္တလေးတိုင်း၊ မြစ်ငယ်မြို့တွင် မတ်လ ၅ ရက်နေ့ နံနက် ၈ နာရီမှ စကာ မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ကာ မြို့ပေါ်ရှိ လူများ၏ နေအိမ်များ၊ ဈေးဆိုင်ခန်းများကို ကျူးကျော်ဟု သတ်မှတ်ပြီး ၂ ရက်အတွင်း အပြီးဖျက်သိမ်းရွှေ့ဆိုင်းခိုင်း​နေတယ်လို့ သိရပါတယ်။

“မြစ်ငယ်မြို့က ဝန်ထမ်းရပ်ကွက် ၁၃ ရပ်ကွက်နဲ့ တည်ရှိနေတဲ့ မြို့လေး။ မီးရထားနယ်မြေဆိုတော့ ဂရန်တော့ မရှိဘူး ။ ဒါပေမဲ့ မီးရထားစက်ရုံ GPC ကို ဆိုင်ခွန် အိမ်ခွန်ဆောင်ပြီးနေလာတာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ။ အခု မတ်လ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ပေါင်း သူတို့ လိုင်းခန်းတွေ သော့ပိတ်တာ ၄၁၄ ခန်း၊ ကျူးလို့ သတ်မှတ်ပြီး ဖျက်ခိုင်းတဲ့ အိမ်နဲ့ ဆိုင်ခန်းက ၅၅၃ ခန်း ရှိပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ထောင်စုပေါင်း ခန့်မှန်းခြေ ၂၀၀၀ ကျော်ခန့်၊ ပြည်သူပေါင်း ပျှမ်းမျှ ၈၀,၀၀၀ ကျော်ကို အပြီး ရွှေ့ဆိုင်းရန် ပြောဆိုထားပြီး ၃ ရက်သာ အချိန်ပေးကြောင်း၊ ရပ်ကွက်လမ်းများကို စစ်သားနှင့် ရဲ အင်အား ၄၀၀ ဝန်းကျင်ဖြင့် ပိတ်ဆို့ထားပြီး ပစ္စည်း သယ်သူများကိုသာ ဝင်ခိုင်းတော့ကြောင်း ဒေသခံများက ပြောပါတယ်။

စကစ က နေအိမ် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းခိုင်းသည်မှာ ၇ ရပ်ကွက်အထိ ဖြစ်ပြီး ကျန်သည့် ၆ ရပ်ကွက်ကိုလည်း နောက်ရက်များတွင် ဆက်ဝင်မည်ဟု ကြားသိရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

Credit