ၾကားသိရသမွ်

ဖခင်ရော၊ ခင်ပွန်းသည်ကိုပါ ဆုံးရှုံးလိုက်ရပြီးနောက် တရားစခန်းဝင်ပြီး အေးချမ်းမှုကိုရှာဖွေနေတဲ့ ငွေတီဦး

သရုပ်ဆောင် ပြေတီဦးရဲ့ ညီမဖြစ်သူ ငွေတီဦးကတော့ ဖခင်ဖြစ်သူကိုဆုံးရှုံးပြီး သုံးလကျော်အကြာမှာပဲ ခင်ပွန်းဖြစ်သူကိုပါ ထပ်မံဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ ငွေတီဦးရဲ့ခင်ပွန်း ဒေါက်တာဉာဏ်လင်းဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၀) ရက်နေ့မှာပဲ ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ဘဝထဲက အရေးအကြီးဆုံးလူနှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးရှုံးခဲ့ရတဲ့ ငွေတီဦးဟာ တော်တော်လေးကို စိတ်ထိခိုက်ဝမ်းနည်းနေခဲ့ရတာပဲဖြစ်ပါတယ်။

စိတ်ရောလူပါပင်ပန်းနွမ်းနယ်နေပြီဖြစ်တဲ့ ငွေတီဦးဟာ လက်ရှိမှာတော့ တရားစခန်းဝင်နေလျက်ရှိတယ်လို့ သိရပါတယ်။ ငွေတီဦးက “☘️ကြေးပန်းအိုးတွေတိုက်ချွတ်ဆေးကြောပြီး ပန်းတွေထိုး တံမြက်စည်းလှည်း စတဲ့ ဝေယျာဝစ္စကုသိုလ်ပါရမီဖြည့်ဖို့ တောစခန်းက ဘုရားလေးဆီရောက်ခဲ့တယ်..ပတ်ဝန်းကျင်တခုလုံး အေးချမ်းတိတ်ဆိတ်နေတာပါပဲ..” ဆိုပြီး အေးချမ်းမှုကို ရှာဖွေခဲ့တဲ့အကြောင်းတွေကို ပြောပြလာပါတယ်။

ငွေတီဦးကတော့ အဖေနဲ့ ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရသလို အစ်ကိုရင်းဖြစ်သူပြေတီဦးကလည်း အကျဉ်းကျနေတာမို့ တော်တော်လေးကို စိတ်ထိခိုက်ဝမ်းနည်းနေရတာမို့ ဆိတ်ငြိမ်အေးချမ်းမှုရရှိအောင် တရားအားထုတ်နေတာပဲဖြစ်ပါတယ်။

Source: Ngwe Ou’s fb
ဇော်ဂျီဖြင့်ဖတ်ရန်