ၾကားသိရသမွ်

လွတ်မြောက်လာသူတဦး ပြောတဲ့ ယနေ့နံနက်ဖြစ်စဉ်

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဒီကနေ့ (ဒီဇင်ဘာ ၅ ရက်) မနက်ပိုင်းက ပြုလုပ်သည့် ရန်ကုန် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့

အရှိန်နှင့် မောင်းနှင်လာသည့်ကားဖြင့် တိုက်ကာ၊ သေနတ်ဖြင့်လည်း ပစ်ခတ် ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့သည့် ကြည့်မြင်တိုင်မြို့နယ် ဒေသခံ

များက ပြောကြသည်။

စစ်ကောင်စီ၏ ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၄ ဦး သေ ဆုံးနိုင်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကာ၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၅ ဦး အဖမ်းခံလိုက်ရ

ကြောင်း မြင်တွေ့သူအချို့က ဆိုသည်။

ဆန္ဒပြသည့် ဖြစ်စဉ်တွင် ပါဝင်သူ တစ်ဦးက ” သေတယ်မသေဘူး ဆိုတာထက်လေ။ မိန်းကလေးနှစ်ယောက်က ကားနဲ့တိုက်မိပြီး လွင့်ထွက်သွားတယ်။ လုံးဝမလှုပ်

နိုင်တော့ဘူး။ အဲဒါကို လူနာတင်ကားနဲ့သယ်သွားတယ် ” ဟု ဆိုသည်။

“ သပိတ်ထွက်တဲ့အချိန်မှာ စစ်တပ်က ကားနဲ့ သပိတ်ကိုတိုက်ပြီး ဖမ်းတယ်။ အဲဒီအချိန်မှာ ပြေးကြ ရတာပေါ့။ ကားနဲ့တိုက်ခံရတာဆိုတော့ ထိသွားတဲ့သူတွေ လည်းရှိ

ပါတယ် ” ဟု ဆန္ဒပြသပိတ်တွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးကပြောသည်။

 

ရန်ကုန် လူထုသပိတ်ကို စစ်ကောင်စီဘက်က မည်ကဲ့သို့ ဖြိုခွင်းခဲ့သည်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် သပိတ်စစ်ကြောင်း တွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီ၏ ဖမ်းဆီးမှုမှ

လွတ်မြောက်လာသူတဦးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ ဒီမနက်က ရန်ကုန်လူထုသပိတ် ဖြိုခွဲခံရတယ်လို့ သိရပါတယ်။ ဘယ်လိုဖြစ်တာလဲ ပြောပြပါခင်ဗျ။

ဖြေ။ ။ အစက ရန်ကုန်လူထုသပိတ်ပေါ့။ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းကနေ စတာပေါ့။ ကမ်းနားလမ်းနဲ့ ပန်းပင်ကြီး လမ်းဆုံ။ ပန်းပင်ကြီးဘက်ကနေ ပြတာပေါ့။

ခြေလှမ်း အလှမ်း ၂၀ လောက်ပဲ လျှောက်ရသေးတယ်။ လျှောက်ပြီးတော့ Double Cup တစီးပေါ့။ စစ်သား ၇ ယောက် ၊ ၈ ယောက်ပေါ့။ အနောက်ကနေ ဝင်

တိုက်တာ။ ဝင်တိုက်တော့ လူတွေက ၁၅ ပေ၊ ပေ ၂၀ လောက် လွင့်သွားတာပေါ့။ တချို့ လူတွေကလည်း လမ်းပေါ်မှာ ပြန့် ကျဲ၊ မထနိုင်၊ တချို့ကလည်း ဦးခေါင်းနဲ့

လမ်းပေါ် ကျတာ။ အဲဒီလိုပေါ့။ သေဆုံးတဲ့လူတွေလည်း ရှိနိုင်ပါတယ်။

မေး။ ။ ဘယ်အချိန်လောက် ဖြစ်တာလဲ။

ဖြေ။ ။ သပိတ်က ၈ နာရီ ၄၅ စတယ်။ ဖြစ်တာက‌တော့ ၈ နာရီ ၅၀ လောက် ဖြစ်တာပေါ့။ သပိတ်စပြီး ခြေလှမ်း ၁၅ လှမ်း ၂၀ လောက်ပဲ လျှောက်ရသေးတယ်။ အဲဒီ

မှာ ဖြစ်တာပေါ့။

မေး။ ။ စစ်ကောင်စီကား ဝင်တိုက်တာကို ဘယ်လို သိလိုက်သလဲ။ တိုက်ပြီးတော့ လူတွေက ဘယ်လိုလွင့်သွားတာလဲ။

ဖြေ။ ။ ဘယ်လိုဖြစ်သလဲဆိုတော့ အနောက်ကနေ ကမ်း နားလမ်းဘက်က Double Cup က ဝင်လာတော့ YBS တစီးက ကွယ်နေတော့ လူတွေက မသိလိုက်ဘူးပေါ့။

YBS နောက်ကနေ Double Cup က ကျော်တက်ပြီး တိုက်ပစ်လိုက်တာ။ လူတွေက မသိလိုက်ကြဘူးဗျ။ တိုက်ပြီးမှ လူတွေ အားလုံးက သိလိုက်တာ။ သိဖို့ကို လူတွေ

က ၁၀ စက္ကန့် ၁၅ စက္ကန့် တောင် အချိန် မရလိုက်ဘူး။

မေး။ ။ ဆိုတော့ အဲဒီမှာ သွေးထွက်သံယို အရမ်းများလား။

ဖြေ။ ။ သွေးထွက်သံယိုက အရမ်းများတယ်ဗျ။ တချို့ဆိုရင် အောက်ပိုင်းတွေ သေကုန်သလားတောင် မသိဘူး။

မေး။ ။ အစ်ကိုလည်း အဲဒီမှာ ဒဏ်ရာရခဲ့တယ် ဆိုတော့ ဘာဒဏ်ရာရထားသေးလဲ။

ဖြေ။ ။ ကျနော့် လက်တွေရယ်။ ဒူးတွေရယ်။ ခါးတွေရယ်မှာ ထိခိုက်ဒဏ်ရာ ရထားပါတယ်။

မေး။ ။ အဲဒီ ဒဏ်ရာတွေ ဘယ်လိုရတာလဲဗျ။

ဖြေ။ ။ ကျနော့်ကို ဝင်တိုက်တော့ Double Cup ရဲ့ ရှေ့ဘောနက် အဖုံးပေါ်ကို ပြုတ်ကျတာ။ ပြုတ်ကျပြီး လွင့်ထွက်သွားတဲ့ အချိန်မှာ ကျနော့်ကို စစ်သားတယောက်က

သေနတ်ဒင်နဲ့ လာထုတယ်ဗျ။ ခေါင်းကို ထုတာ။ ကျနော်က အဲဒီအချိန်မှာ သူ့ ကို တွန်းပြီး သူ့ရင်ဘတ်ကို ခြေစုန်ကန် လိုက်တယ်။ ကန်လိုက်တဲ့အချိန်မှာ သူလည်း

မှောက် ကိုယ်လည်းမှောက်ပဲ။ သူ့ သေနတ်နဲ့ သူများတွေကို ပစ်မှာစိုးလို့ ကျနော်က သူ့သေနတ်ကို ကန်လိုက်တာ။ ကန်လိုက်တဲ့အချိန်မှာ သေနတ်က ကားအောက်ထဲ

မဝင်ဘဲ သူက အဲဒီ သေနတ်နဲ့ ကျနော့်ကို ပစ်တာ။ သူပစ်တဲ့ အချိန်မှာ ကျနော်က ချော်လဲပြီး ကျည်မထိတာ။ ကျနော် ကံကောင်းသွားတာပေါ့။

ကျနော့်ကို နောက်ကနေ ကျည်ဆန်နဲ့ လိုက်ပစ်တဲ့အချိန်မှာ ကျနော်လည်း ပြေးလာပြီး လမ်းမပေါ်ရောက်တော့ ကားတစီး ငှားပြီး ထွက်လာလိုက်တာ။ ကျနော် မြင်

လိုက်တယ်။ သတင်းထောက်တယောက်ဆိုရင် တော်တော်ထိသွားလို့ သူတို့ ကား ပေါ်တင်သွားတာ မြင်လိုက်တယ်။

မေး။ ။ သတင်းထောက် တယောက်ထိတယ် ဆိုတော့ သူက ဘယ်လိုဖြစ်တာလဲ။

ဖြေ။ ။ ကျနော့်စိတ်ထင် ကားနဲ့ တိုက်လိုက်လို့ပဲ ထိသွားတာ ထင်တယ်။ အခြေအနေကတော့ ကြည့်ရတာ ကောင်းမယ် မထင်ဘူး။ သူဘယ်လို အတိုက်ခံရသလဲတော့

ကျနော်မမြင်လိုက်ဘူး။ သေချာတာကတော့ ကားနဲ့ ဝင်တိုက်တဲ့အချိန်မှာ သပိတ်မှာပါတဲ့ လူ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက်က ကားတိုက်ခံရလို့ ပြန့်ကျဲ ကုန်တာ။ ရန်

ကုန်မှာ အကြီးဆုံး ပြောက်ကျားသပိတ် ဖြိုခွင်းခံရမှုလို့ ပြောလို့ရမယ် ထင်တယ်။

မေး။ ။ အဲဒီလို အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာတွေ ကြုံလာရတော့ စိတ်ထဲမှာ ဘယ်လိုနေလဲ။

ဖြေ။ ။ အဓိကတော့ဗျာ။ ဒီကောင်တွေက စစ်သား ၇ ယောက်၊ ၈ ယောက်လောက်နဲ့ လူတွေကို မထနိုင်အောင် လုပ်မယ်။ ပြီးရင် တခြားလူတွေကို ဆက်လိုက်မယ်။ သူ

တို့က လဲကျသွားတဲ့ လူတွေကို သေနတ်ဒင်နဲ့ လိုက်ထုတယ်ဗျ။ မြင်ရသလောက်တော့ အကြမ်းဖက်တာက တော်တော် ဆိုးဆိုးပါပဲ။