ၾကားသိရသမွ်

အမေဒေါ်အောင်ဆန်းစုကြည်ရဲ့( ၇၅ ) နှစ်ပြည့်မွေးနေ့အတွက် လူ(၇၅၀၀)ရဲ့ ဓါတ်ပုံတွေကို စုပြီး မွေးနေ့ဆုတောင်းလုပ်ပေးဖို့ စီစဉ်နေတဲ့ မောင်မောင်အေး






Source-Mg Mg Aye

unicode

ပရိသတ်ကြီးရေ မောင်မောင်အေးကတော့ အနုပညာအလုပ်တွေအပြင် ပရဟိတပါတွဲဖက်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။သူကတော့ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာလည်း အင်တိုက်အားတိုက်ပါဝင်နေသူတစ်ဦးဆိုလဲမမှားပါဘူးနော်။ဒီနေ့မှာတော့ မောင်မောင်အေးက မကြာခင်မှာကျရောက်တော့မယ့် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅)နှစ်ပြည့်မွေးနေ့ သူရဲ့အစီအစဉ်လေးကို အခုလိုပဲမျှဝေလာခဲ့ပါတယ်။

မောင်မောင်အေးကတော့ “ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ ရောက်ဖို့ ၁၆ ရက်သာလိုပါတော့တယ်…မနှစ်ကတော့ လူစုလူဝေးနဲ့လုပ်ဖို့အခွင့်အရေးရခဲ့တဲ့အတွက် လူ ၇၄၀ နဲ့ အမေစု ပုံဖော်ခဲ့ကြပါတယ်…ဒီတနှစ်မှာတော့ Covid ကြောင့် လူစုခွင့်မရတဲ့အတွက် အမေ့ကိုချစ်သော သူ့သား သမီး ၇၅၀၀ ရဲ့ ဓါတ်ပုံတွေကို စုပြီး အစီစဉ်တခုနဲ့ မွေးနေ့ဆုတောင်းလုပ်ပေးဖို့ စီစဉ်နေပါတယ်…

ကျွန်တော်တို့နဲ့ ပူးပေါင်းပေးနိုင်မယ့် volunteer အင်အားလိုအပ်နေပါတယ်….ဓါတ်ပုံ ဒီဇိုင်နာ / လူဓါတ်ပုံတွေကို နာမည်တွေနဲ့ စနစ်တကျ အဖွဲ့လိုက် စုစည်းပေးနိုင်မယ့်သူတွေ နဲ့ Team တခုဖွဲ့ဖို့ဖြစ်ပါတယ်..organize လုပ်ပေးနိုင်သူများ/ လုပ်ပေးချင်သူများအနေနဲ့ ကျွန်တော့်ထံ ဆက်သွယ်ပေးနိုင်ပါတယ်…အခုဗီဒီယိုကတော့ မနှစ်က လုပ်ခဲ့တဲ့ ဆုတောင်းပွဲလေးကို ပြန်စားမြုံ့ပြန်ခံစားတာပါ….ဒီတနှစ်တော့ မှတ်မှတ်ရရ အမေ့သား သမီး ၇၅၀၀ ရဲ့ ဓါတ်ပုံတွေနဲ့…..မကြာမီ…. လာမည်…… မျှော်”ဆိုပြီး ဒီနှစ်မွေးနေ့အတွက် အစီအစဉ်လေးကို မျှဝေထားတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် မနှစ်က မဟာဗန္ဓုလပန်းခြံမှာ လူအယောက်(၇၄၀)နဲ့ အမေစုရဲ့ ပုံကိုဖော်ကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

အမေဒေါ်အောင်ဆန်းစုကြည်ရဲ့( ၇၅ ) နှစ်ပြည့်မွေးနေ့အတွက် လူ(၇၅၀၀)ရဲ့ ဓါတ်ပုံတွေကို စုပြီး မွေးနေ့ဆုတောင်းလုပ်ပေးဖို့ စီစဉ်နေတဲ့ မောင်မောင်အေးSource-Mg Mg Aye

Geplaatst door နေ့စဉ်သတင်းအသစ္မ်ား op Woensdag 3 juni 2020

Source-Mg Mg Aye