ၾကားသိရသမွ်

ဝါဇီတွင် ငွေစက္ကူ (၂၀၀၀) ဘီလီယံ အထိ ရိုက်နှိပ်နေပြီး ငွေသား လိုသလောက် ထုတ်ပေးရန် စီစ….

မတ္လ ၃၀ ရက္ေန႔က ေငြစကၠဴမ်ား ႐ိုက္ႏွိပ္ႏိုင္သည့္ စကၠဴကုန္ၾကမ္းမ်ား သယ္ေဆာင္လာေသာ အီရန္ေလယာဥ္တစ္စင္း ေနျပည္ေတာ္သို႔ ဆိုက္ေရာက္လာပါတယ္။

စကစ ၏ ၫႊန္ၾကားခ်က္အရ ဝါဇီစက္႐ုံမွာ ျမန္မာ က်ပ္ေငြ ၂ ထရီလီယံ (၂၀၀၀ ဘီလီယံ) အထိ ႐ိုက္ႏွိပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဤလုပ္ငန္းကို စကစခန္႔ ဝန္ႀကီးကိုယ္တိုင္ ႀကီးၾကပ္ေနတယ္လို႔ သိရပါတယ္။

လာမယ့္ရက္ပိုင္းအတြင္း အဆိုပါ ၂ ထရီလီယံကို အသုံးခ်ၿပီး ဘဏ္ေတြကေန ေငြျပန္ထုတ္တဲ့ စနစ္ကို… ျပန္လည္ပတ္ေအာင္ လုပ္ေဆာင္မယ့္ အေနအထားမ်ိဳးေတြ ၫႊန္ၾကားခ်က္ ေတြရွိ ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

“အထူးသျဖင့္ အနီးစပ္ဆုံး သိရတဲ့ဘဏ္က ႐ိုးမဘဏ္။ လာမယ့္ အပတ္ကစၿပီး စကစရဲ႕ အသစ္ထုတ္တဲ့, ပိုက္ဆံေတြနဲ႔ ထုတ္ေငြပမာဏကို ၅ သိန္းအထိ တိုးေပးမွာ” လို႔ ေဖ့စဘြတ္မွာ ေအာက္ပါအတိုင္း ေၾကျငာထားပါတယ္။

“ဧၿပီလ ၄ ရက္ မွစတင္၍ ႐ိုးမဘဏ္ခြဲမ်ားတြင္ မိမိအေကာင့္မွ ေငြသားထုတ္ယူရာတြင္ ဖုန္းဆက္ တိုကင္ယူရန္ မလိုဘဲ တစ္ပတ္ က်ပ္ ၅ သိန္း အထိ ေငြသားထုတ္ယူႏိုင္ၿပီျဖစ္ပါေၾကာင္း အသိေပးအပ္ပါသည္။

Account Transfer ျပဳလုပ္ၿပီး ေငြထုတ္ယူလိုပါက ယခင္သတ္မွတ္ခ်က္အတိုင္း တစ္လေစာင့္ဆိုင္းၿပီးမွသာ ထုတ္ယူႏိုင္ပါမည္။ Flexi Account မွ အကန႔္အသတ္မရွိ ေငြသြင္းေငြထုတ္ ျပဳလုပ္ႏိုင္ပါသည္။”

အနီးစပ္ဆုံး ခြဲေဝေပးတဲ့ဘဏ္ေတြက CB ဘဏ္၊ ႐ိုးမဘဏ္နဲ႔ AGD ဘဏ္ေတြ ျဖစ္ၿပီး ယခင္က တပတ္ကို ၃ သိန္းထုတ္ေပးေနရာက ယခုအခါ ၅ သိန္းအထိထုတ္ ေပးမယ္လို႔ ေျပာပါတယ္။ ႐ိုးမဘဏ္အေနနဲ႔

ဒီအေပၚမွာ ေဝစုအမ်ားဆုံးရမယ္လို႔ သတင္းေတြ ထြက္ေပၚေနသလို တပ္နဲ႔လည္း နီးစပ္တဲ့ ဆက္ဆံေရးရွိတယ္လို႔ သိရပါတယ္။ FNCC (HlaingInfo)

စကစ အေနျဖင့္ အာဏာသိမ္း တစ္ႏွစ္ေက်ာ္ကာလအတြင္း ၂၀၂၁ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔မွစတင္၍ ေငြစကၠဴ ကုန္ၾကမ္းတန္ခ်ိန္ ၁၀၀ အထက္ တင္သြင္းခဲ့ၿပီးျဖစ္ေၾကာင္း၊ ထပ္မံတင္သြင္းရန္ မွာယူထားၿပီးျဖစ္တယ္လို႔ သိရွိရပါတယ္။

၂၀၂၁ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔တြင္ ဂ်ာမနီကုမၸဏီ Giesecke Devrient က ျမန္မာေငြစကၠဴ ထုတ္လုပ္ရာတြင္ အသုံးျပဳရသည့္ ကုန္ၾကမ္းပစၥည္း တင္သြင္းမႈ အားလုံးကို စစ္အာဏာသိမ္းမႈႏွင့္

စစ္တပ္၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားေၾကာင့္ ရပ္ဆိုင္းလိုက္ေၾကာင္း ေၾကညာခဲ့ၿပီးကတည္းက ေငြစကၠဴ႐ိုက္ထုတ္ရန္ စကၠဴကုန္ၾကမ္းမ်ားကို ႐ုရွားႏိုင္ငံနဲ႔ နီးစပ္တဲ့ ႏိုင္ငံေတြဆီကေန ေတာက္ေလွ်ာက္ တင္သြင္းေနတာ ျဖစ္ပါတယ္။

စကစ က မေကြးတိုင္းအတြင္းရွိ ဝါဇီစက္႐ုံတြင္ ေငြစကၠဴထုတ္လုပ္မႈမ်ား အရွိန္ျမႇင့္လုပ္ေဆာင္ေနၿပီး ၂၄ နာရီ မီးမျပတ္ေရးႏွင့္ မီးလိုင္းမ်ား ေဖာက္ခြဲခံရမႈ မရွိေစရန္ လုံၿခဳံေရး အထူးအစီအစဥ္ျဖင့္ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ေငြစကၠဴ အမ်ားအျပား ႐ိုက္ႏွိပ္ထုတ္လုပ္ျခင္း အက်ိဳးဆက္အေနနဲ႔ကေတာ့ ေငြေၾကးေဖာင္းပြမႈျဖစ္ၿပီး ျမန္မာက်ပ္ေငြတန္ဖိုး ထပ္မံက်ဆင္းမည္ ျဖစ္ပါတယ္။ ေဒၚလာေစ်းနဲ႔ စက္သုံးဆီေစ်း ထပ္တက္ၿပီး အေျခခံစားေသာက္ကုန္ေစ်းပါ တက္လာႏိုင္ပါတယ္

Crd…

Zawgyi

မတ်လ ၃၀ ရက်နေ့က ငွေစက္ကူများ ရိုက်နှိပ်နိုင်သည့် စက္ကူကုန်ကြမ်းများ သယ်ဆောင်လာသော အီရန်လေယာဉ်တစ်စင်း နေပြည်တော်သို့ ဆိုက်ရောက်လာပါတယ်။

စကစ ၏ ညွှန်ကြားချက်အရ ဝါဇီစက်ရုံမှာ မြန်မာ ကျပ်ငွေ ၂ ထရီလီယံ (၂၀၀၀ ဘီလီယံ) အထိ ရိုက်နှိပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဤလုပ်ငန်းကို စကစခန့် ဝန်ကြီးကိုယ်တိုင် ကြီးကြပ်နေတယ်လို့ သိရပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း အဆိုပါ ၂ ထရီလီယံကို အသုံးချပြီး ဘဏ်တွေကနေ ငွေပြန်ထုတ်တဲ့ စနစ်ကို… ပြန်လည်ပတ်အောင် လုပ်ဆောင်မယ့် အနေအထားမျိုးတွေ ညွှန်ကြားချက် တွေရှိ နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

“အထူးသဖြင့် အနီးစပ်ဆုံး သိရတဲ့ဘဏ်က ရိုးမဘဏ်။ လာမယ့် အပတ်ကစပြီး စကစရဲ့ အသစ်ထုတ်တဲ့, ပိုက်ဆံတွေနဲ့ ထုတ်ငွေပမာဏကို ၅ သိန်းအထိ တိုးပေးမှာ” လို့ ဖေ့စဘွတ်မှာ အောက်ပါအတိုင်း ကြေငြာထားပါတယ်။

“ဧပြီလ ၄ ရက် မှစတင်၍ ရိုးမဘဏ်ခွဲများတွင် မိမိအကောင့်မှ ငွေသားထုတ်ယူရာတွင် ဖုန်းဆက် တိုကင်ယူရန် မလိုဘဲ တစ်ပတ် ကျပ် ၅ သိန်း အထိ ငွေသားထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Account Transfer ပြုလုပ်ပြီး ငွေထုတ်ယူလိုပါက ယခင်သတ်မှတ်ချက်အတိုင်း တစ်လစောင့်ဆိုင်းပြီးမှသာ ထုတ်ယူနိုင်ပါမည်။ Flexi Account မှ အကန့်အသတ်မရှိ ငွေသွင်းငွေထုတ် ပြုလုပ်နိုင်ပါသည်။”

အနီးစပ်ဆုံး ခွဲဝေပေးတဲ့ဘဏ်တွေက CB ဘဏ်၊ ရိုးမဘဏ်နဲ့ AGD ဘဏ်တွေ ဖြစ်ပြီး ယခင်က တပတ်ကို ၃ သိန်းထုတ်ပေးနေရာက ယခုအခါ ၅ သိန်းအထိထုတ် ပေးမယ်လို့ ပြောပါတယ်။ ရိုးမဘဏ်အနေနဲ့

ဒီအပေါ်မှာ ဝေစုအများဆုံးရမယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို တပ်နဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ သိရပါတယ်။ FNCC (HlaingInfo)

စကစ အနေဖြင့် အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ငွေစက္ကူ ကုန်ကြမ်းတန်ချိန် ၁၀၀ အထက် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံတင်သွင်းရန် မှာယူထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျာမနီကုမ္ပဏီ Giesecke Devrient က မြန်မာငွေစက္ကူ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အားလုံးကို စစ်အာဏာသိမ်းမှုနှင့်

စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီးကတည်းက ငွေစက္ကူရိုက်ထုတ်ရန် စက္ကူကုန်ကြမ်းများကို ရုရှားနိုင်ငံနဲ့ နီးစပ်တဲ့ နိုင်ငံတွေဆီကနေ တောက်လျှောက် တင်သွင်းနေတာ ဖြစ်ပါတယ်။

စကစ က မကွေးတိုင်းအတွင်းရှိ ဝါဇီစက်ရုံတွင် ငွေစက္ကူထုတ်လုပ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီး ၂၄ နာရီ မီးမပြတ်ရေးနှင့် မီးလိုင်းများ ဖောက်ခွဲခံရမှု မရှိစေရန် လုံခြုံရေး အထူးအစီအစဉ်ဖြင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ငွေစက္ကူ အများအပြား ရိုက်နှိပ်ထုတ်လုပ်ခြင်း အကျိုးဆက်အနေနဲ့ကတော့ ငွေကြေးဖောင်းပွမှုဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းမည် ဖြစ်ပါတယ်။ ဒေါ်လာစျေးနဲ့ စက်သုံးဆီစျေး ထပ်တက်ပြီး အခြေခံစားသောက်ကုန်စျေးပါ တက်လာနိုင်ပါတယ်

Crd…