တောင်ကိုရီးယား လူမျိုးတွေ ပန်းကန်လုံး သေးသေးလေးတွေနဲ့ ထမင်းစားရတဲ့ အကြောင်းရင်း နောက်ကွယ်..
တောင်ကိုရီးယား လူမျိုးတွေ ပန်းကန်လုံး အသေးလေးတွေနဲ့ ထမင်းစားကြပါတယ်။ ဆိုင်တွေမှာ ရောင်းရင်လည်း ထမင်း တစ်ပွဲစာဟာ တစ်လုပ်စာ သာသာမျှသာရှိတဲ့ ပန်းကန်လုံးလေး တစ်လုံးစာပဲ ရှိပါတယ်။ ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာ ထမင်းကို အရမ်းတန်ဖိုးထားလို့ပါ။ ဒီပန်းကန်လုံးလေးထဲက ထမင်းဟာ လူတစ်ယောက်အတွက် အကုန်မစားနိုင်စရာ အကြောင်းမရှိပါဘူး။
အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်း ဆယ်လုံးစားရင်လည်း သူတို့ မငြိုငြင်ပါဘူး။ သူတို့စိုးရိမ်တာက ထမင်းကို မကုန်ဘဲ လွှင့်ပစ်မှာကို စိုးလို့ပါ တဲ့။ တောင်ကိုးရီးယား နိုင်ငံသားတွေဟာ ထမင်းလွှင့်ပစ်တတ်တဲ့ လူတွေကို မျက်စောင်းထိုးပါတယ်။ မျက်စောင်းထိုးတယ်ဆိုတာ ကိုးရီးယားနိုင်ငံသားတွေ တော်ရုံတန်ရုံ အပြစ်မျိုးကို ကျူးလွန်ရင်တောင် မျက်စောင်းမထိုးတတ်ပါဘူး။
မျက်စောင်းထိုး ခံရတဲ့လူဟာ အင်မတန် ဒေါသထွက် အမြင်ကတ်စရာ ကောင်းတဲ့လူပါ။ ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ လူတစ်ယောက်ယောက်က မျက်စောင်းထိုးပြီး ကြည့်မှာကို အလွန်အင်မတန် စိုးရိမ်ကြပါတယ်။
ကိုးရီးယားနိုင်ငံသားတွေ ထမင်းကို တန်ဖိုးထားရတဲ့ အကြောင်းအရင်းကို ပြောပါမယ် ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ ခုနှစ်က ဂျပန်လက်အောက်က လွတ်လပ် ရေးရခဲ့တာပါ။ ဂျပန်လက်အောက် မှာ အဖိနှိပ်ခံ ဘဝနဲ့ အစာရေစာငတ် ဆင်းဆင်းရဲရဲ နေခဲ့ကြရပါတယ်။ ထမင်းအစား ပြောင်းဆန်များကို ပြုတ်ပြီး စားကြရပါတယ်။ ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာ အသေမုန်းပါတယ်။
ကိုးရီးယားနိုင်ငံဟာ ၁၅ ရက် ၈လ ၁၉၄၅ ခုနှစ်က ဂျပန် တွေရဲ့လက်အောက်က လွတ်မြောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထက် ၂ နှစ်ကျော် စောပြီး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပေမယ့် တိုင်းပြည်ဟာ လုံး၀မငြိမ်းချမ်းခဲ့ပါဘူး။ တောင်နဲ့မြောက် သဘောထား ကွဲလွဲမှုတွေ ဖြစ်လာပြီး လွတ်လပ်ရေး ရပြီး ၅ နှစ်အကြာ ၁၉၅၀ ခုနှစ်မှာတော့ တောင်နဲ့မြောက်စစ်ပွဲ စတင်ပါတော့တယ်။
၁၉၅၀ ခုနှစ်ကနေ ၁၉၅၃ ခုနှစ်ထိ ၃ နှစ်ဆက်တိုက် စစ်တွေအပြန်အလှန် တိုက်လိုက်ကြတာ နဂိုကတည်းကမှ ဆောင်းရာသီဆို ဘာအပင်မှ မဖြစ်ထွန်းတဲ့ကြားက နိုင်ငံစစ်ကြောင့် ဘာဆန်စပါးမှ မစိုက်ပျိုးရဲ စိုက်ပျိုးမြေလည်း နည်းပါးတဲ့ နိုင်ငံမှာ လူတွေအကုန်လုံး မြက်ခြောက်စားရတော့မယ့် ဘဝကို ရောက်လာပါတော့တယ်။
ဒါတွေကို မကြည့်ရက်တော့လို့ နိုင်ငံတကာက ဆန်စပါးတွေ ထောက်ပံ့တာ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း စပါး တင်း သိန်းပေါင်းများစွာ အကူညီပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကိုးရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့တွေမှာ အလံတွေ စိုက်ထူရင် မြန်မာနိုင်ငံ အလံလည်း ကျေးဇူးရှင် နိုင်ငံအဖြစ် အခုချိန်ထိသတ်မှတ်ပြီး စိုက်ထူထားလေ့ ရှိပါတယ်။
ဒီလို တိုင်းပြည်တစ်ခုလုံး အငတ်ဘဝကို ကျရောက်ခဲ့ဖူးတော့ ထမင်းတစ်လုံး ထမင်းတစ်လုပ်ရဲ့ တန်ဖိုးကို ကိုးရီးယား နိုင်ငံသားတွေက ပိုပြီးတန်ဖိုး သိတတ်ကြတာပါ။ အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့ အထွက်တိုးစေတဲ့ နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားအထိ ဆန်တွေတင်ပို့ နိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူတို့တွေဟာ ထမင်းတစ်လုပ် ဆန်တစ်စေ့ရဲ့ တန်ဖိုးကို မမေ့ပစ်ကြပါဘူး။
ဆန်စေ့ တစေ့တိုင်းကို အလဟသတ် မဖြစ်အောင် မလွှင့်ပစ်ရအောင် စီမံပြုလုပ်ကြပါတယ်။ ဒါတွေဟာ အတုယူစရာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆန်စပါး ပေါကြွယ်ဝပြီး စိုက်ပျိုးမြေတွေ ပေါများတာနဲ့ ဆန်စပါး ချမ်းသာကြလို့ သိပ်ပြီး တန်ဖိုးမထားချင်ကြဘူး။ ထမင်းဆိုလည်း လိုတာထက် ပိုပြီး ထမင်းပန်းကန် အကြီးကြီးထဲ ထည့်စား မကုန်ရင် အလွယ်တစ်ကူ လွှင့်ပစ်တတ်ကြတာက ကလေးက အစ လူကြီးတွေအဆုံးပါပဲ..။
ကိုရီးယား တစ်ယောက်က ပြောဖူးတာကတော့.. ဒီထမင်းပန်ကန်လုံး သေးသေးလေးတွေကိုမြင်တိုင်း ငါတို့စိတ်ထဲမှာ မခံချင်စိတ် တွေ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာတယ်တဲ့ ။ ဗဟုသုတ အနေနဲ့ ကြားဖူးနားဝ ရှိသလောက် တင်ပြတာပါ ကောင်းတဲ့ အယူအဆဆို အတုယူနိုင်ကြပါစေ..။
ANyein

ေတာင္ကိုရီးယား လူမ်ိဳးေတြ ပန္းကန္လုံး ေသးေသးေလးေတြနဲ႔ ထမင္းစားရတဲ့ အေၾကာင္းရင္း ေနာက္ကြယ္..
ေတာင္ကိုရီးယား လူမ်ိဳးေတြ ပန္းကန္လုံး အေသးေလးေတြနဲ႔ ထမင္းစားၾကပါတယ္။ ဆိုင္ေတြမွာ ေရာင္းရင္လည္း ထမင္း တစ္ပြဲစာဟာ တစ္လုပ္စာ သာသာမၽွသာရွိတဲ့ ပန္းကန္လုံးေလး တစ္လုံးစာပဲ ရွိပါတယ္။ ဒါဟာဘာလို႔လဲဆိုရင္ ကိုးရီးယားေတြဟာ ထမင္းကို အရမ္းတန္ဖိုးထားလို႔ပါ။ ဒီပန္းကန္လုံးေလးထဲက ထမင္းဟာ လူတစ္ေယာက္အတြက္ အကုန္မစားနိုင္စရာ အေၾကာင္းမရွိပါဘူး။
အရမ္းဗိုက္ဆာေနလို႔ ဒီလိုထမင္း ဆယ္လုံးစားရင္လည္း သူတို႔ မၿငိဳျငင္ပါဘူး။ သူတို႔စိုးရိမ္တာက ထမင္းကို မကုန္ဘဲ လႊင့္ပစ္မွာကို စိုးလို႔ပါ တဲ့။ ေတာင္ကိုးရီးယား နိုင္ငံသားေတြဟာ ထမင္းလႊင့္ပစ္တတ္တဲ့ လူေတြကို မ်က္ေစာင္းထိုးပါတယ္။ မ်က္ေစာင္းထိုးတယ္ဆိုတာ ကိုးရီးယားနိုင္ငံသားေတြ ေတာ္႐ုံတန္႐ုံ အျပစ္မ်ိဳးကို က်ဴးလြန္ရင္ေတာင္ မ်က္ေစာင္းမထိုးတတ္ပါဘူး။
မ်က္ေစာင္းထိုး ခံရတဲ့လူဟာ အင္မတန္ ေဒါသထြက္ အျမင္ကတ္စရာ ေကာင္းတဲ့လူပါ။ ဒါ့ေၾကာင့္ ကိုးရီးယားနိုင္ငံသားေတြဟာ လူတစ္ေယာက္ေယာက္က မ်က္ေစာင္းထိုးၿပီး ၾကည့္မွာကို အလြန္အင္မတန္ စိုးရိမ္ၾကပါတယ္။
ကိုးရီးယားနိုင္ငံသားေတြ ထမင္းကို တန္ဖိုးထားရတဲ့ အေၾကာင္းအရင္းကို ေျပာပါမယ္ ကိုးရီးယားနိုင္ငံဟာ ၁၉၄၅ ခုႏွစ္က ဂ်ပန္လက္ေအာက္က လြတ္လပ္ ေရးရခဲ့တာပါ။ ဂ်ပန္လက္ေအာက္ မွာ အဖိႏွိပ္ခံ ဘဝနဲ႔ အစာေရစာငတ္ ဆင္းဆင္းရဲရဲ ေနခဲ့ၾကရပါတယ္။ ထမင္းအစား ေျပာင္းဆန္မ်ားကို ျပဳတ္ၿပီး စားၾကရပါတယ္။ ဒါ့ေၾကာင့္ ခုခ်ိန္ထိ ဂ်ပန္ဆိုရင္ စိတ္ထဲမွာ အေသမုန္းပါတယ္။
ကိုးရီးယားနိုင္ငံဟာ ၁၅ ရက္ ၈လ ၁၉၄၅ ခုႏွစ္က ဂ်ပန္ ေတြရဲ့လက္ေအာက္က လြတ္ေျမာက္ခဲ့တာျဖစ္ၿပီး ျမန္မာနိုင္ငံထက္ ၂ ႏွစ္ေက်ာ္ ေစာၿပီး လြတ္လပ္ေရးရခဲ့တာ ျဖစ္ေပမယ့္ တိုင္းျပည္ဟာ လုံး၀မၿငိမ္းခ်မ္းခဲ့ပါဘူး။ ေတာင္နဲ႔ေျမာက္ သေဘာထား ကြဲလြဲမႈေတြ ျဖစ္လာၿပီး လြတ္လပ္ေရး ရၿပီး ၅ ႏွစ္အၾကာ ၁၉၅၀ ခုႏွစ္မွာေတာ့ ေတာင္နဲ႔ေျမာက္စစ္ပြဲ စတင္ပါေတာ့တယ္။
၁၉၅၀ ခုႏွစ္ကေန ၁၉၅၃ ခုႏွစ္ထိ ၃ ႏွစ္ဆက္တိုက္ စစ္ေတြအျပန္အလွန္ တိုက္လိုက္ၾကတာ နဂိုကတည္းကမွ ေဆာင္းရာသီဆို ဘာအပင္မွ မျဖစ္ထြန္းတဲ့ၾကားက နိုင္ငံစစ္ေၾကာင့္ ဘာဆန္စပါးမွ မစိုက္ပ်ိဳးရဲ စိုက္ပ်ိဳးေျမလည္း နည္းပါးတဲ့ နိုင္ငံမွာ လူေတြအကုန္လုံး ျမက္ေျခာက္စားရေတာ့မယ့္ ဘဝကို ေရာက္လာပါေတာ့တယ္။
ဒါေတြကို မၾကည့္ရက္ေတာ့လို႔ နိုင္ငံတကာက ဆန္စပါးေတြ ေထာက္ပံ့တာ ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံကလည္း စပါး တင္း သိန္းေပါင္းမ်ားစြာ အကူညီေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း ကိုးရီးယားနိုင္ငံရဲ့ လြတ္လပ္ေရးေန႔ေတြမွာ အလံေတြ စိုက္ထူရင္ ျမန္မာနိုင္ငံ အလံလည္း ေက်းဇူးရွင္ နိုင္ငံအျဖစ္ အခုခ်ိန္ထိသတ္မွတ္ၿပီး စိုက္ထူထားေလ့ ရွိပါတယ္။
ဒီလို တိုင္းျပည္တစ္ခုလုံး အငတ္ဘဝကို က်ေရာက္ခဲ့ဖူးေတာ့ ထမင္းတစ္လုံး ထမင္းတစ္လုပ္ရဲ့ တန္ဖိုးကို ကိုးရီးယား နိုင္ငံသားေတြက ပိုၿပီးတန္ဖိုး သိတတ္ၾကတာပါ။ အခုေတာ့ စိုက္ပ်ိဳးေျမေတြတိုးခ်ဲ႕ အထြက္တိုးေစတဲ့ နည္းပညာေကာင္းေတြနဲ႔ နိုင္ငံျခားအထိ ဆန္ေတြတင္ပို႔ နိုင္ခဲ့ပါၿပီ။ ဒါေပမယ့္ သူတို႔ေတြဟာ ထမင္းတစ္လုပ္ ဆန္တစ္ေစ့ရဲ့ တန္ဖိုးကို မေမ့ပစ္ၾကပါဘူး။
ဆန္ေစ့ တေစ့တိုင္းကို အလဟသတ္ မျဖစ္ေအာင္ မလႊင့္ပစ္ရေအာင္ စီမံျပဳလုပ္ၾကပါတယ္။ ဒါေတြဟာ အတုယူစရာပါ။ ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံမွာ ဆန္စပါး ေပါႂကြယ္ဝၿပီး စိုက္ပ်ိဳးေျမေတြ ေပါမ်ားတာနဲ႔ ဆန္စပါး ခ်မ္းသာၾကလို႔ သိပ္ၿပီး တန္ဖိုးမထားခ်င္ၾကဘူး။ ထမင္းဆိုလည္း လိုတာထက္ ပိုၿပီး ထမင္းပန္းကန္ အႀကီးႀကီးထဲ ထည့္စား မကုန္ရင္ အလြယ္တစ္ကူ လႊင့္ပစ္တတ္ၾကတာက ကေလးက အစ လူႀကီးေတြအဆုံးပါပဲ..။
ကိုရီးယား တစ္ေယာက္က ေျပာဖူးတာကေတာ့.. ဒီထမင္းပန္ကန္လုံး ေသးေသးေလးေတြကိုျမင္တိုင္း ငါတို႔စိတ္ထဲမွာ မခံခ်င္စိတ္ ေတြ ႀကိဳးစားခ်င္စိတ္ေတြ ျဖစ္ေပၚလာတယ္တဲ့ ။ ဗဟုသုတ အေနနဲ႔ ၾကားဖူးနားဝ ရွိသေလာက္ တင္ျပတာပါ ေကာင္းတဲ့ အယူအဆဆို အတုယူနိုင္ၾကပါေစ..။
ANyein



