KIA နှင့် PDF ပူးပေါင်းစစ်ကြောင်းကို ကချင်နှင့် စစ်ကိုင်းအစပ်ရှိ ဒေသခံပြည်သူများက အိုးစည်ဗုံးမောင်းတီးကာ ကခုန်ကြိုဆို (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၅
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြီး အောင်မြင်စွာဖြင့် ရှေ့တန်းမှပြန်လာသော
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်များကို ကချင် ပြည်နယ်နှင့်
စစ်ကိုင်းတိုင်းအစပ်ရှိ ဒေသခံပြည်သူများက အိုးစည် ဗုံမောင်း တီးကာ ကခုန်ကြိုဆိုခဲ့ကြသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်နေသော မိုးညှင်းမြို့နယ်၊ အင်းတော်မြို့နယ်နှင့်
ထီးချိုင့်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား
အောက်တိုဘာလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၆၀ ထက်မနည်း
သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး PDF ၅ ဦး ကျဆုံးခဲ့ရသည်။
မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၂၆) နယ်မြေသို့
အင်အားတိုးချဲ့ဝင်ရောက်လာသော စစ်ကောင်စီတပ် နှင့် KIA ကြား ဒီဇင်ဘာလ ၁ ရက် နံနက် ၆ နာရီခန့်က
တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်တွင်လည်း အဆိုပါ တပ်ရင်း ၂၆ နယ်မြေသို့
စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
zawgyi#
KIA ႏွင့္ PDF ပူးေပါင္းစစ္ေၾကာင္းကို ကခ်င္ႏွင့္ စစ္ကိုင္းအစပ္ရွိ ေဒသခံျပည္သူမ်ားက အိုးစည္ဗုံးေမာင္းတီးကာ ကခုန္ႀကိဳဆို (႐ုပ္/သံ)
ရန္ကုန္၊ ဒီဇင္ဘာ ၅
အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲအၿပီး ေအာင္ျမင္စြာျဖင့္ ေရွ႕တန္းမွျပန္လာေသာ
ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ PDF တပ္မ်ားကို ကခ်င္ ျပည္နယ္ႏွင့္
စစ္ကိုင္းတိုင္းအစပ္ရွိ ေဒသခံျပည္သူမ်ားက အိုးစည္ ဗုံေမာင္း တီးကာ ကခုန္ႀကိဳဆိုခဲ့ၾကသည္။
ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းထိစပ္ေနေသာ မိုးညႇင္းၿမိဳ႕နယ္၊ အင္းေတာ္ၿမိဳ႕နယ္ႏွင့္
ထီးခ်ိဳင့္ၿမိဳ႕နယ္မ်ားတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ KIA၊ PDF ပူးေပါင္းတပ္ဖြဲ႕မ်ားၾကား
ေအာက္တိုဘာလအတြင္း တိုက္ပြဲမ်ားျဖစ္ပြားခဲ့ကာ စစ္ေကာင္စီတပ္သား ၆၀ ထက္မနည္း
ေသဆုံးခဲ့ၿပီး စစ္ေကာင္စီဘက္မွ ပစ္ခတ္ေသာ လက္နက္ႀကီးထိမွန္ၿပီး PDF ၅ ဦး က်ဆုံးခဲ့ရသည္။
မိုးညႇင္းခ႐ိုင္ အင္းေတာ္ႀကီးေဒသ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္ရင္း (၂၆) နယ္ေျမသို႔
အင္အားတိုးခ်ဲ႕ဝင္ေရာက္လာေသာ စစ္ေကာင္စီတပ္ ႏွင့္ KIA ၾကား ဒီဇင္ဘာလ ၁ ရက္ နံနက္ ၆ နာရီခန႔္က
တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ႏိုဝင္ဘာလ ၂၅ ရက္တြင္လည္း အဆိုပါ တပ္ရင္း ၂၆ နယ္ေျမသို႔
စစ္ေကာင္စီက ဂ်က္ေလယာဥ္မ်ားျဖင့္ ၅ ႀကိမ္ထက္မနည္း ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။
credit



