ApannPyay
အမေ အံ့ဩသွားပုံလေးပါ
Mg Shine Htet
unicode
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅)နှစ်ပြည့် မွေးနေ့
နေပြည်တော်၊ဇွန်လ-၁၉ ရက်။သည်ကနေ့ဟာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ မွေးနေ့မင်္ဂလာအခမ်းအနားကို နေပြည်တော်လွှတ်တော်ဝန်းအတွင်းရှိ I.12 ဆောင်မှာကျင်းပခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံ့အကြီးအကဲတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
သည်နှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မွေးနေ့မင်္ဂလာအခမ်းအနားကို ကျင်းပနိုင်ခြင်း မရှိပဲ မွေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာရှိတဲ့ လွှတ်တော်ဝန်ထမ်းတွေကို အစားအသောက်တွေ ဝေငှသွားမယ်လို့ ကြားသိရပါတယ်။
ApannPyay
အမေ့ အိမ်တော်သားတွေ ကျင်းပပေးတဲ့ အမေ့အတွက် မွေးနေ့ပွဲ ….
အမေ့ကို ကြိုမပြောထားတဲ့အတွက်
အမေ အံ့ဩသွားပုံလေးပါ
စောစောစီးစီးအမေ့အား စပရိုက် လုပ်ခြင်း
Happy birthday ပါ Aunty (75)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် သက်ရှိကျန်းမာစွာနေနိုင်ပါစေ
Mg Shine Htet