ၾကားသိရသမွ်

မိသားစု (၅) ယောက် တနေ့လုံး အဝစားလို့ ရတဲ့ ငါးကြီး တကောင်ကိုမှ တထောင် ကျပ်ထဲနဲ့ ရောင်းပေးပါပြီ

ငါးတစ်ကောင် တစ်ထောင်ကျပ်၊ One Fish One Thousand ငါးသည်ကြီး လာပြီဗျို့

ဒီတစ်ပတ် တနင်္ဂနွေနေ့ မနက် ငါးတစ်ကောင် တစ်ထောင်ကျပ် ဖြင့် နေရာ သုံးနေရာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

(၁) ဖူးသစ်ဝေ ကုန်စုံဆိုင် ဗိုလ်မင်းခေါင်လမ်း ငါး အကောင် ၇၀၀ (၂) ၁၀၈ ရပ်ကွက်ထိပ် PPA ဖုန်းဆိုင်ရှေ့ ငါးအကောင် ၅၀၀ (၃) မေတ္တာသင်္ဂဟနာကူညီမှု အသင်း ရုံးရှေ့ ၁၁ ရပ်ကွက် ငါးအကောင် ၃၀၀၊ စုစုပေါင်းငါးအကောင် ၁၅၀၀ ရောင်းချပေးသွားပါမယ်။

လာရောက်ဝယ်ယူကြသော ပြည်သူများအနေဖြင့် ကျန်းမာရေးအရ မတ်စ်တပ်လာပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ လူတစ်ဦးလျှင် ငါးတစ်ကောင်နူန်းသာ ရောင်းချပေးသွားမှာဖြစ်ပါတယ်လို့ အရှေ့ဒဂုံ (၁၁) ရပ်ကွက်၊ မေတ္တာသင်္ဂဟ နာရေး ကူညီမှု အသင်းမှ ကိုမင်းဒင် က ပြောကြားသွားပါတယ်။

ဈေးထဲမှာ တကောင် ၃ ၄ ထောင် ပေးဝယ်ရတဲ့ ငါးကို ငွေကျပ် တထောင်ထဲနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ လူ (၅) ယောက် ရှိတဲ့ မိသားစု ည မနက် စားလို့ ရတဲ့ ၄၀ သားခန့် အကောင်ကြီးတွေ ဖြစ်ပါတယ်။

မြန်မာ့စိတ်ရင်းကတော့ အလှူအတန်းမှာ ရက်ရောပြီးသား ဖြစ်လို့ တခြား ဟင်းစားတွေကိုလည်း ဒီလို ဈေးနှုန်း ချိုသာစွာနဲ့ ရောင်းချပေးနိုင်မယ် ဆိုရင်တော့ ကုန်ဈေးနှုန်း မတရားတက်ချင်နေတဲ့ ဝိသမ လောဘသားတွေကို နှိမ်နင်းပြီးသွား ဖြစ်သွားမှာပါ။

လှူဒါန်းမှု ပြုလုပ်ကြတဲ့ အလှူရှင်တွေနဲ့ ကာယဒါန ပေးကြတဲ့ ပရဟိတ မောင်မယ်တွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်း ပေးလိုက်ရပါတယ် ခင်ဗျာ။

unicode






