အိပန်ဆယ်လို ရေးလိုက်ရင် စစ်ခွေးတွေဆတ်ဆတ်ခါအောင် နာကြတယ်ဆိုတာ ဒီလိုအတွေးခေါ် အရေးသားတွေကြောင့်ပဲ #အိပန်ဆယ်လို မင်းအောင်လှိုင်စစ်တပ်ရဲ့ စစ်သားတွေဟာ အသနားခံလိုစိတ်နဲ့ လည်ပတ်နေတဲ့ အနေအထားမှာ ရှိတယ်။ အဲ့လိုဖြစ်လာတာဟာ ဒီInstitution မှာ ရိုက်ထည့်လာတဲ့ တိုင်းပြည်အတွက် အနစ်နာခံပေးဆပ်နေပါတယ်ဆိုတဲ့ Brainwash ကနေ ပြောင်းပြန်သက်ရောက်လာတဲ့ ကျွန်စိတ်ပဲ။ တကယ့် Standard Army တွေမှာ စစ်သားတွေဟာ ကောင်းကောင်းစားရတယ်။ အစားအသောက်ကို အာဟာရပြည့်ဝအောင် ကျွေးတယ်။
တစ်နေ့ကို အသားဘယ်နှကီလိုဆိုတာမျိုး အာဟာရတွက်ချက်ပြီးကို ကျွေးတာ။ အဲ့လို စစ်သားတွေကို ကြည့်လိုက်။ မြန်မာစစ်သားတွေလို ရှူနာရှိုက်ကုန်း၊ ဗိုက်ပူဖင်ကောက်၊ ၄ပေ၈ စောက်ဂျပုတစ်ကောင်မှ မပါဘူး။ ဒီမှာက ပရိုတင်းဆို ပဲဟင်းလောက်သိတဲ့ ကောင်တွေက သောက်ဆံသက်သာပြီးရော အသားပါလေဟန်နဲ့ ကျွေးတာ။ ငှက်ပျောဖက်ပေါ် ဝက်တောင်မစားတဲ့ ဝက်မစားဆန်ကွဲကြိုနဲ့ ဆားပုံစားရတာကို တိုင်းပြည်အတွက်လို့ တလွဲဆံပင်ကောင်းသလို ငှက်ပျောအူစုပ်ရတာကို ပြည်သူတွေဘက်လှည့်ပြီး နင်တို့ကြောင့်လို့ ပြောချင်သေးတာ။
စစ်အသုံးစားရိတ်ဆိုပြီး တိုင်းပြည်ဘဏ္ဍာရဲ့ အမြင့်ဆုံးကို ယူထားတာ သူတို့မသိဘူး။ ခုနှစ်သောင်းတန်လက်ပစ်ဗုံးကို ခုနှသိန်းတင်ပြီး ဝိုက်နေတာတွေ သူတို့ဥာဏ်မမှီဘူး။ ပဲဟင်းသောက် ငှက်ပျောအူစုပ်နေရတဲ့အချိန်မှာ သူတို့ပထွေးတွေ ထမင်းတစ်ဝိုင်းစာဟာ သူတို့တစ်နှစ်စာ လစာထက်များနေတာ သူတို့မတွေးတတ်ဘူး။ စစ်သုံးဖိနပ် မထောက်ပံ့လို့ ကြက်ပေါင်ဖိနပ်နဲ့ စစ်တိုက်နေချိန်မှာ မင်းအောင်လှိုင်စီးတဲ့ ဖိနပ်တစ်ရံဟာ ဘယ်လောက်တန်လဲ သူတို့မသိဘူး။ စစ်သုံးကျောပိုးအိတ်တောင် မထောက်ပံ့လို့ ခြင်းကျားလွယ် စစ်တိုက်နေရတဲ့ အချိန်မှာ မင်းအောင်လှိုင်မယား ကြူကြူလှနဲ့ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်ရဲ့ လက်ကိုင်အိတ်တန်ဖိုးဟာ သူတို့ဘဝမှာ သေသည်ထိ မြင်မသွားဖူးမယ့် ငွေပမာဏ တန်ကြေးရှိတာ သူတို့မသိဘူး။ တကယ့် Standard Army တွေမှာ စစ်သည်တစ်ယောက်ရဲ့ Equipment တန်ဖိုးဟာ ဒေါ်လာသောင်းချီတန်ဖိုးရှိတယ်ဆိုတာ သူတို့ အိပ်မက်တောင် မမက်ဖူးဘူး။
တိုင်းပြည်အတွက် အသက်စွန့်ပြီး ပြည်သူအတွက် အနစ်နာခံကာကွယ်နေပါတယ်ဆိုတာ စစ်သားတိုင်း သူတို့ကိုယ်သူတို့ ထင်မြင်ယူဆနေတဲ့ အတွေးအခေါ်ပဲ။ တစ်နည်းအားဖြင့် အသနားခံလိုစိတ်ပေါ့။ စစ်တပ်ဝါဒဖြန့်ဇာတ်ကားတွေမှာ ခပ်ပေါပေါ ဒိုင်ယာလော့တွေအဖြစ် ဒင်းကြမ်းမြင်ရတဲ့စကားတွေဟာ စစ်သားတွေရဲ့ အတွေးထဲက တကယ့်အရာတွေပဲ။ ပြည်သူက စစ်အာဏာရှင်အလိုမရှိလို့ ကြွေးကြော်တဲ့အသံကို သူတို့က စစ်တပ်၊ စစ်သား အလိုမရှိလို့ မှတ်ယူကြတယ်။ နာကျည်းကြတယ်။ ပြည်သူကို တုံ့ပြန်ကြတယ်။ ပြည်သူက စစ်အာဏာရှင်အလိုမရှိရုံမက စစ်တပ်ရော စစ်သားပါ အလိုမရှိဖြစ်သွားတာ သူတို့သေနတ်ဖျားကထွက်တဲ့ ကျည်ဆန်ကြောင့်ဆိုတာလည်း သူတို့ မတွေးနိုင်ကြပြန်ဘူး။ ဒီအဖွဲ့အစည်းဟာ အလုံးစုံပျက်သုဉ်းပြီးသား အဖွဲ့အစည်းဖြစ်တယ်။ ပုံလျက်သားပြိုကျဖို့ လက်တစ်လုံးအလိုပဲ ရှိတော့တယ်။ သိပ်အသနားခံချင်တဲ့ အဖွဲ့အစည်း၊ သိပ်မျက်ရည်ချူတဲ့အဖွဲ့အစည်း၊ သိပ်သူရဲကောင်းဖြစ်ချင်တဲ့ အဖွဲ့အစည်း။ အခု ပြည်သူ့ဘက်က နာကျည်းချက်နဲ့ ရန်ငါပြတ်ပြီ။ ဒင်းတို့ ဘယ်သူသေသေ၊ ဘယ်လိုသေသေ ကျေနပ်တယ် ဝမ်းသာတယ် ပီတိဖြာတယ်။ ဒါဟာ သူတို့လို အသနားခံလိုစိတ်၊ သူရဲကောင်းအခေါ်ခံချင်တဲ့ အဖွဲ့အစည်းအတွက် ထိချက်အပြင်းစားကြီးပဲ။ ငါတို့ဘက်ကလည်း ရှင်းတယ်။ စစ်အာဏာရှင်အလိုမရှိလို့ ကြွေးကြော်သူတွေကို ရဲနဲ့ စစ်သားက ပစ်သတ်ကြတဲ့အခါ ရဲနဲ့စစ်သား Khway မသားလို့ ပြောင်းအော်ဖို့ ဝန်လေးနေစရာမရှိဘူး။ ငါတို့က စစ်အာဏာရှင်စနစ် အလိုမရှိလို့ ဟစ်ကြွေးရုံမှာတင် ပြည်သူအလိုမရှိဆိုတာကို သေနတ်နဲ့ ပြသကြတဲ့အခါ ဒီအဖွဲ့အစည်းနဲ့ ဒီပြည်သူဟာ တစ်သက်လုံးမုန်းဖို့ လုံလောက်ပြီ။ ငါတို့ရဲ့မျိုးဆက်က နင်တို့ရဲ့ မျိုးဆက်ကို ချီးတွေ့သလို ရွံအောင် ငါတို့က အိပ်ရာဝင်ပုံပြင်လို ပြောပြပေးသွားမှာ။ ငါတို့သေရင်တောင် ငါတို့မျိုးဆက်က ငါတို့အမုန်းကို ဆက်လက်သယ်ဆောင်သွားပေးမှာ။ စစ်ယူနီဖောင်းနဲ့ ဓါတ်ပုံကို ဂုဏ်ယူစွာ ချိတ်ရဲတဲ့ကိစ္စရပ်မျိုး ငါတို့မျိုးဆက်မှာ မရှိစေရဖို့ ငါတို့က ကျဆုံးသူ ၈၀၀ရဲ့ သွေးတွေကို တိုင်တည်ပြီး ကတိပေးတယ်။ တိုင်းပြည်အတွက် အသက်ပေးတယ်ဆိုတဲ့ ခွေးစကားမျိုးကို မင်းတို့$ပေါက်တွေက ဘယ်တော့မှ $ရှက်မရှိ မထွက်ရဲအောင် ငါတို့က မုန်းပေးကြမှာ။ ပြည်သူမုန်းရင် ဖြေဆေးမရှိ။ မအိမ်လုံးများ စောက်သိဝင်ဖို့။manufansmmnews
manufansmmnews