ၾကားသိရသမွ်

မိခင်ဆုံးပါးပီးနောက် မက်ခဲ့တဲ့ အိပ်မက်အကြောင်းတွေကို ပရိသတ်ကို ပြောပြလာခဲ့တဲ့ တင်ဇာမော်

မိခင်ဆုံးပါးပီးနောက် မက်ခဲ့တဲ့ အိပ်မက်အကြောင်းတွေကို ပရိသတ်ကို ပြောပြလာခဲ့တဲ့ တင်ဇာမော်

ပြီးခဲ့တဲ့လက ဆုံးပါးသွားခဲ့တဲ့ တင်ဇာမော်ရဲ့မိခင်ဖြစ်သူဟာ မဆုံး ပါးခင်မှာ သမီးလေးရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုကို အပြည့်အဝရခဲ့ပြီး ဝေဒ နာရဲ့ နှိပ်စက် မှုတွေ ကြားက နေပဲ ချစ်သမီးလေးရဲ့ ယုယ ကြင်နာမှု တွေ ကြောင့် အငြင် သာဆုံး အနေ အထားနဲ့ ဘဝကူးပြောင်း သွားခဲ့တာပဲဖြစ်ပါ တယ်။

အားကိုးရတဲ့ ချစ်သမီးလေး ကို သားဆယ် ယောက်နဲ့ တောင် မလဲနိုင် ဘူးလို့ အမြဲ တမ်းချီးကျူးခဲ့တဲ့ မိခင်ရဲ့ စကားကြောင့် သူမ ရဲ့ဘဝ မှာ လူဖြစ်ရ ကျိုးနပ် ပြီလို့ ခံယူထားကြောင်း တင်ဇာမော် က ရင်ဖွင့်လာခဲ့ပါတယ်။ဒီနေ့မှာလည်း မိခင်မဆုံးပါးခင်မှာ သူမ မက်ခဲ့တဲ့ အိပ်မက် အကြောင်းကို ဖွင့်ပြောလာခဲ့ တာဖြစ်ပါတယ်။

မိခင်ဆုံးမယ့်ရက်ရဲ့ မနက်အစောပိုင်းမှာ လွန်ခဲ့တဲ့ (၁၁) နှစ်နဲ့ (၈) လ အကြာက ဆုံးပါးသွားခဲ့တဲ့ ဖခင်ဖြစ်သူကို အိပ်မက်တွေ မက်ခဲ့ပြီး အိပ်မက်မက်တိုင်း စကားမပြောတဲ့ ဖခင်ဟာ သူမ ကို ထူးထူး ဆန်းဆန်း စကားတွေ အများကြီးပြောခဲ့ တယ်လို့ ဆိုပါတယ်။

မိခင်ကွယ်လွန်ပြီး (၁၂) ရက် အကြာမှာတော့ ဆုံးပါးသွားတဲ့မိခင်ရဲ့ အကြိုက်ဆုံးအစားအစာ ဖြစ်တဲ့ ပဲပြုတ် ထမင်းနယ်ကို ခွံ့ကျွေးနေတဲ့ပုံစံ အိပ်မက်မက် ကြောင်း သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားခဲ့ပါတယ်။မိခင် မဆုံးခင် မှာလည်း နားနားကပ်ပြီး မြေးတွေရှိတဲ့အင်္ဂလန်ကို တန်းတန်းမတ်မတ် သွားဖို့ မှာခဲ့တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

လူ့ အခွင့် အရေးအပြည့်အဝ ရတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာသိပ်ကိုကံကောင်းပါတယ်။ ကောင်းမှု ကုသိုလ် တွေ ပဲလုပ် ခဲ့တဲ့ မိခင်ကြီးအတွက် ထပ်လောင်းကုသိုလ် လေးတွေကို အင်္ဂလန်မှာရော မြန်မာပြည်မှာပါ အတူတူ လုပ်ပေးခဲ့ပြီး မိခင်ကြီး တစ်ယောက် ကောင်း မွန်မြင့်မြတ်တဲ့ ဘုံဘဝရောက်အောင် အထောက် အပံ့ ကောင်းတွေ လုပ်ပေးနေ ဆဲပဲဖြစ်ပါတယ်။

Credit

မိခင္ဆုံးပါးပီးေနာက္ မက္ခဲ့တဲ့ အိပ္မက္အေၾကာင္းေတြကို ပရိသတ္ကို ေျပာျပလာခဲ့တဲ့ တင္ဇာေမာ္

ၿပီးခဲ့တဲ့လက ဆုံးပါးသြားခဲ့တဲ့ တင္ဇာေမာ္ရဲ႕မိခင္ျဖစ္သူဟာ မဆုံး ပါးခင္မွာ သမီးေလးရဲ႕ အနီးကပ္ျပဳစုေစာင့္ေရွာက္မႈကို အျပည့္အဝရခဲ့ၿပီး ေဝဒ နာရဲ႕ ႏွိပ္စက္ မႈေတြ ၾကားက ေနပဲ ခ်စ္သမီးေလးရဲ႕ ယုယ ၾကင္နာမႈ ေတြ ေၾကာင့္ အျငင္ သာဆုံး အေန အထားနဲ႔ ဘဝကူးေျပာင္း သြားခဲ့တာပဲျဖစ္ပါ တယ္။

အားကိုးရတဲ့ ခ်စ္သမီးေလး ကို သားဆယ္ ေယာက္နဲ႔ ေတာင္ မလဲႏိုင္ ဘူးလို႔ အၿမဲ တမ္းခ်ီးက်ဴးခဲ့တဲ့ မိခင္ရဲ႕ စကားေၾကာင့္ သူမ ရဲ႕ဘဝ မွာ လူျဖစ္ရ က်ိဳးနပ္ ၿပီလို႔ ခံယူထားေၾကာင္း တင္ဇာေမာ္ က ရင္ဖြင့္လာခဲ့ပါတယ္။ဒီေန႔မွာလည္း မိခင္မဆုံးပါးခင္မွာ သူမ မက္ခဲ့တဲ့ အိပ္မက္ အေၾကာင္းကို ဖြင့္ေျပာလာခဲ့ တာျဖစ္ပါတယ္။

မိခင္ဆုံးမယ့္ရက္ရဲ႕ မနက္အေစာပိုင္းမွာ လြန္ခဲ့တဲ့ (၁၁) ႏွစ္နဲ႔ (၈) လ အၾကာက ဆုံးပါးသြားခဲ့တဲ့ ဖခင္ျဖစ္သူကို အိပ္မက္ေတြ မက္ခဲ့ၿပီး အိပ္မက္မက္တိုင္း စကားမေျပာတဲ့ ဖခင္ဟာ သူမ ကို ထူးထူး ဆန္းဆန္း စကားေတြ အမ်ားႀကီးေျပာခဲ့ တယ္လို႔ ဆိုပါတယ္။

မိခင္ကြယ္လြန္ၿပီး (၁၂) ရက္ အၾကာမွာေတာ့ ဆုံးပါးသြားတဲ့မိခင္ရဲ႕ အႀကိဳက္ဆုံးအစားအစာ ျဖစ္တဲ့ ပဲျပဳတ္ ထမင္းနယ္ကို ခြံ႕ေကြၽးေနတဲ့ပုံစံ အိပ္မက္မက္ ေၾကာင္း သူမရဲ႕လူမႈကြန္ယက္မွာ ေရးသားထားခဲ့ပါတယ္။မိခင္ မဆုံးခင္ မွာလည္း နားနားကပ္ၿပီး ေျမးေတြရွိတဲ့အဂၤလန္ကို တန္းတန္းမတ္မတ္ သြားဖို႔ မွာခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါေသးတယ္။

လူ႔ အခြင့္ အေရးအျပည့္အဝ ရတဲ့ႏိုင္ငံေတြမွာ လူျဖစ္ရတာသိပ္ကိုကံေကာင္းပါတယ္။ ေကာင္းမႈ ကုသိုလ္ ေတြ ပဲလုပ္ ခဲ့တဲ့ မိခင္ႀကီးအတြက္ ထပ္ေလာင္းကုသိုလ္ ေလးေတြကို အဂၤလန္မွာေရာ ျမန္မာျပည္မွာပါ အတူတူ လုပ္ေပးခဲ့ၿပီး မိခင္ႀကီး တစ္ေယာက္ ေကာင္း မြန္ျမင့္ျမတ္တဲ့ ဘုံဘဝေရာက္ေအာင္ အေထာက္ အပံ့ ေကာင္းေတြ လုပ္ေပးေန ဆဲပဲျဖစ္ပါတယ္။

Credit