ရန်ကုန်ထန်းတပင် တာဆုံရဲကင်းကို PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး ကျည်ထိမှန်သေဆုံး(ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် ရဲ အင်အား ၁၀ ဦးခန့်ရှိ တာဆုံရဲကင်းစခန်းကို ပြည်သူ့တော်လှန်ရေးတပ်သားများက ယနေ့ နံနက် ၁၁ နာရီ ၃၀ အချိန်တွင်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းPDF က သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်အထိ ရဲအလောင်းများကို လာရောက် မကောက်ယူသေးဘဲ စခန်းတွင်း ထားရှိကြောင်း၊ PDF က ပစ်ခတ်တိုက်ခိုက်နေစဉ် ပစ်ကွင်းထဲသို့ မထင်မှတ်ဘဲ ကလေးငယ်တစ်ဦး ဝင်ရောက်လာမှုကြောင့် ကလေးငယ် ဘေးကင်းရေးအတွက် ပစ်ခတ်မှုကို စိတ်တိုင်းကျ မလုပ်ဆောင်နိုင်တော့ဘဲ ပစ်အားလျှော့ချပြီး တိုက်ခိုက်ခဲ့ရကြောင်း၊ ထို့ကြောင့် ရဲ ၃ ဦးသာ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

unicode



