သၾက္န္ပိတ္ရက္ ပုဂံသို႔ ဘုရားဖူးလာရင္း မေမၽွာ္လင့္ပဲ အသက္ဆုံးပါးသြားရတဲ့ ၁၁ ႏွစ္အရြယ္ သမီးငယ္ေလးရဲ့ အေၾကာင္းပါ
သတိထားဖို႔အရမ္းအေရးႀကီးပါတယ္
သၾက္န္ပိတ္ရက္ ပုဂံသို႔ ဘုရားဖူးလာရင္း မေမၽွာ္လင့္ပဲ အသက္ဆုံးပါးသြားရတဲ့ ၁၁ ႏွစ္အရြယ္ သမီးငယ္ေလးရဲ့ အေၾကာင္းပါ
အႀကိဳေန႔ညဘက္ ၉ ခြဲ ၁၀ နာရီေလာက္ ကၽြန္ေတာ့ထံ ဖုန္းဝင္လာတယ္ ေညာင္ဦး အထူးကုေဆး႐ုံတခုမွ တက္ေရာက္ေဆးကုသရင္း လူနာအား မႏၲေလးေဆး႐ုံႀကီးသို႔ ခ်က္ခ်င္းလြဲေျပာင္းေပးဖို႔ပါ
ေအာက္စီဂ်င္လည္း ေတာ္ေတာ္က်ေနတယ္တဲ့ ဒါနဲ႔ပဲ ေအာက္စီဂ်င္အိုးေတြနဲ႔ လိုအပ္မယ္ထင္တဲ့ အရာေတြ ခ်က္ခ်င္းျပင္ဆင္ၿပီး အသင္းမွ ခ်က္ခ်င္း ထြက္ခြာခဲ့လိုက္တယ္
ေညာင္ဦးေဆးခန္းေရာက္လို႔ လူနာအေၾကာင္း ေမးျမန္းၾကည့္ေတာ့မွ စိတ္မေကာင္းစရာ အေၾကာင္းစုံသိလိုက္ရတယ္
ျဖစ္စဥ္က ပုဂံကို မိသားစု ဘုရားဖူးလာၾကတယ္ ေမာ္ဒယ္ျမင့္ ကားႏွစ္စီးနဲ႔ပါ ဟိုတယ္ကိုေတာ့ အခန္း ႀကိဳတင္ဘြတ္ကင္လုပ္ထားၿပီးသား ၄ ခန္း
ဒီလိုနဲ႔ ပုဂံေရာက္ အခန္းတန္းမဝင္ေသးပဲ ဘုရားဖူးလည္လိုက္ၾကေသးတာ ညေန ၃ နာရီေလာက္မွ ဟိုတယ္ျပန္နားၾကတယ္တဲ့ ျဖစ္ခ်င္ေတာ့ ခုဆုံးသြားတဲ့ သမီးေလးက မွန္အလုံပိတ္ ကားတစ္စီးထဲမွာ အိပ္ေပ်ာ္ၿပီး က်န္ေနခဲ့လိုက္တာ ဘယ္သူမွမသိလိုက္ၾကဘူးတဲ့
ဒီကေလးကိုထိန္းဖို႔ ေခၚလာတဲ့တေယာက္ကလည္း မသိလိုက္ဘူး ယူထားတာလည္း အခန္းက ၄ ခန္းဆိုေတာ့ အခန္းတခုခုထဲမွာေတာ့ ရွိမွာပဲေပါ့ ေရမိုးခ်ိဳး တေရးတေမာအိပ္ၾကၿပီး ညေန ၆ နာရီမွာ ျပန္ထြက္ၾကမယ္ လုပ္ေတာ့မွ ကေလးေပ်ာက္ေနတာကို သိလိုက္ၾကရတာပါတဲ့
သိလိုက္ၾကတဲ့အခ်ိန္မွာ ကေလးက သတိလစ္ၿပီး တကိုယ္လုံး ေျခေတြလက္ေတြပါ ေကြးေကာက္ေနပါၿပီ သိသိခ်င္း ေဆးခန္းပို႔ ၁၃ ရက္ညေန ထိုမွ မႏၲေလးဆက္ပို႔ ၁၅ ရက္ေန႔ မနက္ ၃ နာရီေလာက္မွာမွ ဆုံးသြားပါၿပီတဲ့ ကံဆိုးလိုက္တာ သမီးေလးရယ္
ျပဳခဲ့သမၽွ ေကာင္းမႈကုသိုလ္မ်ားနဲ႔ အမၽွအတမ္း ေပးေဝပါတယ္ အမၽွအမၽွအမၽွပါ သမီးေလးေရးးး
သမီးကေလး ေကာင္းရာဘုံဘဝသို႔ အျမန္ဆုံးေရာက္ရွိပါေစ ျဖစ္ေလရာဘဝတိုင္း ယခုလို အျဖစ္ဆိုးမ်ိဳး ဘယ္ေတာ့မွ မၾကဳံေတြ႕ပါေစနဲ႔လို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္
Crd
ေတာက္တိုမယ္ရ ပုဂံကကိုကို
ပုဂံေဒသ ကူမႈကူညီကယ္ဆယ္ေရး အဖြဲ႕
09450038543
unicode
သကြ်န်ပိတ်ရက် ပုဂံသို့ ဘုရားဖူးလာရင်း မမျှော်လင့်ပဲ အသက်ဆုံးပါးသွားရတဲ့ ၁၁ နှစ်အရွယ် သမီးငယ်လေးရဲ့ အကြောင်းပါ
သတိထားဖို့အရမ်းအရေးကြီးပါတယ်
သကြ်န်ပိတ်ရက် ပုဂံသို့ ဘုရားဖူးလာရင်း မမျှော်လင့်ပဲ အသက်ဆုံးပါးသွားရတဲ့ ၁၁ နှစ်အရွယ် သမီးငယ်လေးရဲ့ အကြောင်းပါ
အကြိုနေ့ညဘက် ၉ ခွဲ ၁၀ နာရီလောက် ကျွန်တော့ထံ ဖုန်းဝင်လာတယ် ညောင်ဦး အထူးကုဆေးရုံတခုမှ တက်ရောက်ဆေးကုသရင်း လူနာအား မန္တလေးဆေးရုံကြီးသို့ ချက်ချင်းလွဲပြောင်းပေးဖို့ပါ
အောက်စီဂျင်လည်း တော်တော်ကျနေတယ်တဲ့ ဒါနဲ့ပဲ အောက်စီဂျင်အိုးတွေနဲ့ လိုအပ်မယ်ထင်တဲ့ အရာတွေ ချက်ချင်းပြင်ဆင်ပြီး အသင်းမှ ချက်ချင်း ထွက်ခွာခဲ့လိုက်တယ်
ညောင်ဦးဆေးခန်းရောက်လို့ လူနာအကြောင်း မေးမြန်းကြည့်တော့မှ စိတ်မကောင်းစရာ အကြောင်းစုံသိလိုက်ရတယ်
ဖြစ်စဉ်က ပုဂံကို မိသားစု ဘုရားဖူးလာကြတယ် မော်ဒယ်မြင့် ကားနှစ်စီးနဲ့ပါ ဟိုတယ်ကိုတော့ အခန်း ကြိုတင်ဘွတ်ကင်လုပ်ထားပြီးသား ၄ ခန်း
ဒီလိုနဲ့ ပုဂံရောက် အခန်းတန်းမဝင်သေးပဲ ဘုရားဖူးလည်လိုက်ကြသေးတာ ညနေ ၃ နာရီလောက်မှ ဟိုတယ်ပြန်နားကြတယ်တဲ့ ဖြစ်ချင်တော့ ခုဆုံးသွားတဲ့ သမီးလေးက မှန်အလုံပိတ် ကားတစ်စီးထဲမှာ အိပ်ပျော်ပြီး ကျန်နေခဲ့လိုက်တာ ဘယ်သူမှမသိလိုက်ကြဘူးတဲ့
ဒီကလေးကိုထိန်းဖို့ ခေါ်လာတဲ့တယောက်ကလည်း မသိလိုက်ဘူး ယူထားတာလည်း အခန်းက ၄ ခန်းဆိုတော့ အခန်းတခုခုထဲမှာတော့ ရှိမှာပဲပေါ့ ရေမိုးချိုး တရေးတမောအိပ်ကြပြီး ညနေ ၆ နာရီမှာ ပြန်ထွက်ကြမယ် လုပ်တော့မှ ကလေးပျောက်နေတာကို သိလိုက်ကြရတာပါတဲ့
သိလိုက်ကြတဲ့အချိန်မှာ ကလေးက သတိလစ်ပြီး တကိုယ်လုံး ခြေတွေလက်တွေပါ ကွေးကောက်နေပါပြီ သိသိချင်း ဆေးခန်းပို့ ၁၃ ရက်ညနေ ထိုမှ မန္တလေးဆက်ပို့ ၁၅ ရက်နေ့ မနက် ၃ နာရီလောက်မှာမှ ဆုံးသွားပါပြီတဲ့ ကံဆိုးလိုက်တာ သမီးလေးရယ်
ပြုခဲ့သမျှ ကောင်းမှုကုသိုလ်များနဲ့ အမျှအတမ်း ပေးဝေပါတယ် အမျှအမျှအမျှပါ သမီးလေးရေးးး
သမီးကလေး ကောင်းရာဘုံဘဝသို့ အမြန်ဆုံးရောက်ရှိပါစေ ဖြစ်လေရာဘဝတိုင်း ယခုလို အဖြစ်ဆိုးမျိုး ဘယ်တော့မှ မကြုံတွေ့ပါစေနဲ့လို့လည်း ဆုတောင်းပေးလိုက်ပါတယ်
Crd
တောက်တိုမယ်ရ ပုဂံကကိုကို
ပုဂံဒေသ ကူမှုကူညီကယ်ဆယ်ရေး အဖွဲ့
09450038543



