ဇေယျာသော် နောက်ဆုံးသီဆိုသွားခဲ့တဲ့ သီချင်းလေးကို ထုတ်လွှင့်လိုက်ပါပြီ…၀င်ကြည့်ပေးသွားကြပါအုံး
ဆဏ်း /People’s Spring
အကြမ်းဖက်စစ်ကောင်စီ၏ မတရားသေဒဏ်ပြစ်ဒဏ်စီရင်ခံခဲ့ရသည့် ဇေယျာသော် နောက်ဆုံးသီဆိုသွားသည့် သီချင်းကို We Click ယူကျူ့ ၌ တင်ထားပြီး
ယင်းသီချင်းမှရရှိလာသည့်ငွေများကို တော်လှန်ရေးအတွက်အသုံးပြုမည်ဟု ရန်ရန်ချန်းက အသိပေးထားသည်။
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါတယ်။
“ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့သီချင်းလေးဖြစ်ပါတယ်။
အမှန်ကဒီသီချင်းလေးမှာ တစ်ခြားသူငယ်ချင်းတွေပါပါသေးတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့သုံးယောက်ပဲပါနိုင်ခဲ့ပါတယ်။
တိုင်းပြည်အခြေအနေကြောင့် ကျွန်တော်တို့မထုတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပေမယ့်
ဒီအချိန်ဟာထုတ်ဖို့အသင့်ဆုံးလို့ ယူစရာရော ၊ ဒီသီချင်းလေးကို ဝိုင်းclick ရာကရတဲ့ငွေတွေကို
တော်လှန်ရေးအတွက်အသုံးပြုချင်တာရောကြောင့် ထုတ်ဖြစ်ခဲ့ပါတယ် ” ဟု ရန်ရန်ချန်းက ရေးသားထားသည်။
သီချင်း၏အမည်မှာ ‘ငါတို့ဒဏ္ဍာရီ’ ဖြစ်ပြီး ဇေယျာသော် ၊ရန်ရန်ချန်း နှင့် R ဇာနည်တို့က သီဆိုထားသည်။
သီချင်းဖြန့်ချိသည့် ဇူလိုင် ၂၅ သည် Acid အဖွဲ့၏ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။
ယင်းသီချင်းကို We Click ယူကျူ့ချန်နယ်၌ ည ၉နာရီခွဲတွင်တင်ပေးမည်ဟု ကြေညာခဲ့သော်လည်း
ယူကျူ့ဘက်က စီစစ်နေသောကြောင့်ဟုဆိုကာ အချိန်၁နာရီခန့်နောက်ကျ၍ တင်ခဲ့ရသည်။
ယင်းသီချင်း၏နောက်ဆုံးတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်သည့် အချိန်က ဇေယျာသော်၏ အင်တာဗျူးကိုလည်း ထည့်ပေးထားသည်။
ယင်းသီချင်းကိုနားထောင်၍ ပရိသတ်များက ဇေယျာသော်ကိုသတိရကြောင်း နှင့်
၎င်းတို့၏ စိတ်ထဲတွင် အမြဲရှိနေမည့် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပေးထားကြသည်။
ဗီဒီယိုဖိုင်တင်ထားသည့် နှစ်နာရီကျော် အချိန်အတွင်း ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းကျော်ရှိသည်။
အောက်ဆုံးတွင် ရုပ်သံကြည့်ရန်