သတိထားစရာ
မနေ့ကပေါ့ အိမ်က အဒေါ်ရဲ့ဖုန်းကို ယောကျာ်းအသံနဲ့ “ဒီဖုန်းကနိုင်ငံရေး လုပ်ထားတာလားလို့ မေးပါတယ် အဒေါ်ကလည်း မလုပ်ပါဖူးရှင်လို့ ပြန်ဖြေပါတယ် ။
ဖုန်းဆက်လာတဲ့သူက သေချာလားပေါ့ ဒီဖုန်းနံပါတ်နဲ့ နိုင်ငံရေးလုပ်ထားတာတွေရှိတဲ့အထောက်အထားတွေ စစ်ဆေးတွေ့ရှိရတယ် ဆိုပြီးပြန်ပြောပါတယ်။
အာ့အချိန် သူနဲ့ပြောရင်း အမအဒေါ်ကလဲ လူကြီးဆိုတော့ နည်းနည်းကြောက်နေပြီး အသံတုန်တုန်နဲ့ မလုပ်ပါဖူးပေါ့နော် ငြင်းပါတယ် ။
သူတို့ဘက်က အခုစခန်းမှာ ရှင်းဖို့လာဖမ်းကြမယ်လို့ ထပ်ပြောပါတယ် ပြီးတော့ သူက ဘယ်စခန်းမှူးဆိုလား စိုးဝင်းပါ ဘယ်ရာထူးနဲ့ပါဆိုပြီး သူ့ကိုယ်သူ ပြောပါတယ် ပြီးတော့ ပိုက်ဆံကိစ္စ သိန်း၅၀တောင်းပါတယ် ။
အကယ်၍ အခုလို ညှိလို့ အဆင်မပြေရင် စခန်းရောက်တဲ့အခါ ငွေပိုကုန်မယ်လို့ ” ခြိမ်းခြောက်ပါတယ်ဒါနဲ့ပဲ အဒေါ်ကကြောက်နေတော့မပြောတတ်တော့ဘူး ဖြစ်နေချိန် အမက ဖုန်းလုယူပြီး…
“ရှင်ဘယ်ဌာနကဘယ်သူလည်းလို့ ထပ် ပြောပါ ကျွန်မတို့လည်းကိုယ့်အဆက်အသွယ်တွေရှိပါတယ် ရှင့်ရဲ့ဌာနနဲ့ ရာထူးကိုသေချာပြောပြပါ” … လို့ပြောတော့မှ အာ့ဒီဖုန်းဆက်သူက စကားလျှောသွားပြီး သားက စ နေတာ ဘယ်သူလည်း ခုထိမသိဘူးလား ကိုယ့်တူ ကိုယ့်သား ကိုယ့်မိတ်ဆွေမှန်းတောင် မသိဘူးလားလို့ “… ပြောပါတယ် ။
အဒေါ်ကလည်း နောက်နေတယ်ထင်ပြီး သူ့မိတ်ဆွေထဲမှာလည်း အဲ့ဒီ စိုးဝင်းဆိုတာလည်း ရှိနေတော့
ဪ ကိုစိုးဝင်းလားဆိုပြီး ပြန်မေးလိုက်မိတဲ့အခါ သူကလည်း ချော်လဲရောထိုင်ပြီး ဟုတ်တယ် ကိုစိုးဝင်းပါပေါ့ဆိုပြီး ပြန်ရွှီး ကိုစိုးဝင်းနေကောင်းလား အသံကလည်းပြောင်းနေလို့ မမှတ်မိဘူးဆိုကာမှ ကျွန်တော် နေမကောင်းလို့ အသံလဲပြောင်းနေတာဆိုပြီး ဆက်ဂုံးဆင်းပါတယ် ။
သူ ခုလို နောက်ပြီး ဖုန်းဆက်တာကိုလည်း ဘယ်သူ့မှ မပြောနဲ့ပေါ့ ပြီးတော့ကျွန်တော့ကို ပိုက်ဆံလေး ၂သိန်းလောက် ချေးပေးပါဦးလို့ ဆက်ပြောပါတယ် အဒေါ်က စပီကာဖွင့်ထားတော့အကုန်ကြားနေရတာမို့ အမကလည်း ဟုတ်ပြီ ရှင်ဦးစိုးဝင်းဆိုတာသေချာဖို့ Viber ကနေ VC ခေါ်မယ် ပြောလိုက်တယ် ရှင်ဟုတ်တယ်ဆိုရင် ငွေ ချေးပေးပါမယ်ပြောမှ သူက အာ့ဆို ခနနေပြန်ဆက်ခဲ့မယ်နော်ဆိုပြီး ဖုန်းချသွားပါတယ် ။
တကယ်တော့ လူလိမ်ပါ နိုင်ငံရေး အခြေအနေ မကောင်းတဲ့အချိန်မှာလူကိုကြောက်အောင် အားနည်းချက်ဖြစ်မယ်ထင်တဲ့အရာတွေကို အရင်ပြောပြီး ငွေညစ်ချင်ကြတာပါ ကိုယ်တွေလည်း ရုတ်တရက်ဆိုတော့ ကြောက်မိပါတယ်ဒါပေမဲ့စိတ်ကို အေးအေးထားပြီး သေ”ချာ” စစ်ဆေးရပါမယ်။
တခါတလေ ဖုန်းဆက်လာတဲ့သူတွေရှိတတ်ပါတယ် အစ်မဖုန်းနံပါတ်လေးက ဘယ် Promotion လေးမှာ ဘာလေးပေါက်သွားတာ ဒါကြောင့် ဘယ်ဆုကြီးရသွားပါတယ် ပို့ပေးဖို့ လိပ်စာလေးပို့ပေးပါ တန်ဆာခလေးတော့ဘယ်လောက်ကျသင့်တာမို့အမတို့ ဘက်က တန်ဆာခ တော့ ကျခံပေးရပါမယ်ဆိုတဲ့ လိမ်နည်းမျိုးတွေဆိုယုံကိုမယုံသင့်တော့ပါဘူးနော်
ဟိုနေ့က ဒီလောက်လူစည်ကားတဲ့ ရွှေတိဂုံဘုရားခြေရင်းမှာမှခေါင်း၂ ခွ မြွေပြမယ်တယောက်၂၀၀၀ ထည့်ပါဆိုတာကိုအလုအယက်ထည့်နေကြတဲ့ညဏ် နည်းလူတန်းစားတွေ အထူးဖတ် ဆင်ခြင်တတ်ကြပါစေ ။
ကိုယ်တွေဘက်ကလည်း သူတို့ဟာ တကယ်ဟုတ် မဟုတ် ပြတ်သားရဲတင်းစွာ ပြန်ထောက်ပြ သေချာ ပြန်စစ်ဆေးတတ်ရပါမယ် နိုင်ငံရေးဆိုတာနဲ့ သူတို့အကွက်ထဲ မဝင်စေ့ချင်ပါဘူး ။
ကြောက်ကြောက်နဲ့ မသွားရပြီးရောဆိုပြီး ညှိလိုက်တာမျိုးလည်းမဖြစ်စေချင်ဘူး တခါတလေ လမ်းသွားရင်း စပ်တပ်ကစစ်ဆေးတာ မင်းဖုန်းပြစမ်းဆိုရင်လဲ ယူနီဖောင်းဝတ်မထားရင် ယုံဖို့ သိပ်မလို တအားမကြောက်ကြပါနဲ့ ။
အာ့လိုနဲ့ ဖုန်းတွေကို အတည်ပေါက်ကြီးသိမ်းသွားပြီး အာ့ဒီမှာစောင့်နေ အပြစ်မရှိရင် ငါတို့ပြန်လာပေးမယ်ဆိုလို့ ညနေစောင်းထိ ဖုန်းထိုင်စောင့်နေတဲ့ ရိုး အ သူတွေ အကြောင်းကိုလဲဆက်တိုက်ကြားရပါတယ် ။
သူတို့လိမ်တာက ငွေပါ ကိုယ်တွေကို စိတ်အနှောင့်အယှက်ပေးပြီး ငွေညစ်ချင်တာပါဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာငွေကြေးကိစ္စနဲ့ဘယ်သူမှန်းမသိဖုန်းဆက်လာရင် သတိထားကြပါနော်ကိုယ်တွေက ကိုယ့်တွေ့မို့ အခုလို အများသိစေချင်လို့ ရေးပြရတာပါ ။
ကိုယ့်လို ကြုံတွေ့လာမယ်ဆို ဖြေရှင်းတတ်စေချင်လို့ပါတခဏတော့ ကြောက်ရွံ့မိသွားပေမဲ့သူ့ ရုပ်ကို ပြန်ပြခိုင်းမှ ပြန်ဆက်သွယ်လာမယ်ဆိုပြီး ဖုန်းချလစ်ပြေးသွားပါတယ် ။
ဖုန်းဘီလ်လေး တကျပ်တပြားရဖို့ ဖုန်းNoတွေ fb မှာ သွားသွားမန့်တာလဲ အရမ်းအန္တာရာယ်များပါတယ် မလုပ်ကြပါနဲ့ ကျမအဒေါ်က အိမ်ထဲက အိမ်ပြင်တောင်မထွက် သူ့အိမ်အလုပ်နဲ့သူ အိမ်ထဲ တိုင်ပတ်နေတဲ့သူကိုမှ စစ်ဆေးဖို့ ရဲစခန်းခေါ်စစ်ရမယ်ဆိုထဲက ယုတ္တိမရှိတော့ပါ။
ဒါကြောင့် ဒီလိုပုံစံ လူလိမ်တွေနဲ့တွေ့တဲ့အခါ မကြောက်ပဲ ကိုယ့်အသိမိတ်ဆွေတွေ လူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ဖြေရှင်းကြပါနော်။
လူလိမ်ကောင်ရဲ့ ဖုန်းနံပါတ်က 09404122215 ပါ…
#CrdOrginalUploader
Zawgyi
သတိထားစရာ
မနေ့ကပေါ့ အိမ်က အဒေါ်ရဲ့ဖုန်းကို ယောကျာ်းအသံနဲ့ “ဒီဖုန်းကနိုင်ငံရေး လုပ်ထားတာလားလို့ မေးပါတယ် အဒေါ်ကလည်း မလုပ်ပါဖူးရှင်လို့ ပြန်ဖြေပါတယ် ။
ဖုန်းဆက်လာတဲ့သူက သေချာလားပေါ့ ဒီဖုန်းနံပါတ်နဲ့ နိုင်ငံရေးလုပ်ထားတာတွေရှိတဲ့အထောက်အထားတွေ စစ်ဆေးတွေ့ရှိရတယ် ဆိုပြီးပြန်ပြောပါတယ်။
အာ့အချိန် သူနဲ့ပြောရင်း အမအဒေါ်ကလဲ လူကြီး
ဆိုတော့ နည်းနည်းကြောက်နေပြီး အသံတုန်တုန်နဲ့
မလုပ်ပါဖူးပေါ့နော် ငြင်းပါတယ် ။
သူတို့ဘက်က အခုစခန်းမှာ ရှင်းဖို့လာဖမ်းကြမယ်လို့ ထပ်ပြောပါတယ် ပြီးတော့ သူက ဘယ်စခန်းမှူးဆိုလား စိုးဝင်းပါ ဘယ်ရာထူးနဲ့ပါဆိုပြီး သူ့ကိုယ်သူ ပြောပါတယ် ပြီးတော့ ပိုက်ဆံကိစ္စ သိန်း၅၀တောင်းပါတယ် ။
အကယ်၍ အခုလို ညှိလို့ အဆင်မပြေရင် စခန်းရောက်တဲ့အခါ ငွေပိုကုန်မယ်လို့ ” ခြိမ်းခြောက်ပါတယ်ဒါနဲ့ပဲ အဒေါ်ကကြောက်နေတော့မပြောတတ်တော့ဘူး ဖြစ်နေချိန် အမက ဖုန်းလုယူပြီး…
“ရှင်ဘယ်ဌာနကဘယ်သူလည်းလို့ ထပ် ပြောပါ ကျွန်မတို့လည်းကိုယ့်အဆက်အသွယ်တွေရှိပါတယ် ရှင့်ရဲ့ဌာနနဲ့ ရာထူးကိုသေချာပြောပြပါ” … လို့ပြောတော့မှ အာ့ဒီဖုန်းဆက်သူက စကားလျှောသွားပြီး သားက စ နေတာ ဘယ်သူလည်း ခုထိမသိဘူးလား ကိုယ့်တူ ကိုယ့်သား ကိုယ့်မိတ်ဆွေမှန်းတောင် မသိဘူးလားလို့ “… ပြောပါတယ် ။
အဒေါ်ကလည်း နောက်နေတယ်ထင်ပြီး သူ့မိတ်ဆွေထဲမှာလည်း အဲ့ဒီ စိုးဝင်းဆိုတာလည်း ရှိနေတော့
ဪ ကိုစိုးဝင်းလားဆိုပြီး ပြန်မေးလိုက်မိတဲ့အခါ သူကလည်း ချော်လဲရောထိုင်ပြီး ဟုတ်တယ် ကိုစိုးဝင်းပါပေါ့ဆိုပြီး ပြန်ရွှီး ကိုစိုးဝင်းနေကောင်းလား အသံကလည်းပြောင်းနေလို့ မမှတ်မိဘူးဆိုကာမှ ကျွန်တော် နေမကောင်းလို့ အသံလဲပြောင်းနေတာဆိုပြီး ဆက်ဂုံးဆင်းပါတယ် ။
သူ ခုလို နောက်ပြီး ဖုန်းဆက်တာကိုလည်း ဘယ်သူ့မှ မပြောနဲ့ပေါ့ ပြီးတော့ကျွန်တော့ကို ပိုက်ဆံလေး ၂သိန်းလောက် ချေးပေးပါဦးလို့ ဆက်ပြောပါတယ် အဒေါ်က စပီကာဖွင့်ထားတော့အကုန်ကြားနေရတာမို့ အမကလည်း ဟုတ်ပြီ ရှင်ဦးစိုးဝင်းဆိုတာသေချာဖို့ Viber ကနေ VC ခေါ်မယ် ပြောလိုက်တယ် ရှင်ဟုတ်တယ်ဆိုရင် ငွေ ချေးပေးပါမယ်ပြောမှ သူက အာ့ဆို ခနနေပြန်ဆက်ခဲ့မယ်နော်ဆိုပြီး ဖုန်းချသွားပါတယ် ။
တကယ်တော့ လူလိမ်ပါ နိုင်ငံရေး အခြေအနေ
မကောင်းတဲ့အချိန်မှာလူကိုကြောက်အောင် အားနည်းချက်ဖြစ်မယ်ထင်တဲ့အရာတွေကို အရင်ပြောပြီး ငွေညစ်ချင်ကြတာပါ ကိုယ်တွေလည်း ရုတ်တရက်ဆိုတော့ ကြောက်မိပါတယ်ဒါပေမဲ့စိတ်ကို အေးအေးထားပြီး သေ”ချာ” စစ်ဆေးရပါမယ်။
တခါတလေ ဖုန်းဆက်လာတဲ့သူတွေရှိတတ်ပါတယ် အစ်မဖုန်းနံပါတ်လေးက ဘယ် Promotion လေးမှာ ဘာလေးပေါက်သွားတာ ဒါကြောင့် ဘယ်ဆုကြီးရသွားပါတယ် ပို့ပေးဖို့ လိပ်စာလေးပို့ပေးပါ တန်ဆာခလေးတော့ဘယ်လောက်ကျသင့်တာမို့အမတို့ ဘက်က တန်ဆာခ တော့ ကျခံပေးရပါမယ်ဆိုတဲ့ လိမ်နည်းမျိုးတွေဆိုယုံကိုမယုံသင့်တော့ပါဘူးနော်
ဟိုနေ့က ဒီလောက်လူစည်ကားတဲ့ ရွှေတိဂုံဘုရားခြေရင်းမှာမှခေါင်း၂ ခွ မြွေပြမယ်တယောက်၂၀၀၀ ထည့်ပါဆိုတာကိုအလုအယက်ထည့်နေကြတဲ့ညဏ် နည်းလူတန်းစားတွေ အထူးဖတ် ဆင်ခြင်တတ်ကြပါစေ ။
ကိုယ်တွေဘက်ကလည်း သူတို့ဟာ တကယ်ဟုတ် မဟုတ် ပြတ်သားရဲတင်းစွာ ပြန်ထောက်ပြ သေချာ ပြန်စစ်ဆေးတတ်ရပါမယ် နိုင်ငံရေးဆိုတာနဲ့ သူတို့အကွက်ထဲ မဝင်စေ့ချင်ပါဘူး ။
ကြောက်ကြောက်နဲ့ မသွားရပြီးရောဆိုပြီး ညှိလိုက်တာမျိုးလည်းမဖြစ်စေချင်ဘူး တခါတလေ လမ်းသွားရင်း စပ်တပ်ကစစ်ဆေးတာ မင်းဖုန်းပြစမ်းဆိုရင်လဲ ယူနီဖောင်းဝတ်မထားရင် ယုံဖို့ သိပ်မလို တအားမကြောက်ကြပါနဲ့ ။
အာ့လိုနဲ့ ဖုန်းတွေကို အတည်ပေါက်ကြီးသိမ်းသွားပြီး အာ့ဒီမှာစောင့်နေ အပြစ်မရှိရင် ငါတို့ပြန်လာပေးမယ်ဆိုလို့ ညနေစောင်းထိ ဖုန်းထိုင်စောင့်နေတဲ့ ရိုး အ သူတွေ အကြောင်းကိုလဲဆက်တိုက်ကြားရပါတယ် ။
သူတို့လိမ်တာက ငွေပါ ကိုယ်တွေကို စိတ်အနှောင့်အယှက်ပေးပြီး ငွေညစ်ချင်တာပါဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာငွေကြေးကိစ္စနဲ့ဘယ်သူမှန်းမသိဖုန်းဆက်လာရင် သတိထားကြပါနော်ကိုယ်တွေက ကိုယ့်တွေ့မို့ အခုလို အများသိစေချင်လို့ ရေးပြရတာပါ ။
ကိုယ့်လို ကြုံတွေ့လာမယ်ဆို ဖြေရှင်းတတ်စေချင်လို့ပါတခဏတော့ ကြောက်ရွံ့မိသွားပေမဲ့သူ့ ရုပ်ကို ပြန်ပြခိုင်းမှ ပြန်ဆက်သွယ်လာမယ်ဆိုပြီး ဖုန်းချလစ်ပြေးသွားပါတယ် ။
ဖုန်းဘီလ်လေး တကျပ်တပြားရဖို့ ဖုန်းNoတွေ fb မှာ သွားသွားမန့်တာလဲ အရမ်းအန္တာရာယ်များပါတယ် မလုပ်ကြပါနဲ့ ကျမအဒေါ်က အိမ်ထဲက အိမ်ပြင်တောင်မထွက် သူ့အိမ်အလုပ်နဲ့သူ အိမ်ထဲ တိုင်ပတ်နေတဲ့သူကိုမှ စစ်ဆေးဖို့ ရဲစခန်းခေါ်စစ်ရမယ်ဆိုထဲက ယုတ္တိမရှိတော့ပါ။
ဒါကြောင့် ဒီလိုပုံစံ လူလိမ်တွေနဲ့တွေ့တဲ့အခါ
မကြောက်ပဲ ကိုယ့်အသိမိတ်ဆွေတွေ လူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ဖြေရှင်းကြပါနော်။