ၾကားသိရသမွ်

အိန္ဒိယမှာ ပင်လယ်ရေအသုံးပြုပြီး လူပေါင်း ၂၅၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးအတုထိုးပေးခဲ့တဲ့ ဆရာဝန်တွေကို ဖမ်းဆီးခဲ့

အိန္ဒိယမှာ ပင်လယ်ရေအသုံးပြုပြီး လူပေါင်း ၂၅၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးအတုထိုးပေးခဲ့တဲ့ ဆရာဝန်တွေကို ဖမ်းဆီးခဲ့
__________________________________

အိန္ဒိယနိုင်ငံမှာ ပင်လယ်ရေတွေကို ကိုဗစ်ကာကွယ်ဆေးအတုအဖြစ် လိမ်လည်ထိုးနှံပေးဖို့ ကြိုးစားခဲ့သူ ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ ကာကွယ်ဆေးအတုထိုးနှံဖို့ကို ကျန်းမာရေးအစီအစဉ်တစ်ခုအနေနဲ့ အသွင်ဖော်ခဲ့ကြတာဖြစ်ပြီး မေလနဲ့ ဇွန်လအတွင်းက မွမ်ဘိုင်းရှိ ငွေကြေးဆိုင်ရာအချက်အချာနေရာတစ်ခုမှာ ဒီလိုအစီအစဉ်ပေါင်း ၁၂ ခုအထိကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ပါဝင်ကာ ပူးပေါင်းလိမ်လည်ခဲ့လို့ လူပေါင်း ၂၅၀၀ ကျော်ဟာ ကာကွယ်ဆေးအတုတွေသာ ထိုးနှံခဲ့ကြရတယ်လို့ သိရပါတယ်။ ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေက ဆေးထိုးပြွတ်အတု၊ လက်မှတ်အတုတွေဖန်တီးကာ သူတို့ရဲ့ ဆေးရုံတွေမှာ ထိုးနှံခွင့်ပေးခဲ့ကြတာဖြစ်တယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ထိန်းသိမ်းခံခဲ့ရသူတွေကို လူသတ်မှု၊ ရာဇဝတ်မှု၊ ပူးပေါင်းကြံစည်မှု၊ လိမ်လည်မှုတွေနဲ့ စွဲချက်တင်ထားပြီး မွမ်ဘိုင်းရဲဌာနမှ အရာရှိ Vishal Thakur က “ဆရာဝန်တွေက ဆားငန်ရေကို အသုံးပြုနေခဲ့ကြပါတယ်၊ သူတို့မှာရှိတဲ့ ကာကွယ်ဆေးအတုအားလုံးကို အသုံးပြုနေတာဖြစ်ပြီး ဆရာဝန်တွေကိုလည်း ကျွန်တော်တို့ဖမ်းဆီးခဲ့ပါတယ်၊ သူတို့က ဆေးလက်မှတ်အတု၊ ဖန်ဘူးအတု နဲ့ ဆေးထိုးပြွတ်အတုတွေကို ထုတ်ပေးခဲ့ပြီးတော့ ဆေးရုံကိုပါ အသုံးချခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယရဲ့ လူဦးရေ ၅% သာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားရသေးတယ်လို့လည်း သိရပါတယ်။ အိန္ဒိယမြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေကို ကာကွယ်ဆေးတွေ အောင်မြင်စွာဖြန့်ဝေနိုင်ဖို့ အချိန်အနည်းငယ်ကြာဦးမှာဖြစ်ပြီး ကာကွယ်ဆေးအတုကိစ္စတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ မွမ်ဘိုင်းလိုမြို့ကြီးမှာတောင် လိမ်လည်ခဲ့ကြတာဖြစ်ပြီး နောက်ကွယ်က ကျန်းမာရေးဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဖမ်းဆီးမှုတွေလည်း ပိုမိုပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

therivernews