မန္တလေးမြို့တွင် ယခုရက်ပိုင်း ဓ ားရှည်များကိုင်ဆောင်ပြီး လုယက်ခိုးယူမှုများအတင့်ရဲစွာလုပ်နေသည့်လူတစ်စုကြောင့် မြို့လူထုအထိတ်တလန့်ဖြစ်နေကြရသည်။
“အခု ခိုးဆိုးနှိုက်တွေက အတင့်ရဲရဲလုပ်လာကြတာတွေ့ရတယ်၊ သူတို့ကအုပ်စုနဲ့လှုပ်ရှားကြတာပါ၊ ဓ ားရှည်တွေပါတယ်၊
လေးခွတွေဓ ာ းမြှောင်တွေပါတယ်၊ ထူးဆန်းတာက သူတို့က လိုင်စင်ရသူခိုးဓ ားပြတွေလိုပဲ၊ မူးရူးပြီးလုပ်တာလည်းမဟုတ်ဘူး၊
ဆေးကြောင်နေတာတွေလည်းမဟုတ်ဘူး၊ အရင်တုန်းကလူအလစ်အငိုက်ကြည့်ပြီးခိုးတယ်၊ အခုသူခိုးတွေက လူမြင် ကွင်းမှာဓ ားကိုင်ခြိမ်းခြောက်ပြီးခိုးတာ” ဟု
မန္တလေးမြို့ခံတစ်ဦးဖြစ်သည့်ဦးတင်အောင်ဆွေက ပြောသည်။
လတ်တလောဖြစ်စဉ်အနေနှင့် စတိုးဆိုင်ရှေ့ရပ်ထားသည့်ဆိုင်ကယ်ကို လူတစ်ဦးကသော့ဖြုတ်ခိုးယူနေပြီး ၎င်းနှင့်တစ်ဖွဲ့တည်းဖြစ်သည့် ကျန်တစ်ဦးက
ဓ ားရှည်လွယ်ထားပြီးစောင့်ကြည့်ပေးနေသည်ကို လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့လာသော CCTV မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။
ဒီဖြစ်စဉ်တွင် မြို့ခံတစ်ဦး၏ဆိုင်ကယ်ခိုးယူခံလိုက်ရပြီး၊ ယခုလိုဖြစ်စဉ်မျိုး နေ့စဉ်လိုလိုဖြစ်နေကြောင်း လုံခြုံရေးအရအမည်မဖော်ပြလိုသူတစ်ဦးကပြောသည်။
“ကျွန်တော်တို့အလုပ်မှာလည်း အဲဒီလိုအခိုးခံရတာတွေရှိတယ်၊ ဆိုင်ကယ်ကိုဆွဲထုတ်နေချိန်ဝိုင်းအော်ကြလို့ ကံကောင်းလို့ပါမသွားတာ၊
ဓ ားတွေတရမ်းရမ်းနဲ့ခပ်ရင့်ရင့်ပဲလာခိုးကြတာ၊ သူတို့ကအုပ်စုနဲ့လာတာဗျ၊ လေးငါးယောက်လောက်ရှိမယ်ထင်တယ်၊
တစ်ယောက်ကဆိုင်ကယ်သော့ဖြုတ်ခိုးနေရင် တခြားကောင်တွေက ဓ ားတွေကိုင်ပြီးစောင့်ပေးနေတာ မန္တလေးက မင်းမဲ့တိုင်းပြည်လိုဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။
လုယက်ခိုးယူမှုဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ကောင်စီကမကြာခဏခိုးဆိုးနှိုက်များအား ထောင်ကလွှတ်ပေးနေခြင်းကြောင့်ဖြစ်နိုင်ကြောင်း
မြို့ခံများကသုံးသပ်ပြောဆိုနေပြီး၊ တချို့ ကတော့ စစ်ကောင်စီ လ က် န က် ကိုင်တပ်ဖွဲ့ဝင်များ သို့မဟုတ် ၎င်းတို့နှင့်နီးစပ်သည့်အဖွဲ့အစည်းတစ်ခုခုကြဖစ်နိုင်ကြောင်းဝေဖန်သုံးသပ်ကြသည်။
“ဘာလို့ဒီလိုပြောလဲဆိုတော့ ဈေးချိုဖောက်ခံရတဲ့နေ့က ဘဏ်(၂)အနီးတဝိုက်မှာလည်း ကားမီးလုံးအစုံလိုက်ဖြုတ်ခံရတာရှိတယ်၊ အိမ်တစ်အိမ်ကဆိုရင်
အိမ်ရှေ့မှာထားရ တဲ့မီးစက်အကြီးကြီးခိုးခံရတယ်၊ အဲဒီဘဏ်(၂)မှာရော အောက်ဘက်ကအင်းဝဘဏ်(နာရီစင်အနီး)မှာရော စစ်သားအစောင့်တွေရှိတယ်၊
ဒါမျိုး မြရည်နန္ဒာ(အိမ်ရာ)ဘက်မှာလည်း အခုရက်ပိုင်းအတွင်း မကြာခဏဖြစ်နေတာတွေ့ရတယ်၊ ဘယ်လောက်ငတ်လို့ခိုးတဲ့သူခိုးမှ ဒီလောက်အထိအတင့်မရဲဘူး၊
အကြောက်တရားတော့ရှိတယ်၊ အခုဟာတွေက ကြောက်စိတ်မရှိဘဲ ခွင့်ပြုမိန့်နဲ့ခိုးဆိုးလုယက်နေကြသလိုမျိုး” ဟု ဦးတင်အောင်ဆွေကပြောသည်။
Videoကြည့်ရန်…….
Credit
Zawgyi
မႏၲေလးၿမိဳ႕တြင္ ယခုရက္ပိုင္း ဓ ားရွည္မ်ားကိုင္ေဆာင္ၿပီး လုယက္ခိုးယူမႈမ်ားအတင့္ရဲစြာလုပ္ေနသည့္လူတစ္စုေၾကာင့္ ၿမိဳ႕လူထုအထိတ္တလန႔္ျဖစ္ေနၾကရသည္။
“အခု ခိုးဆိုးႏွိုက္ေတြက အတင့္ရဲရဲလုပ္လာၾကတာေတြ႕ရတယ္၊ သူတို႔ကအုပ္စုနဲ႔လႈပ္ရွားၾကတာပါ၊ ဓ ားရွည္ေတြပါတယ္၊
ေလးခြေတြဓ ာ းေျမႇာင္ေတြပါတယ္၊ ထူးဆန္းတာက သူတို႔က လိုင္စင္ရသူခိုးဓ ားျပေတြလိုပဲ၊ မူး႐ူးၿပီးလုပ္တာလည္းမဟုတ္ဘူး၊
ေဆးေၾကာင္ေနတာေတြလည္းမဟုတ္ဘူး၊ အရင္တုန္းကလူအလစ္အငိုက္ၾကည့္ၿပီးခိုးတယ္၊ အခုသူခိုးေတြက လူျမင္ ကြင္းမွာဓ ားကိုင္ၿခိမ္းေျခာက္ၿပီးခိုးတာ” ဟု
မႏၲေလးၿမိဳ႕ခံတစ္ဦးျဖစ္သည့္ဦးတင္ေအာင္ေဆြက ေျပာသည္။
လတ္တေလာျဖစ္စဥ္အေနႏွင့္ စတိုးဆိုင္ေရွ႕ရပ္ထားသည့္ဆိုင္ကယ္ကို လူတစ္ဦးကေသာ့ျဖဳတ္ခိုးယူေနၿပီး ၎ႏွင့္တစ္ဖြဲ႕တည္းျဖစ္သည့္ က်န္တစ္ဦးက
ဓ ားရွည္လြယ္ထားၿပီးေစာင့္ၾကည့္ေပးေနသည္ကို လူမႈကြန္ရက္ေပၚတြင္ျပန႔္ႏွံ့လာေသာ CCTV မွတ္တမ္းတစ္ခုတြင္ ေတြ႕ရသည္။
ဒီျဖစ္စဥ္တြင္ ၿမိဳ႕ခံတစ္ဦး၏ဆိုင္ကယ္ခိုးယူခံလိုက္ရၿပီး၊ ယခုလိုျဖစ္စဥ္မ်ိဳး ေန႔စဥ္လိုလိုျဖစ္ေနေၾကာင္း လုံျခဳံေရးအရအမည္မေဖာ္ျပလိုသူတစ္ဦးကေျပာသည္။
“ကၽြန္ေတာ္တို႔အလုပ္မွာလည္း အဲဒီလိုအခိုးခံရတာေတြရွိတယ္၊ ဆိုင္ကယ္ကိုဆြဲထုတ္ေနခ်ိန္ဝိုင္းေအာ္ၾကလို႔ ကံေကာင္းလို႔ပါမသြားတာ၊
ဓ ားေတြတရမ္းရမ္းနဲ႔ခပ္ရင့္ရင့္ပဲလာခိုးၾကတာ၊ သူတို႔ကအုပ္စုနဲ႔လာတာဗ်၊ ေလးငါးေယာက္ေလာက္ရွိမယ္ထင္တယ္၊
တစ္ေယာက္ကဆိုင္ကယ္ေသာ့ျဖဳတ္ခိုးေနရင္ တျခားေကာင္ေတြက ဓ ားေတြကိုင္ၿပီးေစာင့္ေပးေနတာ မႏၲေလးက မင္းမဲ့တိုင္းျပည္လိုျဖစ္ေနၿပီ” ဟု ၎ကဆိုသည္။
လုယက္ခိုးယူမႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ စစ္ေကာင္စီကမၾကာခဏခိုးဆိုးႏွိုက္မ်ားအား ေထာင္ကလႊတ္ေပးေနျခင္းေၾကာင့္ျဖစ္နိုင္ေၾကာင္း
ၿမိဳ႕ခံမ်ားကသုံးသပ္ေျပာဆိုေနၿပီး၊ တခ်ိဳ႕ ကေတာ့ စစ္ေကာင္စီ လ က္ န က္ ကိုင္တပ္ဖြဲ႕ဝင္မ်ား သို႔မဟုတ္ ၎တို႔ႏွင့္နီးစပ္သည့္အဖြဲ႕အစည္းတစ္ခုခုၾကဖစ္နိုင္ေၾကာင္းေဝဖန္သုံးသပ္ၾကသည္။
“ဘာလို႔ဒီလိုေျပာလဲဆိုေတာ့ ေဈးခ်ိဳေဖာက္ခံရတဲ့ေန႔က ဘဏ္(၂)အနီးတဝိုက္မွာလည္း ကားမီးလုံးအစုံလိုက္ျဖဳတ္ခံရတာရွိတယ္၊ အိမ္တစ္အိမ္ကဆိုရင္
အိမ္ေရွ႕မွာထားရ တဲ့မီးစက္အႀကီးႀကီးခိုးခံရတယ္၊ အဲဒီဘဏ္(၂)မွာေရာ ေအာက္ဘက္ကအင္းဝဘဏ္(နာရီစင္အနီး)မွာေရာ စစ္သားအေစာင့္ေတြရွိတယ္၊
ဒါမ်ိဳး ျမရည္နႏၵာ(အိမ္ရာ)ဘက္မွာလည္း အခုရက္ပိုင္းအတြင္း မၾကာခဏျဖစ္ေနတာေတြ႕ရတယ္၊ ဘယ္ေလာက္ငတ္လို႔ခိုးတဲ့သူခိုးမွ ဒီေလာက္အထိအတင့္မရဲဘူး၊
အေၾကာက္တရားေတာ့ရွိတယ္၊ အခုဟာေတြက ေၾကာက္စိတ္မရွိဘဲ ခြင့္ျပဳမိန႔္နဲ႔ခိုးဆိုးလုယက္ေနၾကသလိုမ်ိဳး” ဟု ဦးတင္ေအာင္ေဆြကေျပာသည္။
Videoၾကည့္ရန္…….