ၾကားသိရသမွ်

မိန်းမကို အရမ်းကြောက်ရတဲ့ယောက်ဖရဲ့ သရုပ်အမှန်ကို ဗီဒီယိုရိုက်ကာ ဆေးထိုးလိုက်တဲ့ နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင်..

လက်တွေ့မှာတော့ မိန်းမကို အရမ်းကြောက်ရတဲ့ယောက်ဖရဲ့ သရုပ်အမှန်ကို ဗီဒီယိုရိုက်ကာ ဆေးထိုးလိုက်တဲ့ နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင်..

မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါမှာ အလွန်ကို အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ သာယာတဲ့မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကိုလည်း သူမရဲ့မိသားစုပုံရိပ်လေးတွေကိုမကြာခဏချပြလေ့ရှိပါတယ်။

ခင်ပွန်းဖြစ်သူ ဇေသီဟကလည်း လိုလေသေးမရှိအောင် ချစ်ခင်ဂရုစိုက်မှုတွေကြောင့် ဝမ်းနည်းချိန်မရှိလောက်အောင်ကို ကြည်နူးပျော်ရွှင်နေရတာ ဖြစ်ပါတယ်။ ဇေသီဟဟာ နန္ဒာရဲ့ညီအစ်ကိုမောင်နှမတွေအပေါ် သွေးသားရင်းတစ်ယောက်လို ချစ်ခင်သူတစ်ယောက် ဖြစ်ပါတယ်။ ယောက်ဖဖြစ်သူ စိန်ဖြိုးလှိုင်နဲ့လည်း တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးစနောက်လေ့ရှိကြပါတယ်။

မကြာခင်ကလည်း စိန်ဖြိုးလှိုင်ရဲ့လူမှုကွန်ယက်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မိန်းမဖြစ်သူကို အရမ်းကြောက်ရတဲ့ ယောက်ဖရဲ့အခြေအနေမှန်ကို ဗီဒီယိုရိုက်ပြီး ဆေးထိုးစနောက်လိုက်တာ ဖြစ်ပါတယ်။ ဇေသီဟတစ်ယောက် ဘီယာဆိုင်သို့ သွားချင်ပေမယ့်လည်း ဇနီးဖြစ်သူမှခွင့်မပြုတာကြောင့် နန္ဒာကိုမေးငေါ့ပြနေတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။

Crd : cele paradise

Zawgyi





Crd : cele paradise