ဒေါ်လာတွေ စုဆောင်းထားပြီးဖြစ်လို့ သီရိလင်္ကာနိုင်ငံ လိုဖြစ်လာစရာမရှိဘူးလို့ စစ်ကောင်စီအာမခံ
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်
စစ်ကောင်စီမှာ ထိုက်သင့်တဲ့ဒေါ်လာရှိပြီးဖြစ်လို့ သီရိလင်္ကာနိုင်ငံလိုဖြစ်လာနိုင်စရာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကအခိုင်အမာပြောဆိုလာပါတယ်။
မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလိုဖြစ်လာတော့မယ်လို့ လူပြောများနေတဲ့အပေါ် ဒီကနေ့ပြုလုပ်တဲ့စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းဌာနတခုမေးမြန်းမှုအပေါ်အခုလိုပြောကြားခဲ့တာပါ။
”ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာကျနော်တို့ အရံငွေကြေးအဖြစ်ဒေါ်လာ ထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်ပါတယ်။ ပြီးရင်ကျနော်တို့အရံငွေကြေးတွေဖြစ်တဲ့ ယွမ်လိုငွေကြေးများလည်းစုဆောင်းပြီးဖြစ်ပါတယ်။ ငွေကြေးပမာဏမပြောနိုင်ပေမယ့်ထိုက်သင့်တဲ့ငွေကြေးပမာဏစုဆောင်းပြီးဖြစ်ပါတယ်၊အခြေခံရှိပြီးသားဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ဒေါ်လာနဲ့ထိုင်းဘတ်ငွေ ငွေလံနှုန်းစံချိန်တင်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေကာ ငွေကြေးဖောင်းပွမှုတွေဖြစ်ပေါ်နေတာနဲ့ အဖက်ဖက်ကအခြေအနေတွေကြောင့် မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံကဲ့သို့တဖြည်းဖြည်းဖြစ်လာနေပြီလို့ ကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ တိုင်းပြည်တဦးချင်းဝင်ငွေဟာ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ အောက်ဆုံးမှာရပ်တည်နေပြီး GDP ဟာလည်း – ၁၈.၀ % မှာရောက်နေတယ်လို့ဖော်ပြပါတယ်။
လက်ရှိပြည်တွင်းမှာလည်း ငွေကြေးဖောင်းပွမှု၊ အခြေခံစားကုန်နဲ့ဆေးဝါးကုန်စျေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုတွေနဲ့ အောက်ခြေပြည်သူတွေဆင်းရဲမွေတေမှုမြင့်တက်နေပြီး ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့်လည်း နယ်ပယ်အသီးသီးက စီးပွားရေးလုပ်ငန်းရှင်တချို့ အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။