ဒီည ရန္ကုန္ၿမိဳ႕နယ္အခ်ိဳ႕မွာ ဗုံးေပါက္ကြဲမႈေတြ ျဖစ္ေပၚ
DeltaNewsAgency
ရန္ကုန္တိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္အခ်ိဳ႕မွာ ဗုံးေပါက္ပြဲမႈေတြဆက္တိုက္ ဆိုသလိုျဖစ္ေပၚေနၿပီး တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ပစ္ခတ္သံေတြၾကားေနရတယ္လို႔ ေဒသခံေတြကDNA ကိုေျပာပါတယ္။
ဗုံးေပါက္ကြဲမႈေတြဟာ ဒီေန႔ဇူလိုင္ ၂၆ရက္ ဒီေန႔ ညေနပိုင္းကေနစတင္ျဖစ္ပြားခဲ့တာပါ။ ေ႐ႊျပည္သာ၊မရမ္းကုန္း၊လႈိင္၊လႈိင္သာယာမွာ ျဖစ္ပြားခဲ့ၿပီး တျခားၿမိဳ႕နယ္ေတြမွာေတာ့ ပစ္ခတ္သံေတြၾကားေနရတယ္လို႔ ဆိုပါတယ္။
ေ႐ႊျပည္သာၿမိဳ႕နယ္မွာေတာ့ ဒီေန႔ည ၇ နာရီ ၄၅ မိနစ္ခန႔္က အမွတ္ ၆ ရပ္ကြက္၊ ေ႐ႊညာေမာင္မွတ္တိုင္အနီးက ေ႐ႊျပည္သာၿမိဳ႕နယ္တရား႐ုံးေဖာက္ခြဲခံခဲ့ရတယ္လို႔ သိရပါတယ္။
ဗုံးေပါက္ကြဲတဲ့ျဖစ္စဥ္ေၾကာင့္ အၾကမ္းဖက္စစ္တပ္၊ ရဲနဲ႔ အရပ္ဝတ္လက္နက္ကိုင္တခ်ိဳ႕က လမ္းပိတ္ဆို႔စစ္ေဆးတာေတြလုပ္ေဆာင္ေနတဲ့အျပင္ ထန္းေျခာက္ပင္လမ္းဆုံအနီး သန္လြင္လမ္းထိပ္မွာေတာ့ ျပည္သူ ၆ဦးကို ဒူးေထာက္ခိုင္းၿပီး႐ိုက္ႏွက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
“ကြၽန္ေတာ္တို႔ ေ႐ႊျပည္သာ၊ထန္းေျခာက္ပင္လမ္းဆုံနားမွာ ဒီေကာင္ေတြစစ္ေနတာ။ လာသမွ်လူေရာ၊ကားေရာ စစ္ေနတာ။လူ ၆ေယာက္ေလာက္ကိုေတာ့ ဖမ္းထားၿပီး ၊ဒူးေထာက္ခိုင္းၿပီး၊႐ိုက္ႏွက္ေနတယ္”လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။
မရမ္းကုန္းၿမိဳ႕နယ္မွာေတာ့ ဆယ္မိုင္ကုန္းဝန္းက်င္မွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လႈိင္ၿမိဳ႕နယ္၊ပါရမီလမ္းမွာလည္း ေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။
လက္ရွိမွာ အၾကမ္းဖက္စစ္တပ္က ပါရမီလမ္းရဲ႕ေပါက္ကြဲမႈျဖစ္စဥ္ေနရာကိုေရာက္ရွိစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။
လႈိင္သာယာၿမိဳ႕နယ္၊ၿမိဳ႕နယ္တရား႐ုံးအနီးက ေခ်ာင္းအတြင္းမွာ အၾကမ္းဖက္စစ္တပ္က ဗုံးေတြ႕ရွိခဲ့ၿပီး ေဖာက္ခြဲဖ်က္ဆီးခဲ့တယ္လို႔ သိရပါတယ္။
ဒီည ရန်ကုန်မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်
DeltaNewsAgency
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ဗုံးပေါက်ပွဲမှုတွေဆက်တိုက် ဆိုသလိုဖြစ်ပေါ်နေပြီး တချို့မြို့နယ်တွေမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကDNA ကိုပြောပါတယ်။
ဗုံးပေါက်ကွဲမှုတွေဟာ ဒီနေ့ဇူလိုင် ၂၆ရက် ဒီနေ့ ညနေပိုင်းကနေစတင်ဖြစ်ပွားခဲ့တာပါ။ ရွှေပြည်သာ၊မရမ်းကုန်း၊လှိုင်၊လှိုင်သာယာမှာ ဖြစ်ပွားခဲ့ပြီး တခြားမြို့နယ်တွေမှာတော့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှာတော့ ဒီနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က အမှတ် ၆ ရပ်ကွက်၊ ရွှေညာမောင်မှတ်တိုင်အနီးက ရွှေပြည်သာမြို့နယ်တရားရုံးဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်တပ်၊ ရဲနဲ့ အရပ်ဝတ်လက်နက်ကိုင်တချို့က လမ်းပိတ်ဆို့စစ်ဆေးတာတွေလုပ်ဆောင်နေတဲ့အပြင် ထန်းခြောက်ပင်လမ်းဆုံအနီး သန်လွင်လမ်းထိပ်မှာတော့ ပြည်သူ ၆ဦးကို ဒူးထောက်ခိုင်းပြီးရိုက်နှက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ ရွှေပြည်သာ၊ထန်းခြောက်ပင်လမ်းဆုံနားမှာ ဒီကောင်တွေစစ်နေတာ။ လာသမျှလူရော၊ကားရော စစ်နေတာ။လူ ၆ယောက်လောက်ကိုတော့ ဖမ်းထားပြီး ၊ဒူးထောက်ခိုင်းပြီး၊ရိုက်နှက်နေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မရမ်းကုန်းမြို့နယ်မှာတော့ ဆယ်မိုင်ကုန်းဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လှိုင်မြို့နယ်၊ပါရမီလမ်းမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ပါရမီလမ်းရဲ့ပေါက်ကွဲမှုဖြစ်စဉ်နေရာကိုရောက်ရှိစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ်၊မြို့နယ်တရားရုံးအနီးက ချောင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။