ၾကားသိရသမွ်



ရန်ကုန်၊ ဇူလိုင် ၂၆







ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ တိုက်ရိုက်ထုတ်လွှင့်ခြင်း

ရန်ကုန်၊ ဇူလိုင် ၂၆

အကြမ်းဖက်စစ်တပ်က ကိုဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးနောက်

အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ထိုင်းရောက် မြန်မာပြည်သူများက ဆန္ဒပြနေကြခြင်းဖြစ်သည်။

ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် ၊ဦးအောင်သူရဇော်တို့လေးဦး သေဒဏ်စီရင်ခံရမှုကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ထိုင်းအစိုးရအနေနဲ့ မြန်မာ

အာဏာသိမ်းစစ်ကောင်စီ နဲ့မပတ်သက်ရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ ဇူလိုင်၂၆ရက် မှာ ထိုင်းနိုင်ငံ၊

ဘန်ကောက်မြို့ ထနွန်ဆာထွန်လမ်း မှာ ရှိတဲ့ မြန်မာသံရုံး ရှေ့မှာ ထိုင်းရောက်မြန်မာလုပ်သားတွေပြုလုပ်ကြတဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို Worker Union ထိုင်းအလုပ်သမားအရေးအဖွဲ့ နဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပူးပေါင်းလုပ်ဆောင်ကြတာပါ။