ၾကားသိရသမွ်

အာဏာသိမ်းမှုဆန့်ကျင်တဲ့ မြန်မာလူထုကို ဆက်ထောက်ခံနေကြောင်း အမေရိကန်ထပ်ပြော

စစ္အာဏာသိမ္းမႈကို ကန႔္ကြက္ဆႏၵျပေနတဲ့ ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ေထာက္ခံေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက ထပ္ေျပာခဲ့ပါတယ္။

NUG အစိုးရရဲ႕စစ္ဆင္ေရးသေဘာေၾကညာခ်က္အေပၚ တေန႔ကတုံ႔ျပန္ရာမွာ ျမန္မာ့အၾကပ္အတည္းကို အၾကမ္းဖက္နည္းနဲ႔ ေျဖရွင္းတာလက္မခံႏိုင္ဘူးလို႔ အေမရိကန္က ေျပာခဲ့တဲ့အေပၚ သတင္းေထာက္ရဲ႕ ေမးခြန္းကို ေျပာခြင့္ရ Ned Price က ျပန္ေျဖသြားခဲ့တာပါ။

“ျမန္မာျပည္သူေတြအေနနဲ႔ စစ္အာဏာသိမ္းတာကို ဆက္လက္ဆန႔္က်င္ေနခ်ိန္မွာ သူတို႔လိုပဲ အေမရိကန္အေနနဲ႔လည္း ဒီမိုကေရစီျပန္လည္ေဖာ္ေဆာင္တာကို ျမင္လိုပါတယ္၊ ဒီအတြက္ အာဆီယံအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔အတူ သံတမန္ေရး၊ စီးပြားပိတ္ဆို႔ဒဏ္ခတ္မူေတြသုံးၿပီး ႀကိဳးပမ္းေပးေနတယ္” လို႔ ေျပာခြင့္ရ Ned Price ကေျပာသြားပါတယ္။

ဒီစစ္အာဏာသိမ္းမႈအတြက္ တာဝန္ရွိသူေတြ၊ သူတို႔ရဲ႕ အေျခခံအခြင့္အေရးျဖစ္တဲ့ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္နဲ႔ ၿငိမ္းခ်မ္းစြာဆႏၵျပခြင့္ေတြကို က်င့္သံုံး႐ုံ က်င့္သုံးသူေတြအပါအဝင္ ျမန္မာလူထုအေပၚ အၾကမ္းဖက္လုပ္ရပ္ က်ဴးလြန္သူေတြအေပၚ ဒဏ္ခတ္အေရးယူမႈ ခ်မွတ္တာေတြ လုပ္ထားၿပီး ဒါဟာ အေမရိကန္က ဆက္လုပ္သြားမွာျဖစ္ပါတယ္လို႔လည္း ေျပာခြင့္ Ned Price ကေျပာသြားပါတယ္။

အခုလိုအခ်ိန္မွာ ျမန္မာႏိုင္ငံထဲ စစ္အာဏာသိမ္း ဆန႔္က်င္ဆႏၵျပပြဲတခ်ိဳ႕ မႏၲေလး၊ စစ္ကိုင္းနဲ႔ တနသၤာရီ စတဲ့ေဒသတခ်ိဳ႕မွာ ဆက္ျဖစ္ခဲ့ပါတယ္။

—————–

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ထောက်ခံနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ထပ်ပြောခဲ့ပါတယ်။

NUG အစိုးရရဲ့စစ်ဆင်ရေးသဘောကြေညာချက်အပေါ် တနေ့ကတုံ့ပြန်ရာမှာ မြန်မာ့အကြပ်အတည်းကို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတာလက်မခံနိုင်ဘူးလို့ အမေရိကန်က ပြောခဲ့တဲ့အပေါ် သတင်းထောက်ရဲ့ မေးခွန်းကို ပြောခွင့်ရ Ned Price က ပြန်ဖြေသွားခဲ့တာပါ။

“မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းတာကို ဆက်လက်ဆန့်ကျင်နေချိန်မှာ သူတို့လိုပဲ အမေရိကန်အနေနဲ့လည်း ဒီမိုကရေစီပြန်လည်ဖော်ဆောင်တာကို မြင်လိုပါတယ်၊ ဒီအတွက် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ သံတမန်ရေး၊ စီးပွားပိတ်ဆို့ဒဏ်ခတ်မူတွေသုံးပြီး ကြိုးပမ်းပေးနေတယ်” လို့ ပြောခွင့်ရ Ned Price ကပြောသွားပါတယ်။

ဒီစစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေ၊ သူတို့ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာဆန္ဒပြခွင့်တွေကို ကျင့်သုံံးရုံ ကျင့်သုံးသူတွေအပါအဝင် မြန်မာလူထုအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေအပေါ် ဒဏ်ခတ်အရေးယူမှု ချမှတ်တာတွေ လုပ်ထားပြီး ဒါဟာ အမေရိကန်က ဆက်လုပ်သွားမှာဖြစ်ပါတယ်လို့လည်း ပြောခွင့် Ned Price ကပြောသွားပါတယ်။

အခုလိုအချိန်မှာ မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတချို့ မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီ စတဲ့ဒေသတချို့မှာ ဆက်ဖြစ်ခဲ့ပါတယ်။