မိဘက သမီးပျောက်သွားလို့ စိတ်ပူနေချိန် အိမ်နဲ့မီတာ(၅၀၀)သာဝေးတဲ့ အိမ်မှာချစ်သူနဲ့ ၁၁ နှစ်ကြာ နေထိုင်ခဲ့တဲ့ အမျိုးသမီး
အသက် ၁၈ နှစ်အရွယ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အိန္ဒိယ အမျိုးသမီး တစ်ဦးကို သူမရဲ့အသက် ၂၉ နှစ် အရွယ်မှာတော့ မိဘတွေရဲ့ နေအိမ်နဲ့ မီတာ ၅၀၀ သာဝေးတဲ့
အခန်းတစ်ခုမှာ သူမရဲ့ ချစ်သူနဲ့အတူ ၁၁ နှစ်ကြာ နေထိုင်ခဲ့ပြီးမှ ပြန်လည်တွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။ Palakkad မြို့အတွင်းက Ayalur ကျေးရွာမှာ
နေထိုင်တာဖြစ်ပြီး သူမဟာ မိဘတွေနဲ့ အနီးဆုံးနေရာမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ Sajitha လို့ အမည်ရတဲ့ အမျိုးသမီးဟာ
အဲဒီအချိန်က အသက် ၂၄ နှစ်အရွယ် Alinchuvattil Rahman ဆိုတဲ့ အမျိုးသားနဲ့အတူ သွားရောက်နေထိုင် ခဲ့တာဖြစ်ပါတယ်။ Rahman ကလည်း
သူရဲ့မိဘ တွေနဲ့အတူ နေထိုင်နေ တာဖြစ်ပြီး သူမရောက် ရှိနေတာကို မိဘဖြစ်သူတွေက လုံးဝသတိ မထားမိခဲ့ ဘူးလို့လည်း ဆိုပါတယ်။ ၂၀၁၀ ဖေဖော်ဝါရီလ အတွင်းမှာ
Sajitha ဟာ Rahman ရဲ့အခန်းထဲကို နောက်ဖက်အပေါက်ကနေ ဝင်သွားခဲ့ပြီးနောက် သူမပျောက်ဆုံးသွားခဲ့တယ်လို့ ယူဆခံခဲ့ရတာပါ။ Rehman ကလည်း
နေအိမ်တစ်လုံး ထပ်မံငှားရမ်းခြင်း မရှိခဲ့ဘူးလို့ သိရပြီး သူမတို့စုံတွဲဟာ ဘယ်သူ့ကိုမှ ပြောဆိုတာမျိုး မလုပ်ခဲ့ဘဲ အဆိုပါ အခန်းထဲမှာ နေထိုင်ခဲ့ကြပါတယ်။
ညဘက်မှာ Sajitha အခန်းအပြင် ထွက်လို့ရအောင် Rahman က အပေါက်ငယ်လေးတစ်ခု ဖန်တီးထားခဲ့ပြီး ရေချိုးတာ၊ အပြင်ထွက်ပြီး ခေတ္တထိုင်တာမျိုးတွေကို
လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမတို့နှစ်ဦးဟာ ကိုးကွယ်ရာဘာသာ မတူညီကြတဲ့အတွက် သူမတို့ချစ်ကြိုက် နေတာကိုသိရင် ဝေဖန်ပြောဆိုခံရမှာ စိုးရိမ်ခဲ့လို့
ဘယ်သူ့ကိုမှ မပြောဆိုဘဲ လျှို့ဝှက်ထားခဲ့တယ်လို့ Nenmara ရဲစခန်းက စခန်းမှူး Depa Kumar က ဆိုပါတယ်။ “သူတို့ရဲ့ ဇာတ်လမ်းက ပုံမှန်တော့မဟုတ်ဘူး၊
ဒါပေမယ့်လည်း သူတို့အိမ်ကို ကျွန်တော်တို့ သွားတဲ့အခါမှာ အခန်းတစ်ခန်းတည်းမှာ နှစ်ပေါင်းများစွာကြာအောင် လျှို့ဝှက်နေထိုင်ခဲ့ပုံကို ပြောပြခဲ့ပါတယ်” လို့
Deepa Kumar က ပြန်ပြောပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ လကတော့ သူမတို့နှစ်ဦးစလုံး နေထိုင်ရာအိမ်ကနေ ထွက်ခွာခဲ့ကြပြီး အခြားရွာ တစ်ခုမှာ ငှားရမ်းနေထိုင် ခဲ့ကြပါတယ်။
Rahman ရဲ့ မိဘတွေက လူပျောက်ကြောင်း တိုင်ကြားခဲ့ပြီး အစ်ကိုဖြစ်သူက သူတို့နှစ်ဦးကို အမှတ်မထင် တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Basheer က
“တခါတလေမှာ ဒီကောင်က စိတ္တဇ ဖြစ်နေသူလိုလို လုပ်နေတာဗျ၊ သူ့အခန်းကို တယောက်ယောက် ဝင်မယ်ဆိုရင် အကြမ်းဖက် ခံရနိုင်တယ်၊ အစားအသောက်ကိုလည်း
အခန်းထဲယူသွားပြီး လူတိုင်းအလုပ် သွားနေချိန်မှာ အိမ်က သူတို့နှစ်ယောက် အတွက်ပဲဖြစ်နေတာ” လို့ ဆိုပါတယ်။ အခုတော့ သူတို့ရဲ့ ဇာတ်လမ်းက ပျော်ရွှင်စရာတွေနဲ့
အဆုံးသတ် ခဲ့ပါပြီ။ Sajitha ကလည်း Rahmen နဲ့ အတူတူ နေထိုင်ချင်တယ်လို့ ပြောဆိုခဲ့ပြီး နေအိမ်ကလည်း ထွက်ခဲ့ကြတဲ့နောက် ဒေသဆိုင်ရာ
တရားရုံးက သူတို့နှစ်ဦးကို အတူတူနေထိုင်ဖို့ ခွင့်ပြုခဲ့ပြီ ဖြစ်ပါတယ်။ therivernews…Credit