လူတိုင္းက အသက္ႀကီးလာၿပီး အိုမင္းမစြမ္းျဖစ္ခ်ိန္တြင္ တစ္စုံတစ္ေယာက္ရဲ႕ အကူအညီ အေထာက္အပံ့ကို ယူရၿပီး သားသမီးေတြ ရွိပါကလည္း သူတို႔ေလးေတြဆီကေန အကူအညီရယူလိုၿပီး ေအးခ်မ္းေသာဘဝကို ပိုင္ဆိုင္လိုၾကသည္။
သို႔ေပမယ့္ ဗီယက္နမ္ႏိုင္ငံ လာအိုကိုင္ျပည္နယ္တြင္ ေနထိုင္ေသာ အသက္၆၀ေက်ာ္အ႐ြယ္ အဖြားအိုတစ္ဦးသည္ သားသမီးေတြရွိေပမယ့္လည္း စားဝတ္ေနေရးအတြက္ ကိုယ္တိုင္ရွာစားေနရဆဲျဖစ္ကာ ဘိလပ္ေျမအိတ္မ်ား ထမ္းရင္း ဝင္ေငြရွာခဲ့သည္။

အဖြားအိုဧ။္ အသက္အ႐ြယ္သည္ မ်ားေသာအားျဖင့္ အရာရာကို လုပ္ေဆာင္ႏိုင္ဖို႔ အားအင္ခ်ိနဲ႔ေနၿပီျဖစ္ေသာ္လည္း သားသမီးေတြကိုယ္တိုင္က ဆင္းရဲႏြမ္းပါးၾက၍ မေထာက္ပံ့ႏိုင္ပဲရွိရာ ဂိုေဒါင္တစ္ခုမွာ ဘိလပ္ေျမအိတ္ထမ္းေနရဆဲျဖစ္သည္။
ဘိလပ္ေျမတစ္အိတ္ကို ၅၀ကီလိုဂရမ္ အေလးခ်ိန္ရွိေပမယ့္ အဖြားအိုသည္ ဝမ္းေရးအတြက္ အနားမယူရေသးပဲ ပင္ပင္ပန္းပန္း ရွာစားေနရၿပီး တစ္ကိုယ္လုံးလည္း ဖုန္မႈန္႔ေတြနဲ႔ ညစ္ေပေနကာ အလုပ္ႀကိဳးစားေနေသာ ပုံရိပ္ေလးသည္ ျမင္ေတြ႕သူတိုင္းရဲ႕ ရင္ထဲကို ထိမိေစခဲ့သည္။

Rain (For Ialinks)
Unicode
မိသားစု စားဝတ်နေရေးအခက်အခဲကြောင့် ဘိလပ်မြေအိတ်များ ထမ်းရင်း အသက်မွေး၀မ်းကျောင်းပြုနေရသေးသော အဖွားအိုတစ်ဦးရဲ့ ရင်ထဲ ဆို့နစ်ဖွယ်မြင်ကွင်း
လူတိုင်းက အသက်ကြီးလာပြီး အိုမင်းမစွမ်းဖြစ်ချိန်တွင် တစ်စုံတစ်ယောက်ရဲ့ အကူအညီ အထောက်အပံ့ကို ယူရပြီး သားသမီးတွေ ရှိပါကလည်း သူတို့လေးတွေဆီကနေ အကူအညီရယူလိုပြီး အေးချမ်းသောဘဝကို ပိုင်ဆိုင်လိုကြသည်။
သို့ပေမယ့် ဗီယက်နမ်နိုင်ငံ လာအိုကိုင်ပြည်နယ်တွင် နေထိုင်သော အသက်၆၀ကျော်အရွယ် အဖွားအိုတစ်ဦးသည် သားသမီးတွေရှိပေမယ့်လည်း စားဝတ်နေရေးအတွက် ကိုယ်တိုင်ရှာစားနေရဆဲဖြစ်ကာ ဘိလပ်မြေအိတ်များ ထမ်းရင်း ဝင်ငွေရှာခဲ့သည်။
အဖွားအိုဧ။် အသက်အရွယ်သည် များသောအားဖြင့် အရာရာကို လုပ်ဆောင်နိုင်ဖို့ အားအင်ချိနဲ့နေပြီဖြစ်သော်လည်း သားသမီးတွေကိုယ်တိုင်က ဆင်းရဲနွမ်းပါးကြ၍ မထောက်ပံ့နိုင်ပဲရှိရာ ဂိုဒေါင်တစ်ခုမှာ ဘိလပ်မြေအိတ်ထမ်းနေရဆဲဖြစ်သည်။
ဘိလပ်မြေတစ်အိတ်ကို ၅၀ကီလိုဂရမ် အလေးချိန်ရှိပေမယ့် အဖွားအိုသည် ဝမ်းရေးအတွက် အနားမယူရသေးပဲ ပင်ပင်ပန်းပန်း ရှာစားနေရပြီး တစ်ကိုယ်လုံးလည်း ဖုန်မှုန့်တွေနဲ့ ညစ်ပေနေကာ အလုပ်ကြိုးစားနေသော ပုံရိပ်လေးသည် မြင်တွေ့သူတိုင်းရဲ့ ရင်ထဲကို ထိမိစေခဲ့သည်။
Rain (For Ialinks)



