အရွယ်နဲ့မလိုက်အောင် မြင့်မြတ်စိတ်ထားပိုင်ရှင် တံမျက်စည်းသည်လေး
တံပျက်စည်းတွေ ရမယ်ဆိုပီး အော်သံကြားတော့
ဆိုင်က ကလေးမလေး ခဏလေး နေပါအုံးဝယ်မလို့ဆိုတော့
အနီလေးနဲ့ကလေးက အကွက်ဝတ်ထားတဲ့ကလေးက်ို ဟျောင့် မင်းကိုခေါ်နေတယ် လာရောင်းချည်တဲ့
ဆိုင်က တပည့်မကလည်း နင့်က်ိုခေါ်တာတဲ့ လာဆိုတော့
သားက စျေးဦးပေါက်သွားပီ သူငယ်ချင်းကစျေးဦးမပေါက်သေးတာမို့ သူ့ဆီက ဝယ်ပေးပါတဲ့
က်ိုယ်အထဲကနေ အဲလိုစကားလည်း ကြားရော အဲဒီ့ကလေးကို ထွက်ကြည့်ပြီး တကယ်လေးစားသွားတယ်။
စီးပွါးတူ ရန်သူလို့သတ်မှတ်ပီး သူများကိုဆွဲချပြီးမှ ကိုယ်အမြင့်ရောက်မယ်ထင်တဲ့
အဆံရှိပြီး စိတ်ဓါတ်အရည်အချင်း မပြည့်မှီတဲ့ လူကြီးလူကောင်းတွေ ရှက်သေပေါ့ရှင့်
သူတို့လေးတွေဆီက တံပျက်စည်းတွေတော့ အများကြီး အားပေးလိုက်ပါတယ်။
