“Bond နဲ့ EOD ရှယ်ယာ ဒေါ်လာ ၁ သိန်းဖိုး ဝယ်ထားသူ စင်္ကာပူမှ မြန်မာအင်ဂျင်နီယာ တစ်ယောက်ရဲ့ စကားသံ”
ကျွန်တော် မြန်မာပြည်မှာနေစဉ်က အစိုးရဝန်ထမ်း အင်ဂျင်နီယာတယောက်ပါ။ ရတဲ့လစာက အဲ့အချိန်က မြန်မာပြည်ဈေးနှုံးနဲ့ ရရစားစားပါပဲ။ မိဘကလဲ အစိုးရဝန်ထမ်းဆိုတော့ လစာပဲ အားကိုးကြရတာပါ။
ကျွန်တော်ရော ကျွန်တော့်မိဘရောဟာ ဝန်ထမ်းဘဝမှာ အလွန်သန့်ရှင်းစွာ နေခဲ့ပါတယ်။ ပိုလျှံမှုကတော့ လုံးဝမရှိခဲ့ပါဘူး။ ကံကောင်းတယ်လို့ ပြောရမှာက မြို့ကြီးပြကြီးမှာ မဟုတ်ဘဲ ကျေးလက်နယ်ဖြစ်တဲ့အတွက် စားစရိတ် အများကြီး မကုန်ပါဘူး။ ခြံဝိုင်းနဲ့ ဝန်ထမ်းအိမ်ယာမှာ နေရတာဆိုတော့ စရိတ် မထောင်းဘူးပေါ့။
ကျွန်တော့်လုပ်သက် ၆ နှစ်ကနေ ၈ နှစ်လောက်အထိ ရောက်လာတဲ့အချိန် အသိမိတ်ဆွေရဲ့ ကူညီမှုနဲ့ စင်္ကာပူကို ရောက်ခဲ့ပြီး အလုပ် လုပ်ခွင့်ရခဲ့ပါတယ်။
မြန်မာပြည်ပြင်ပ ထွက်ဖူးသူတိုင်း သိခွင့်၊ ခံစားခွင့်ရကြတဲ့ လွတ်လပ်မှု (ယူနီဖောင်းဝတ် ကြောက်စရာမလို၊ အထက်လူကြီး ဖားစရာမလို)၊ လူ့အခွင့်အရေး (လူအချင်းချင်း လေးစားမှု၊ အရည်အချင်းနဲ့ လိုက်ဖက်တဲ့လစာခံစားခွင့်၊ သတ်မှတ်အလုပ်ချိန်အပြင် အလွန်အကျွံ ခိုင်းစေခံရမှု မရှိခြင်း) စတာတွေ အများကြီး ရခဲ့ပါတယ်။
အင်ဂျင်နီယာတယောက် အနေနဲ့ ဒီမှာ ရတဲ့လစာဟာ လစဉ် စားစရိတ် အသုံးစရိတ် နှုတ်ပြီးရင် ပိုလျှံပါတယ်။ မြန်မာပြည်က အိမ်ကို ပြန်ပို့နိုင်တဲ့အပြင် ဘဏ်ထဲမှာ လစဉ်စုဆောင်းငွေ ကျန်ပါတယ်။
အခုအချိန် ၁၆-နှစ်ကျော်ကြာလာတော့ သိန်းဂဏန်းထိ ပိုလျှံစုဆောင်းမိလာတာပါ။
အဲ့ဒီ စုဆောင်းငွေတွေကို မြန်မာပြည်မှာ စီးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်း တခုခုလုပ်ဖို့စဉ်းစားဖူးပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ စီးပွားရေး လုပ်နေတဲ့ မိတ်ဆွေ အများစုဆီက သိရတာကတော့ ရေလိုက်ငါးလိုက် နေနိုင်မှ၊ သန့်ရှင်းမှုတွေ ခဝါချပြီး ညစ်ပတ်နိုင်မှ၊ လူပေါ်လူဇော် လုပ်နိုင်မှ ပြန်လာပြီး စီးပွားလုပ်ဖို့ စဉ်းစားပါတဲ့။
ဟော အခု ပိုဆိုးပြီ။ မတရားသဖြင့် ကလိန်စေ့ ငြမ်းဆင်ပြီး အာဏာသိမ်းတယ်။ တနိုင်ငံလုံး စီးပွားရေး ချွတ်ခြုံကျတယ်။ ဘယ်စီးပွားရေး ဘယ်လိုသွားလုပ်မလဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရိုးရိုးသားသား လွတ်လပ်စွာ စီးပွားရှာချင်သူတွေအတွက် …
လူယုတ်မာတွေ အုပ်ချုပ်နေသ၍ အိပ်မက် မက်ခွင့် မရှိတော့ဘူး။
လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ ပြည်သူကို လေးစားတဲ့ ပြည့်သူ့အစိုးရ တက်မှပဲ ဒီအိပ်မက် ပြန်မက်ခွင့် ရတော့မယ်။
အဲ့ဒီတော့ ကျွန်တော် စုဆောင်းငွေထဲကနေ အာဏာရှင်တော်လှန်ရေးအတွက် ကူတယ် လှူတယ်။ ဒါပေမဲ့ဗျာ လူဆိုတာ အတ္တကြီးစိုးသူများတယ် မဟုတ်လား။ ကိုယ်နှစ်ရှည် အလုပ်လုပ်ပြီး အနာဂတ်အတွက် စုဆောင်းထားခဲ့တဲ့ငွေတွေ အကုန်လှူပစ်နှိုင်လောက်အောင် စိတ်မပြတ်ပါဘူး (ဒါကြောင့်ဗျာ … အိမ်အကူ မိန်းခလေးတွေ ရသမျှ လှူပစ်တာမျိုး၊ စစ်ကိုင်းဘက်မှာ လက်နက်ဝယ်နိုင်ဖို့ နားကပ်ချွတ် လှူကြတာမျိုးကို အလွန် လေးစားမိပါတယ်)။
နောက်တော့ NUG က အတိုးမရှိ တော်လှန်ရေး ငွေတိုက်စာချုပ် ရောင်းမယ်ဆိုတော့ ဒါပြည်သူ့အစိုးရက ပြည်သူဆီက ငွေချေးတာ။ ပြန်ရမဲ့ငွေ လှူတာနဲ့မတူဘူးဆိုတော့ ဝယ်ပြီလေ။ ကျွန်တော့်ဆီမှာ USD 5,000 တန် ၁၀ စောင်ဝယ်ထားပြီးပြီ။
နောက်တမျိုးက EOD သူကျတော့ ငွေတိုက်စာချုပ်နဲ့ မတူပြန်ဘူး။ ပြန်ရတဲ့အချိန်ကျ အမြတ်ငွေပါ ရဖို့ မျှော်လင့်ခွင့်ရှိတဲ့ ချေးငွေ။ ကျွန်တော့်ဆီမှာ EOD အစု ၂၀၀ ဝယ်ထားပြီးသား ရှိပါတယ်။
မနေ့ကတော့ ကျွန်တော် ထပ်စဉ်းစားတယ်။ တော်လှန်ရေး အောင်မြင်ဖို့ ပြန်မယူတော့မဲ့ ငွေတွေ၊ အထောက်အကူပြု ပစ္စည်းတွေတောင် လှူနေသေးတာပဲ။ ငါ့ဆီက လက်ကျန်ငွေထဲကနေ EOD အစု ၃၀၀ ထပ်ဝယ်မယ်။ ငါ့လက်ထဲထားရင် ဒီတိုင်းပဲ အကျိုးမရှိ ဖြစ်မယ်။ EOD ဝယ်လိုက်တော့ တလရ အတွက်လည်း အကျိုးရှိသလို တလရ အောင်မြင်ပြီးရင် ကိုယ့်အတွက်လည်း အကျိုးရှိလာမယ်လေ။
အဲ့ဒီအတွေး၊ အဲ့ဒီခံယူချက်နဲ့ နောက်ထပ် အစု ၃၀၀ ဝယ်ဖြစ်ခဲ့တာပါ။
အခုဆိုရင် အလှူငွေတွေ မပါဘဲ ချေးငွေသက်သက်တင် ( အတိုးမပါ + အမြတ်ပါ) USD 100,000 ရှိပါပြီဗျ။ ကျွန်တော့်လိုပဲ လက်ထဲမှာ စုဆောင်းငွေ ရှိနေသူတွေအနေနဲ့ EOD ကို ပထမဦးစားပေး၊ ငွေတိုက်စာချုပ်ကို ဒုတိယ ဦးစားပေး အနေနဲ့ ဝယ်ယူကြမယ်ဆိုရင် တလရ ကြန့်ကြာမှု မရှိဘဲ အချိန်တိုနဲ့အောင်မြင်ဖို့ ကူညီရာရောက်မယ်လို့ အကြံပြုပါတယ်ဗျ။
ငွေတိုက်စာချုပ် ဝယ်ယူခြင်း၊ EOD ဝယ်ယူခြင်းများဖြင့် တော်လှန်ရေးမှာ ရင်းနှီးမြှုပ်နှံကြပါ။
crd
Zawgyi