ၾကားသိရသမွ်

မျက်မမြင်အဘွားအိုကို ဘေးရန်ကင်းအောင် စောင့်ရှောက်ပေးနေခဲ့တဲ့ လမ်းဘေးခွေးလေး နှစ်ကောင်

Unicode

ခွေးတွေဟာ သူတို့ကိုအစာကျွေးမွေးခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေကို လုံးဝမမေ့ဘဲ သစ္စာရှိရှိကာကွယ်ပေးတတ်တဲ့ တိရစ္ဆာန်လေးတွေပါ

ဒီတစ်ခေါက် social media ပေါ်မှာ အတော်လေးရေပန်းစားနေတဲ့ အဖြစ်အပျက်လေးတစ်ခုဟာလည်း လူအများရဲ့ရင်ထဲကို ခံစားသွားစေခဲ့ပါတယ်

ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ရေကန်ဘေးလေးတစ်ခုဘေးမှာ ခွေးလေးနှစ်ကောင်ဟာ အချိန်အတော်ကြာထိုင်စောင့်နေခဲ့တာကို တွေ့ရှိရမှာပါ

ခွေးလေးတွေ ဘာလုပ်နေတာလဲဆိုပြီး အနီးကပ်ကြည့်ရှုလိုက်တဲ့ချိန်မှာတော့ အဆိုပါရေကန်ဘေးမှာ အဘွားအိုတစ်ယောက်ဟာ အိပ်မောကျနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်

အဆိုပါ ဓာတ်ပုံတွေကို social media ပေါ်မှာ ဝေမျှပေးခဲ့သူရဲ့ ပြောပြချက်အရ အဘွားအိုဟာ အမှန်တကယ်တော့

အိုးမဲ့အိမ်မဲ့နေထိုင်နေရသူဖြစ်တဲ့အပြင် မျက်မမြင်အဘွားအို တစ်ယောက်လည်းဖြစ်နေခဲ့ပြီး ၊ သူမဟာ

အဆိုပါလမ်းဘေးခွေးနှစ်ကောင်ကို ဂရုစိုက်ပြီး အစားအစာများကျွေးမွေးခဲ့လို့ ခွေးလေးတွေက အဘွားအိုနောက်ကို တကောက်ကောက်လိုက်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

 

အမှန်တကယ်တော့ ခွေးလေးတွေဟာ အဘွားအို အိပ်နေစဉ် တကယ့်အုပ်ထိန်းသူတွေလို အဘွားအိုကို ကာကွယ်ပေးနေခဲ့တာဖြစ်ပါတယ်

ဒါကြောင့် ရှေးလူကြီးတွေပြောနေကြစကားအတိုင်း ခွေးလေးတွေဟာ လူတွေရဲ့တကယ့်မိတ်ဆွေအရင်း

တွေပဲဆိုပြီး အခုဖော်ပြတဲ့ ခွေးလေးတွေက သက်သေပြလိုက်တာပါပဲ

Credit

Zawgyi











Credit