ၾကားသိရသမွ်

နွားကျောင်းသားကို ဝင်ကိုက်ခဲ့သည့် ကျားခြေရာ များထပ်မံတွေ့ရှိ..

နွားကျောင်းသားကို ဝင်ကိုက်ခဲ့သည့် ကျားခြေရာ များထပ်မံတွေ့ရှိ

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာမှ နွား ကျောင်း နေသောလူတစ်ဦးကို ကျားဝင်ကိုက်ပြီး လိုက်လံရှာဖွေခဲ့

သော်လည်း

ကျားခြေရာများသာတွေ့ရှိခဲ့ရပါသည်။ယနေ့နံနက်တွင် ကျွဲခြံ လယ်မရွာဘက် လယ်ခင်းများထဲမှာကျားခြေရာ များထပ်မံ

တွေ့ရှိရပါသည်။

၄င်းကျားသည် မုန်းချောင်းဘေးအတိုင်း အထက်ဘက် ကြီးအုံကြီးဝတမံဘက် မြောင်းဦးကြိုးဝိုင်းသစ်တောဆီသို့

ဦးတည်သွားကြောင်းယူဆရပါသည်

မကွေတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ အနီးတွင် နွားကျောင်းနေသည့် အမျိုး သားတစ်ဦး မနေ့က နေ့လည်ပိုင်းက ကျားကိုက်ခံခဲ့ရတာပါ

“ နွားကျောင်းတဲ့ ကိုစန်းဝင်းပေါ့ ။ အသက်အရွယ်ကတော့ ၄၀ ကျော် ၅၀ ဝန်းကျင်လောက်ရှိပြီထင်ပါတယ်။ သူက

နွားကျောင်းသွားရာမှာ ကျားကိုက်ခံရတာ၊ ကျားကိုက်ခံရတော့ ပေါင်မှာ ကြီးမားတဲ့ ဒဏ်ရာရတယ်။ သူ့ကိုတော့ ဆေးရုံပို့လိုက်တယ်။

ကျားကတော့ မမိဘူး။ အမှန်က ဒီဒေသမှာ တစ်ခါမှာလည်း ကျားတွေ့လည်း မတွေ့ဖူးဘူး။ တောတောင်ကလည်း တော်တော်လေးရှားပါးတယ်။ အံ့ဩတယ်။ ထူးဆန်းတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကျေးရွာအနီးတဝိုက်တွင် ကျားနေထိုင်နိုင်လောက်သည့် တောတောင်မရှိကြောင်း၊ ကျား၏ ခြေရာသည် လက် ငါးလုံးနီးပါးရှိ၍ အကောင်ကြီးမည်ဟု ယူဆကြောင်း အဆိုပါဒေသခံက ပြောသည်။

“တောတောင်ပြုန်းတီးပြီး အစာရေစာ ရှားပါးပြီး မျက်စိလည်လမ်းမှားပြီး ဒီဘက်ကို ရောက်လာတယ်ထင်တယ်” ဟု ၎င်းက ဆိုသည်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကျားတွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး

ယနေ့တွင် နွားကျောင်းသားတစ်ဦး အကိုက်ခံရခြင်းဖြစ်သည်။

ယနေ့မှာလည်း တဖန်ကျားခြေရာများကို ထပ်မံတွေ့ရှိရတာပါ။ Photo Credit

ႏြားေက်ာင္းသားကို ဝင္ကိုက္ခဲ့သည့္ က်ားေျခရာ မ်ားထပ္မံေတြ႕ရွိ

ပြင့္ျဖဴၿမိဳ႕နယ္ ေက်ာင္းကုန္းႀကီးေက်းရြာမွ ႏြား ေက်ာင္း ေနေသာလူတစ္ဦးကို က်ားဝင္ကိုက္ၿပီး လိုက္လံရွာေဖြခဲ့ေသာ္လည္း

က်ားေျခရာမ်ားသာေတြ႕ရွိခဲ့ရပါသည္။ယေန႔နံနက္တြင္ ကၽြဲၿခံ လယ္မရြာဘက္ လယ္ခင္းမ်ားထဲမွာက်ားေျခရာ မ်ားထပ္မံေတြ႕ရွိရပါသည္။

၄င္းက်ားသည္ မုန္းေခ်ာင္းေဘးအတိုင္း အထက္ဘက္ ႀကီးအုံႀကီးဝတမံဘက္ ေျမာင္းဦးႀကိဳးဝိုင္းသစ္ေတာဆီသို႔ ဦးတည္သြားေၾကာင္းယူဆရပါသည္။

မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္ ေက်ာင္းကုန္းႀကီးေက်းရြာ အနီးတြင္ ႏြားေက်ာင္းေနသည့္ အမ်ိဳး သားတစ္ဦး မေန႔က ေန႔လည္ပိုင္းက က်ားကိုက္ခံခဲ့ရတာပါ

“ ႏြားေက်ာင္းတဲ့ ကိုစန္းဝင္းေပါ့ ။ အသက္အရြယ္ကေတာ့ ၄၀ ေက်ာ္ ၅၀ ဝန္းက်င္ေလာက္ရွိၿပီထင္ပါတယ္။ သူက ႏြားေက်ာင္းသြားရာမွာ က်ားကိုက္ခံရတာ၊ က်ားကိုက္ခံရေတာ့ ေပါင္မွာ ႀကီးမားတဲ့ ဒဏ္ရာရတယ္။ သူ႔ကိုေတာ့ ေဆး႐ုံပို႔လိုက္တယ္။

က်ားကေတာ့ မမိဘူး။ အမွန္က ဒီေဒသမွာ တစ္ခါမွာလည္း က်ားေတြ႕လည္း မေတြ႕ဖူးဘူး။ ေတာေတာင္ကလည္း ေတာ္ေတာ္ေလးရွားပါးတယ္။ အံ့ဩတယ္။ ထူးဆန္းတယ္” ဟု ၎က ဆိုသည္။

အဆိုပါ ေက်းရြာအနီးတ၀ိုက္တြင္ က်ားေနထိုင္နိုင္ေလာက္သည့္ ေတာေတာင္မရွိေၾကာင္း၊ က်ား၏ ေျခရာသည္ လက္

ငါးလုံးနီးပါးရွိ၍ အေကာင္ႀကီးမည္ဟု ယူဆေၾကာင္း အဆိုပါေဒသခံက ေျပာသည္။

“ေတာေတာင္ျပဳန္းတီးၿပီး အစာေရစာ ရွားပါးၿပီး မ်က္စိလည္လမ္းမွားၿပီး ဒီဘက္ကို ေရာက္လာတယ္ထင္တယ္” ဟု ၎က ဆိုသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ပြင့္ျဖဴၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအခ်ိဳ႕တြင္ က်ားေတြ႕ရွိရေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ၿပီး ယေန႔တြင္ ႏြားေက်ာင္းသားတစ္ဦး အကိုက္ခံရျခင္းျဖစ္သည္။

ယေန႔မွာလည္း တဖန္က်ားေျခရာမ်ားကို ထပ္မံေတြ႕ရွိရတာပါ။ Photo Credit