ၾကားသိရသမွ်
စစ်ကောင်စီအရမ်းကြောက်ရွံ့နေသောSilent Strike အတွက် ဆိုင်ပိုင်ရှင်များသို့ မပန်ဆယ်လို၏ အကြံပြုချက်
စစ်ခွေးတွေဘက်က Feb ၁ ရက်နေ့ Silent Strike ကို ဇွတ်အတင်းလိုက်ဖိအားပေးနေတယ်။ ဒါဟာ သူတို့ဘက်က Silent Strike ကို သိပ်ကြောက်ရွံ့နေတဲ့ သဘောပဲ။ ကိုယ်တွေဘက်က အောင်မြင်အောင် ကြိုးစားကြရလိမ့်မယ်။
ဆိုင်ပိတ်မယ်လို့ ကြေညာတဲ့ဆိုင်တွေကို လိုက်ဖမ်းနေတယ်။ အဲ့တော့ မကြေညာပါနဲ့။ အဲ့နေ့မှ ပိတ်ပါ။ ဒါမှမဟုတ် အဖွင့်ပြထားပါ။
အကယ်၍မှ ဆိုင်ရှင်တွေအနေနဲ့ ပိတ်မှာကို ဖိအားပေးခံနေရတယ်ဆိုရင် ဝယ်သူတွေဘက်က ပိုအားစိုက်ပေးကြပါ။ အဲ့နေ့ ဈေးမဝယ်ဘူးလို့ ကြိုတင်တွေးထားပါ၊ ကြိုဝယ်ထားပါ။
အဲ့နေ့ ဈေးမဝယ်ပါနဲ့။ ဈေးမဝယ်လို့ ဖမ်းမယ်လုပ်လို့ မရပါဘူး။ အပြင်မထွက်လို့ ဖမ်းမယ်လုပ်လို့မရပါဘူး။
ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေကို ခွင့်တစ်ရက်ပေးပါ။ တရုပ်နှစ်သစ်ကူးအနေနဲ့ ကုံးစိဖချိုင်ပေါ့။ တရားဝင် စာမထုတ်ပါနဲ့။ နှုတ်အားဖြင့်သာ ခွင့်ပေးပါ။Silent Strike မှာ အရေးကြီးတာက ဆိုင်ပိတ်ခြင်း၊ ဆိုင်ဖွင့်ခြင်းမဟုတ်ဘူး။ လူသူကင်းမဲ့ တိတ်ဆိတ်နေခြင်းပါ။
ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေဘက်က ရှေ့အခေါက်တွေမှာ တာဝန်ကျေခဲ့ပြီးပါပြီ။ ဝယ်သူတွေ၊ အပြင်ထွက်မယ့်သူတွေက အဲ့နေ့ ပိုကြိုးစားပေးကြပါ။
အခုလာမယ့် Silent Strike ရဲ့ Slogan က “ပြည်တော်ဝင်ဖို့ ရုန်းထွက်စို့” ပါ။ ဒီStrike အောင်မြင်မှာကို ဓါတ်ရူး၊ နတ်ရူး၊ ယတြာရူး MaALoeတွေက အကြီးအကျယ်ကြောက်ပြီး ဖျက်ကြပါလိမ့်မယ်။ ကိုယ်တွေဘက်က ပါးနပ်ခိုင်ကြည်ကြဖို့ လိုပါတယ်။
ငါတို့မြို့ကို ငါတို့ပိုင်တယ်။
ငါတို့ငြိမ်ချင်ငြိမ်မယ်။
ငါတို့လှုပ်ချင်လှုပ်မယ်။
ပြည်သူ့အားကို ဘယ်နွားမှ တားခွင့်မရစေရ။