ၾကားသိရသမွ်

အမေဖြစ်သူက နေမကောင်းတာကြောင့် မိသားစုအားလုံးအစားစားနိုင်ရန်အတွက် သူတန်ဖိုးထားရတဲ့ဆုတံဆိပ်များကို ပြန်ရောင်းချနေခဲ့တဲ့ ကောင်လေးတစ်ဦး(ရုပ်သံ)

အမေဖြစ်သူက နေမကောင်းတာကြောင့် မိသားစုအားလုံးအစားစားနိုင်ရန်အတွက် သူတန်ဖိုးထားရတဲ့ဆုတံဆိပ်များကို ပြန်ရောင်းချနေခဲ့တဲ့ ကောင်လေးတစ်ဦး(ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ Quezon City မြို့ရှိ Kenneth Pangilinan အမည်ရှိကောင်လေးတစ်ဦးဟာ ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်ပြီးကျောင်းနှင့် ပြိုင်ပွဲများမှ ဆုတံဆိပ်များစွာကို ရရှိခဲ့ပါတယ်။Kenneth ဟာ အမေနှင့်အစ်ကိုဖြစ်သူတို့နှင့်အတူ သေးငယ်တဲ့နေရာလေးတစ်ခုမှာ နေထိုင်ကြပြီး Kenneth ဟာ သူ့ရဲ့ဆုတံဆိပ်များက သူ့ရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုများဖြစ်တယ်လို့ ယုံကြည်နေခဲ့ပါတယ်။ဆုတံဆိပ်များဟာ ၎င်းတို့နေအိမ်ရဲ့အဓိကနေရာမှာ ရှိနေပြီး ၎င်းဟာ သူ့မိသားစုအတွက် ဂုဏ်ယူစရာအဖြစ် ရှိနေခဲ့ပါတယ်။

Kenneth ရဲ့မိခင်ဖြစ်သူဟာ လုံခြုံရေးအစောင့်နှင့်သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်နေခဲ့ပေမဲ့ ကပ်ရောဂါကြောင့် အလုပ်ပြုတ်သွားခဲ့ပြီး သူမဖျားနာလာတဲ့အခါ မိသားစုမှာ စားစရာမရှိသလောက်ဖြစ်သွားခဲ့ရပါတယ်။

သူ့ဆုတံဆိပ်တွေက အဖိုးတန်ပေမဲ့ အစားအစာက ပိုအရေးကြီးတယ်လို့ တွေးထင်နေခဲ့တာကြောင့် Kenneth ဟာ မိသားစုစားသောက်နိုင်ဖို့ဆိုတဲ့မျှော်လင့်ချက်ဖြင့် သူ့ရဲ့ဆုတံဆိပ်များကို ရောင်းချရန် စိတ်ဆုံးဖြတ်ခဲ့ပါတယ်။

Kenneth ရဲ့ ဆုတံဆိပ်ရောင်းတဲ့ post ဟာ ထောင်ပေါင်းများစွာသော အင်တာနက်အသုံးပြုသူများကို ငိုကြွေးသွားစေခဲ့တာကြောင့် ၎င်း post ဟာ အတော်လေးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီကလေးက ဒီဆုတံဆိပ်တွေကိုချစ်မြတိနိုးပြီး သူလိုချင်တာကို အရယူနိုင်ဖို့ သူခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်ဆိုတာကိုလည်း လူတိုင်းက နားလည်သဘောပေါက်နေခဲ့ကြပါတယ်။

လူတော်တော်များများဟာ ၎င်း post အောက်မှာ အပြုသဘောဆောင်တဲ့မှတ်ချက်များကိုပေးခဲ့ကြပြီး အချို့သောလူများစွာကလည်း တစ်ဖက်တစ်လမ်းကနေ အကူအညီပေးနိုင်ဖို့အတွက် ၎င်းတို့အား စုံစမ်းကမ်းလှမ်းခဲ့ကြပါတယ်။

Pinky Menor Encapas အမည်ရှိအမျိုးသမီးက ဆုတံဆိပ်တွေကို ဝယ်မဲ့အစား ၎င်းမိသားစုအတွက် စားစရာများနှင့် လျှပ်စစ်ပန်ကာတို့ကို အခမဲ့ယူဆောင်သွားပေးခဲ့ပါတယ်။ထို့အပြင် onlin laptop အရောင်းဆိုင်ကို ပိုင်ဆိုင်ထားတဲ့ ဒေါက်တာ Khristian Santos ကလည်း ကောင်လေးနှင့်သူ့အစ်ကိုအား online class အတွက် အဆင်သင့်ဖြစ်အောင် ယူနစ်အသစ်တစ်ခု ပေးခဲ့ပါတယ်။

KMJS သတင်းဌာနကလည်း ၎င်းတို့မိသားစုအတွက် wifi router တစ်ခုနှင့် load တစ်ခုကို ထောက်ပံ့ပေးခဲ့ပါသေးတယ်။နောက်ဆုံးတော့ Kenneth လေးဟာ မိသားစုအတွက် ရောင်းချဖို့လုပ်ခဲ့တဲ့ သူတန်ဖိုးထားတဲ့ဆုတံဆိပ်များနှင့် မခွဲခွါရတော့တာကြောင့် သူဟာ ကူညီပေးတဲ့လူအယောက်စီတိုင်းကို ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။

Credit

Zawgyi

အေမျဖစ္သူက ေနမေကာင္းတာေၾကာင့္ မိသားစုအားလုံးအစားစားႏိုင္ရန္အတြက္ သူတန္ဖိုးထားရတဲ့ဆုတံဆိပ္မ်ားကို ျပန္ေရာင္းခ်ေနခဲ့တဲ့ ေကာင္ေလးတစ္ဦး(႐ုပ္သံ)

ဖိလစ္ပိုင္ႏိုင္ငံ Quezon City ၿမိဳ႕ရွိ Kenneth Pangilinan အမည္ရွိေကာင္ေလးတစ္ဦးဟာ ထက္ျမက္တဲ့ကေလးတစ္ေယာက္ျဖစ္ၿပီးေက်ာင္းႏွင့္ ၿပိဳင္ပြဲမ်ားမွ ဆုတံဆိပ္မ်ားစြာကို ရရွိခဲ့ပါတယ္။

Kenneth ဟာ အေမႏွင့္အစ္ကိုျဖစ္သူတို႔ႏွင့္အတူ ေသးငယ္တဲ့ေနရာေလးတစ္ခုမွာ ေနထိုင္ၾကၿပီး Kenneth ဟာ သူ႔ရဲ႕ဆုတံဆိပ္မ်ားက သူ႔ရဲ႕တန္ဖိုးအရွိဆုံးပိုင္ဆိုင္မႈမ်ားျဖစ္တယ္လို႔ ယုံၾကည္ေနခဲ့ပါတယ္။ဆုတံဆိပ္မ်ားဟာ ၎တို႔ေနအိမ္ရဲ႕အဓိကေနရာမွာ ရွိေနၿပီး ၎ဟာ သူ႔မိသားစုအတြက္ ဂုဏ္ယူစရာအျဖစ္ ရွိေနခဲ့ပါတယ္။

Kenneth ရဲ႕မိခင္ျဖစ္သူဟာ လုံၿခဳံေရးအေစာင့္ႏွင့္သန႔္ရွင္းေရးသမားအျဖစ္ လုပ္ကိုင္ေနခဲ့ေပမဲ့ ကပ္ေရာဂါေၾကာင့္ အလုပ္ျပဳတ္သြားခဲ့ၿပီး သူမဖ်ားနာလာတဲ့အခါ မိသားစုမွာ စားစရာမရွိသေလာက္ျဖစ္သြားခဲ့ရပါတယ္။

သူ႔ဆုတံဆိပ္ေတြက အဖိုးတန္ေပမဲ့ အစားအစာက ပိုအေရးႀကီးတယ္လို႔ ေတြးထင္ေနခဲ့တာေၾကာင့္ Kenneth ဟာ မိသားစုစားေသာက္ႏိုင္ဖို႔ဆိုတဲ့ေမွ်ာ္လင့္ခ်က္ျဖင့္ သူ႔ရဲ႕ဆုတံဆိပ္မ်ားကို ေရာင္းခ်ရန္ စိတ္ဆုံးျဖတ္ခဲ့ပါတယ္။

Kenneth ရဲ႕ ဆုတံဆိပ္ေရာင္းတဲ့ post ဟာ ေထာင္ေပါင္းမ်ားစြာေသာ အင္တာနက္အသုံးျပဳသူမ်ားကို ငိုေႂကြးသြားေစခဲ့တာေၾကာင့္ ၎ post ဟာ အေတာ္ေလးကို လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ဒီကေလးက ဒီဆုတံဆိပ္ေတြကိုခ်စ္ျမတိႏိုးၿပီး သူလိုခ်င္တာကို အရယူႏိုင္ဖို႔ သူခက္ခက္ခဲခဲႀကိဳးစားခဲ့ရတယ္ဆိုတာကိုလည္း လူတိုင္းက နားလည္သေဘာေပါက္ေနခဲ့ၾကပါတယ္။လူေတာ္ေတာ္မ်ားမ်ားဟာ ၎ post ေအာက္မွာ အျပဳသေဘာေဆာင္တဲ့မွတ္ခ်က္မ်ားကိုေပးခဲ့ၾကၿပီး အခ်ိဳ႕ေသာလူမ်ားစြာကလည္း တစ္ဖက္တစ္လမ္းကေန အကူအညီေပးႏိုင္ဖို႔အတြက္ ၎တို႔အား စုံစမ္းကမ္းလွမ္းခဲ့ၾကပါတယ္။

Pinky Menor Encapas အမည္ရွိအမ်ိဳးသမီးက ဆုတံဆိပ္ေတြကို ဝယ္မဲ့အစား ၎မိသားစုအတြက္ စားစရာမ်ားႏွင့္ လွ်ပ္စစ္ပန္ကာတို႔ကို အခမဲ့ယူေဆာင္သြားေပးခဲ့ပါတယ္။ထို႔အျပင္ onlin laptop အေရာင္းဆိုင္ကို ပိုင္ဆိုင္ထားတဲ့ ေဒါက္တာ Khristian Santos ကလည္း ေကာင္ေလးႏွင့္သူ႔အစ္ကိုအား online class အတြက္ အဆင္သင့္ျဖစ္ေအာင္ ယူနစ္အသစ္တစ္ခု ေပးခဲ့ပါတယ္။

KMJS သတင္းဌာနကလည္း ၎တို႔မိသားစုအတြက္ wifi router တစ္ခုႏွင့္ load တစ္ခုကို ေထာက္ပံ့ေပးခဲ့ပါေသးတယ္။ေနာက္ဆုံးေတာ့ Kenneth ေလးဟာ မိသားစုအတြက္ ေရာင္းခ်ဖို႔လုပ္ခဲ့တဲ့ သူတန္ဖိုးထားတဲ့ဆုတံဆိပ္မ်ားႏွင့္ မခြဲခြါရေတာ့တာေၾကာင့္ သူဟာ ကူညီေပးတဲ့လူအေယာက္စီတိုင္းကို ေက်းဇူးတင္စကားေျပာခဲ့ပါေသးတယ္။

Credit