ဆြမ္းခံကိုရင္ေလးေတြကိုျမင္တိုင္းစာသင္သားဘဝဆြမ္းတစ္နပ္ရဖို႔ေျခတိုေအာင္ေလွ်ာက္ခဲ့ရတဲ့ေန႕ရက္ေတြကအေတြးထဲေရာက္ေရာက္လာတယ္။စာသင္သားတိုင္းၾသခ်လိဳ႕မယုံေျပာျပလို႔မကုန္တဲ့ဆြမ္းတစ္နပ္အတြက္ဇာတ္လမ္းအဖုံဖုံရွိခဲ့ဖူးၾကမွာပါ။၂၀၀၄-ခုပညာသင္ႏွစ္ေတြျပန္စေတာ့႐ြာကျပန္လာစမို႔ေနေရး၊စာေရး၊ပညာသင္ေရးေတြအတည္တက်မျဖစ္ေသး။ေနေရးနဲ႕ပညာေရးကိုေက်ာင္းတိုက္ကစီစဥ္ေပးတာေၾကာင့္သီးျခားစဥ္းစားစရာမလိုခဲ့။စားေရးအတြက္ေတာ့ကိုယ္တိုင္ဖန္တီးရမည္မို႔အရင္ႏွစ္က
လက္က်န္ဆြမ္းခံအိမ္သုံးအိမ္နဲ႕ေခါင္းခဲေနမိတယ္။အရင္ႏွစ္ကဆြမ္းခံအိမ္ငါးအိမ္မွာႏွစ္အိမ္ကႏွစ္ကုန္ကာနီးမွအိမ္ေျပာင္းသြားၾကတာေၾကာင့္က်န္သုံးအိမ္ကိုသာအက်ိဳးအေၾကာင္းေျပာျပၿပီးဆြမ္းပိုအလႉုခံခဲ့ရတယ္။အက်ိဳးအေၾကာင္းေျပာျပအလႉခံခဲ့ရတယ္ဆိုေပမယ့္ေျပာျပခါစသုံးေလးရက္ေလာက္ပဲဆြမ္းမ်ားမ်ားဆြမ္းဟင္းမ်ားမ်ားေလာင္းလႉခဲ့ၾကတာပါ။ဒါေပမယ့္ေနာက္ပိုင္းရက္ေတြမွာေတာ့အရင္ပုံမွန္အတိုင္းပဲေလာင္းလႉခဲ့ၾကတာမို႔အဆင္မေျပျဖစ္ခဲ့ရတာေပါ့။
ဒါေၾကာင့္ႏွစ္စမွာဆြမ္းခံအိမ္အသစ္သုံးေလးအိမ္ေလာက္ထပ္တိုးဖိတ္ဖို႔စိတ္ကူးထားခဲ့တယ္။စိတ္ကူးခဲ့ေပမယ့္တကယ္တမ္းက်ေတာ့ဆြမ္းခံအိမ္ဖိတ္ဖို႔တစ္ပါးတည္းမသြားရဲခဲ့ပါဘူး။စာသင္သားဘဝေနခဲ့ရတဲ့ရက္ေတြအေၾကာက္ဆုံးထဲမွာဆြမ္းခံအိမ္ဖိတ္ရတာလည္းတစ္ခုအပါအဝင္ပါပဲ။စာသင္ႏွစ္စၿပီးဆြမ္းခံအိမ္ထပ္ဖိတ္မယ္လို႔အားခဲ့ထားေပမယ့္တစ္ကယ္တမ္းမဖိတ္ျဖစ္ခဲ့လို႔ဆြမ္း၊ဆြမ္းဟင္းနည္းနည္းနဲ႕သူငယ္ခ်င္းေတြဝိုင္းမွာမ်က္ႏွာပူပူပဲဝိုင္းဖြဲ႕ခဲ့ရတယ္။
မိုးေတြ႐ြာတဲ့တစ္ေန႕။
အဲဒီတစ္ေန႕ကိုေတာ့မိုးေတြ႐ြာတိုင္းမ်က္ရည္ဝိုင္းဆြမ္းခံျမင္တိုင္းမ်က္ရည္ဝိုင္းဆိုသလိုဘယ္ေတာ့မွေမ့ေဖ်ာက္မရခဲ့။ညဦးပိုင္းကတည္းကမိုးေတြသည္းသည္းမည္းမည္း႐ြာေနတာေၾကာင့္ေက်ာင္းကထင္းေတြေရစိုလို႔အ႐ုဏ္အတြက္ခ်က္သူေတြမွာဒုကၡေတြေရာက္လိုက္တဲ့ျဖစ္ျခင္း။ဆြမ္းခ်က္သူေတြဘယ္ေလာက္ဒုကၡခံခ်က္ခ်က္မနက္ပိုင္းဆြမ္းဝိုင္းကဆြမ္းကေတာ့မီးခိုေစာ္နံနံေပ်ာ့တူးမနပ္အဆင့္ကမတက္ခဲ့ေပ။သံဃာအနည္းေလာက္ပဲႀကိတ္မွိတ္မ်ိဳခ်သြားၾကတယ္။ကိုယ့္မွာေတာ့ကိုယ့္ဝမ္းနဲ႕အဆင္မသင့္လို႔တစ္လုပ္တစ္ဇြန္းေလာက္ေတာင္မစားရဲခဲ့။ပလုတ္က်င္းတဲ့အာဟာရကသာအ႐ုဏ္အတြက္ျဖစ္ခဲ့ရတာေပါ့။
တရွဲရွဲအရွိန္ေကာင္းေနတဲ့မိုးဦးမိုးေပါက္ေတြအၾကားရွစ္နာရီထိုးစာဝါတက္ေတာ့အစာမရွိတဲ့အစာအိမ္ကအူတၾကဳတ္ၾကဳတ္ေလတမႈတ္မႈတ္နဲ႕ေပါ့။စာဝါအၿပီးကိုးနာရီခြဲမွာမိုးထဲေရထဲေလထဲမွာပဲဆြမ္းခံထြက္လာခဲ့မိတယ္။ေရေတြေလေတြမိုးေတြသည္းေနေပမယ့္ဆြမ္းခံသံဃာေတြကိုျမင္တိုင္းမ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႕မွတ္တိုင္ေက်ာ္ရပ္ေမာင္းေျပးတတ္ၾကတဲ့ကားစပါယ္ယာဒရိုက္ဘာတို႔ရဲ႕မ်က္ႏွာကိုျမင္ရင္အကုသိုလ္ပြားမွာစိုးလို႔အသြားအျပန္သုံးမိုင္ေက်ာ္ေဝးတဲ့ေန႕စဥ္ဆြမ္းခံလမ္းကိုမိုးသည္းသည္းၾကားတစ္ပါးတည္းေ႐ႊ႕လ်ားေနမိခဲ့တယ္။ဆာေလာင္ျခင္းသာစိတ္အစဥ္ကို
ႀကီးစိုးေနတာမို႔ေန႕စဥ္ဆြမ္းခံရင္း႐ြတ္ေနၾကဂုဏ္ေတာ္၊ပရိတ္၊ပ႒ာန္းေတြလည္းစည္းဝါးမကိုက္သံစဥ္မညီၾကေတာ့။ပါးစပ္က႐ြတ္ေနေပမယ့္စိတ္ကေတာ့ဆြမ္းခံအျပန္အေၾကာ္ပူပူေလးကိုပဲေတာင့္တေနမိခဲတယ္။မိုး႐ြာထဲေလွ်ာက္ရင္း၊ဆာရင္း၊႐ြတ္ရင္း၊ေတြးရင္းနဲ႕ဆြမ္းခံအိမ္သုံးအိမ္ရဲ႕ပထမဆုံးအိမ္ကတပ္ကအၿငိမ္းစားအရာရွိႀကီးတစ္ေယာက္ရဲ႕အိမ္။ဆြမ္းေတာ္ေအာ္ေနမိုး႐ြာထဲေလွ်ာက္ရင္း၊ဆာရင္း၊႐ြတ္ရင္း၊ေတြးရင္းနဲ႕ၾကဗန္ဒါပင္ႀကီးေအာက္အေရာက္ေျခစုံရပ္ၿပီးၾကည့္လိုက္ေတာ့လက္သီးဆုပ္ေလာက္အာမခံေသာ့ခေလာက္ႀကီးနဲ႕ၿခံတံခါးမႀကီးကဒီဆြမ္းခံကိုယ္ေတာ္ေလးကိုသူစိမ္းျပင္ျပင္ႏႈတ္ဆက္ျခင္းအလ်ဥ္းမရွိခဲ့ပါဘူး။
ဒါနဲ႕သူစိမ္းနယ္ေျမမွာၾကာရွည္မေနတာေကာင္းတယ္ဆိုသလိုေမွ်ာ္လင့္ခ်က္ရွိရာခရီးဆက္ခဲ့မိတယ္။မိုးေရေတြ႐ႊဲေနတဲ့ဒီကိုယ္ေတာ္ေလးဒုတိယအိမ္ေရွ႕အေရာက္ၿခံေပါက္ဝမွာေျခစုံရပ္လိုက္ေတာ့သြားတိုက္တံတစ္ဖက္ေရခြက္တစ္ဖက္နဲ႕ခုနစ္ႏွစ္အ႐ြယ္သမီးငယ္ေလးတစ္ေယာက္ကမ်က္လုံးေလးျပဴးၾကည့္ရင္းေရခြက္ကိုစည္ပိုင္းေပၚတင္ဘယ္လက္ကသြားတိုက္တံေလးကိုင္ရင္းေမေမဦးေတာ္လာၿပီတဲ့။ေအာ္…လူရွိတယ္အိပ္ယာလည္းထေနၾကၿပီဆြမ္းေတာ့ရမွာပဲလို႔အေတြးေလးမဆုံးခင္မွာပဲအိပ္ယာထဲကေနသမီးေလးကန္ေတာ့ဆြမ္းတဲ့။အသံပင္မဆုံးလိုက္။
ဒီကိုယ္ေတာ္ေလးေျခေထာက္ေတြဘယ္အခ်ိန္ကျပန္လွည့္မိလိုက္တယ္မသိ။ေန႕တစ္ေန႕အတြက္၊ဆြမ္းတစ္နပ္အတြက္၊အစာတစ္ရက္စာအတြက္တစ္လမ္းေက်ာ္ကေနာက္ဆုံးေမွ်ာ္လင့္ရာဆီကိုဒီကိုယ္ေတာ္ေလးေျခဦးလွည့္ခဲ့မိျပန္ေပါ့။မိုးေရေတြလည္းစို႐ႊဲလမ္းမထက္မွာထီးမပါတာလည္းတစ္ကိုယ္တည္းသြားရင္းပြါးရင္းလွမ္းရင္းမွန္းဆရင္းနဲ႕ေနာက္ဆုံးအိမ္တံခါးေပါက္အေရာက္မ်က္ႏွစ္သစ္ၿပီးစေမႊးပြတဘက္ႀကီးပုခုံးေပၚတင္ထားတဲ့အိမ္ရွင္ဆြမ္းဒကာမႀကီးကေဖာ္ေဖာ္ေ႐ႊေ႐ႊပ်ဴပ်ဴငွါငွါပဲ။
”အရွင္ဘုရားႂကြပါဘုရား။ဒီမွာသီတင္းသုံးပါဘုရား”ဆိုၿပီးထိုင္ခုံေပၚကပစၥည္းေတြကိုေနရာေ႐ႊ႕ေပးပါတယ္။ဒီဆြမ္းခံကိုယ္ေတာ္ေလးကေတာ့စို႐ႊဲေနတဲ့မိုးေရေတြကိုယ္ေပၚကတစက္စက္က်ေနတာေၾကာင့္ေျခာက္ေျခာက္ခ်မ္းခ်မ္းအိမ္ထဲကိုမဝင္ဝံ့ျဖစ္ၿပီး“ရပါတယ္ဒကာမႀကီးဝင္မထိုင္ေတာ့ပါဘူးဒီအတိုင္းပဲေလာင္းလိုက္ပါေတာ့”လို႔မိန႔္လိုက္မိတယ္။ဒီေတာ့မွဒကာမႀကီးကအိမ္ထဲခ်က္ခ်င္းျပန္ဝင္သြားၿပီးအိမ္ထဲကျပန္ထြက္ကိုယ္ေတာ္ေလးဆီတန္းတန္းမတ္မတ္ျပန္ေလွ်ာက္လာခဲ့ပါတယ္။ဒီကိုယ္ေတာ္ေလးမွာေတာ့ျပန္ထြက္လာတဲ့ဒကာမႀကီးဆြမ္းဟင္းခြက္ယူူမယ္
အထင္နဲ႕သပိတ္ဖုံးကိုဖြင့္ေပးလိုက္ပါတယ္။ဒါေပမယ့္ဆြမ္းအမကဆြမ္းဟင္းခြက္ကိုမယူဘဲသပိတ္ထဲကိုတစ္စုံတစ္ခုထည့္လႉလိုက္ၿပီးခ်က္ခ်င္းပဲၾကမ္းျပင္ေပၚထိုင္ကန္ေတာ့ေနေတာ့မွဘာမ်ားေလာင္းလႉလိုက္သလဲဆိုတာစစ္ေဆးလို႔လည္းမေကာင္းတာမို႔ကန္ေတာ့ေနတုန္းျပဳေနၾကအတိုင္းေမတၱာပို႔ေနခဲ့မိတယ္။ဆြမ္းအမကန္ေတာ့ၿပီးၿပီးခ်င္းပဲဖိနပ္ခြၽတ္ခုံအလြန္အေပါက္ဝကေနျပန္ဆင္းခဲ့လိုက္ပါတယ္။ဝမ္းဗိုက္ထဲကအစာေတာင္းသံတၾကဳတ္ၾကဳတ္ကေတာ့မိနစ္မျခားေတာ့ေပ။ဒါေပမယ့္ဒီေန႕အတြက္ဆြမ္းခံျခင္းသည္ကာစာဖြဲ႕႐ုံမွာတစ္ပါးအျခားမရွိလို႔ခန႔္မွန္းသိလိုက္ပါၿပီ။
ပထမအိမ္ကေသာ့ခေလာက္ဆြမ္း။
ဒုတိယအိမ္ကကန္ေတာ့ဆြမ္း။
ေနာက္ဆုံးအိမ္ကဆြမ္းကေတာ့မိုးထဲေရထဲသြားရင္းလာရင္းလမ္းေလွ်ာက္ရင္းအခုထိခန႔္မွန္းရခက္ခဲေနဆဲ။သိခ်င္ေဇာနဲ႕သပိတ္ဖြင့္ကာစူစမ္းခ်င္မိတာေပါ့။ဒါေပမယ့္လမ္းမေပၚဆိုေတာ့လူေတြနဲ႕ဖြင့္ၾကည့္လို႔မသင့္ေတာ္ပါလားလို႔အေတြးနဲ႕ေလွ်ာက္လာရင္းလူျပတ္တဲ့ေနရာအေရာက္မွာလွစ္ကနဲ႕သပိတ္ကိုလွပ္ၾကည့္လိုက္မိတယ္။
လားလားျမင္လိုက္ရသည္ျဖစ္အင္ကဗိုက္ဆာေနတဲ့ဒီကိုယ္ေတာ္ေလးရင္ကိုေရေႏြးပူအျပည့္ေလာင္းထည့္လိုက္သလားထင္ရတယ္။လွစ္ကနဲ႕လွပ္ၾကည့္လို႔ျမင္လိုက္ရတဲ့အရာကေတာ့စားလို႔လည္းမရ။ေသာက္လို႔လည္းအဆင္မေျပ။ငုံထားလို႔လည္းအာဟာရမျဖစ္တဲ့အနာမသအကပၸိယဝတၳဳအေဟာင္းတစ္႐ြက္ပါပဲ။တန္ဖိုးႀကီးႀကီးမ်ားမ်ားစားစားဆြမ္းတစ္နပ္စာလားဆိုေတာ့လည္းတစ္က်ပ္တန္ကိုအႀကိမ္ႏွစ္ဆယ္ေပါင္းထားေသာႏွစ္ဆယ္က်ပ္တန္တစ္႐ြက္သာ။
သည္းလာေသာမိုးနဲ႕အၿပိဳင္ရင္တြင္းမွာေတာ့မ်က္ရည္မိုးေတြေစြရင္းဆက္ေလွ်ာက္ေနမိသည္။ကိုယ္တိုင္ရဲ႕ဘုဥ္းကံနည္းပါးမႈကိုလည္းတုန္လႈပ္မိတယ္။ဒီအေျခအေနေတြကိုဒီဘဝေလးကစားဖို႔လည္းမပူရ။အိပ္ဖို႔လည္းမပူရ။ပညာသင္ဖို႔လည္းမပူရ။ကုသိုလ္ေတြလည္းရတယ္ဆိုတဲ့႐ြာကအေမမသိပါေစနဲ႕ဟုသာ..။
အရွင္ကဝိသာရ(မင္းကင္း)
Unicode
ဆွမ်းခံကိုရင်လေးတွေကိုမြင်တိုင်းစာသင်သားဘဝဆွမ်းတစ်နပ်ရဖို့ခြေတိုအောင်လျှောက်ခဲ့ရတဲ့နေ့ရက်တွေကအတွေးထဲရောက်ရောက်လာတယ်။စာသင်သားတိုင်းသြချလို့မယုံပြောပြလို့မကုန်တဲ့ဆွမ်းတစ်နပ်အတွက်ဇာတ်လမ်းအဖုံဖုံရှိခဲ့ဖူးကြမှာပါ။၂၀၀၄-ခုပညာသင်နှစ်တွေပြန်စတော့ရွာကပြန်လာစမို့နေရေး၊စာရေး၊ပညာသင်ရေးတွေအတည်တကျမဖြစ်သေး။နေရေးနဲ့ပညာရေးကိုကျောင်းတိုက်ကစီစဉ်ပေးတာကြောင့်သီးခြားစဉ်းစားစရာမလိုခဲ့။စားရေးအတွက်တော့ကိုယ်တိုင်ဖန်တီးရမည်မို့အရင်နှစ်က
လက်ကျန်ဆွမ်းခံအိမ်သုံးအိမ်နဲ့ခေါင်းခဲနေမိတယ်။အရင်နှစ်ကဆွမ်းခံအိမ်ငါးအိမ်မှာနှစ်အိမ်ကနှစ်ကုန်ကာနီးမှအိမ်ပြောင်းသွားကြတာကြောင့်ကျန်သုံးအိမ်ကိုသာအကျိုးအကြောင်းပြောပြပြီးဆွမ်းပိုအလှူုခံခဲ့ရတယ်။အကျိုးအကြောင်းပြောပြအလှူခံခဲ့ရတယ်ဆိုပေမယ့်ပြောပြခါစသုံးလေးရက်လောက်ပဲဆွမ်းများများဆွမ်းဟင်းများများလောင်းလှူခဲ့ကြတာပါ။ဒါပေမယ့်နောက်ပိုင်းရက်တွေမှာတော့အရင်ပုံမှန်အတိုင်းပဲလောင်းလှူခဲ့ကြတာမို့အဆင်မပြေဖြစ်ခဲ့ရတာပေါ့။
ဒါကြောင့်နှစ်စမှာဆွမ်းခံအိမ်အသစ်သုံးလေးအိမ်လောက်ထပ်တိုးဖိတ်ဖို့စိတ်ကူးထားခဲ့တယ်။စိတ်ကူးခဲ့ပေမယ့်တကယ်တမ်းကျတော့ဆွမ်းခံအိမ်ဖိတ်ဖို့တစ်ပါးတည်းမသွားရဲခဲ့ပါဘူး။စာသင်သားဘဝနေခဲ့ရတဲ့ရက်တွေအကြောက်ဆုံးထဲမှာဆွမ်းခံအိမ်ဖိတ်ရတာလည်းတစ်ခုအပါအဝင်ပါပဲ။စာသင်နှစ်စပြီးဆွမ်းခံအိမ်ထပ်ဖိတ်မယ်လို့အားခဲ့ထားပေမယ့်တစ်ကယ်တမ်းမဖိတ်ဖြစ်ခဲ့လို့ဆွမ်း၊ဆွမ်းဟင်းနည်းနည်းနဲ့သူငယ်ချင်းတွေဝိုင်းမှာမျက်နှာပူပူပဲဝိုင်းဖွဲ့ခဲ့ရတယ်။
မိုးတွေရွာတဲ့တစ်နေ့။
အဲဒီတစ်နေ့ကိုတော့မိုးတွေရွာတိုင်းမျက်ရည်ဝိုင်းဆွမ်းခံမြင်တိုင်းမျက်ရည်ဝိုင်းဆိုသလိုဘယ်တော့မှမေ့ဖျောက်မရခဲ့။ညဦးပိုင်းကတည်းကမိုးတွေသည်းသည်းမည်းမည်းရွာနေတာကြောင့်ကျောင်းကထင်းတွေရေစိုလို့အရုဏ်အတွက်ချက်သူတွေမှာဒုက္ခတွေရောက်လိုက်တဲ့ဖြစ်ခြင်း။ဆွမ်းချက်သူတွေဘယ်လောက်ဒုက္ခခံချက်ချက်မနက်ပိုင်းဆွမ်းဝိုင်းကဆွမ်းကတော့မီးခိုစော်နံနံပျော့တူးမနပ်အဆင့်ကမတက်ခဲ့ပေ။သံဃာအနည်းလောက်ပဲကြိတ်မှိတ်မျိုချသွားကြတယ်။ကိုယ့်မှာတော့ကိုယ့်ဝမ်းနဲ့အဆင်မသင့်လို့တစ်လုပ်တစ်ဇွန်းလောက်တောင်မစားရဲခဲ့။ပလုတ်ကျင်းတဲ့အာဟာရကသာအရုဏ်အတွက်ဖြစ်ခဲ့ရတာပေါ့။
တရှဲရှဲအရှိန်ကောင်းနေတဲ့မိုးဦးမိုးပေါက်တွေအကြားရှစ်နာရီထိုးစာဝါတက်တော့အစာမရှိတဲ့အစာအိမ်ကအူတကြုတ်ကြုတ်လေတမှုတ်မှုတ်နဲ့ပေါ့။စာဝါအပြီးကိုးနာရီခွဲမှာမိုးထဲရေထဲလေထဲမှာပဲဆွမ်းခံထွက်လာခဲ့မိတယ်။ရေတွေလေတွေမိုးတွေသည်းနေပေမယ့်ဆွမ်းခံသံဃာတွေကိုမြင်တိုင်းမျက်နှာရှစ်ခေါက်ချိုးနဲ့မှတ်တိုင်ကျော်ရပ်မောင်းပြေးတတ်ကြတဲ့ကားစပါယ်ယာဒရိုက်ဘာတို့ရဲ့မျက်နှာကိုမြင်ရင်အကုသိုလ်ပွားမှာစိုးလို့အသွားအပြန်သုံးမိုင်ကျော်ဝေးတဲ့နေ့စဉ်ဆွမ်းခံလမ်းကိုမိုးသည်းသည်းကြားတစ်ပါးတည်းရွှေ့လျားနေမိခဲ့တယ်။ဆာလောင်ခြင်းသာစိတ်အစဉ်ကို
ကြီးစိုးနေတာမို့နေ့စဉ်ဆွမ်းခံရင်းရွတ်နေကြဂုဏ်တော်၊ပရိတ်၊ပဋ္ဌာန်းတွေလည်းစည်းဝါးမကိုက်သံစဉ်မညီကြတော့။ပါးစပ်ကရွတ်နေပေမယ့်စိတ်ကတော့ဆွမ်းခံအပြန်အကြော်ပူပူလေးကိုပဲတောင့်တနေမိခဲတယ်။မိုးရွာထဲလျှောက်ရင်း၊ဆာရင်း၊ရွတ်ရင်း၊တွေးရင်းနဲ့ဆွမ်းခံအိမ်သုံးအိမ်ရဲ့ပထမဆုံးအိမ်ကတပ်ကအငြိမ်းစားအရာရှိကြီးတစ်ယောက်ရဲ့အိမ်။ဆွမ်းတော်အော်နေမိုးရွာထဲလျှောက်ရင်း၊ဆာရင်း၊ရွတ်ရင်း၊တွေးရင်းနဲ့ကြဗန်ဒါပင်ကြီးအောက်အရောက်ခြေစုံရပ်ပြီးကြည့်လိုက်တော့လက်သီးဆုပ်လောက်အာမခံသော့ခလောက်ကြီးနဲ့ခြံတံခါးမကြီးကဒီဆွမ်းခံကိုယ်တော်လေးကိုသူစိမ်းပြင်ပြင်နှုတ်ဆက်ခြင်းအလျဉ်းမရှိခဲ့ပါဘူး။
ဒါနဲ့သူစိမ်းနယ်မြေမှာကြာရှည်မနေတာကောင်းတယ်ဆိုသလိုမျှော်လင့်ချက်ရှိရာခရီးဆက်ခဲ့မိတယ်။မိုးရေတွေရွှဲနေတဲ့ဒီကိုယ်တော်လေးဒုတိယအိမ်ရှေ့အရောက်ခြံပေါက်ဝမှာခြေစုံရပ်လိုက်တော့သွားတိုက်တံတစ်ဖက်ရေခွက်တစ်ဖက်နဲ့ခုနစ်နှစ်အရွယ်သမီးငယ်လေးတစ်ယောက်ကမျက်လုံးလေးပြူးကြည့်ရင်းရေခွက်ကိုစည်ပိုင်းပေါ်တင်ဘယ်လက်ကသွားတိုက်တံလေးကိုင်ရင်းမေမေဦးတော်လာပြီတဲ့။အော်…လူရှိတယ်အိပ်ယာလည်းထနေကြပြီဆွမ်းတော့ရမှာပဲလို့အတွေးလေးမဆုံးခင်မှာပဲအိပ်ယာထဲကနေသမီးလေးကန်တော့ဆွမ်းတဲ့။အသံပင်မဆုံးလိုက်။
ဒီကိုယ်တော်လေးခြေထောက်တွေဘယ်အချိန်ကပြန်လှည့်မိလိုက်တယ်မသိ။နေ့တစ်နေ့အတွက်၊ဆွမ်းတစ်နပ်အတွက်၊အစာတစ်ရက်စာအတွက်တစ်လမ်းကျော်ကနောက်ဆုံးမျှော်လင့်ရာဆီကိုဒီကိုယ်တော်လေးခြေဦးလှည့်ခဲ့မိပြန်ပေါ့။မိုးရေတွေလည်းစိုရွှဲလမ်းမထက်မှာထီးမပါတာလည်းတစ်ကိုယ်တည်းသွားရင်းပွါးရင်းလှမ်းရင်းမှန်းဆရင်းနဲ့နောက်ဆုံးအိမ်တံခါးပေါက်အရောက်မျက်နှစ်သစ်ပြီးစမွှေးပွတဘက်ကြီးပုခုံးပေါ်တင်ထားတဲ့အိမ်ရှင်ဆွမ်းဒကာမကြီးကဖော်ဖော်ရွှေရွှေပျူပျူငှါငှါပဲ။
”အရှင်ဘုရားကြွပါဘုရား။ဒီမှာသီတင်းသုံးပါဘုရား”ဆိုပြီးထိုင်ခုံပေါ်ကပစ္စည်းတွေကိုနေရာရွှေ့ပေးပါတယ်။ဒီဆွမ်းခံကိုယ်တော်လေးကတော့စိုရွှဲနေတဲ့မိုးရေတွေကိုယ်ပေါ်ကတစက်စက်ကျနေတာကြောင့်ခြောက်ခြောက်ချမ်းချမ်းအိမ်ထဲကိုမဝင်ဝံ့ဖြစ်ပြီး“ရပါတယ်ဒကာမကြီးဝင်မထိုင်တော့ပါဘူးဒီအတိုင်းပဲလောင်းလိုက်ပါတော့”လို့မိန့်လိုက်မိတယ်။ဒီတော့မှဒကာမကြီးကအိမ်ထဲချက်ချင်းပြန်ဝင်သွားပြီးအိမ်ထဲကပြန်ထွက်ကိုယ်တော်လေးဆီတန်းတန်းမတ်မတ်ပြန်လျှောက်လာခဲ့ပါတယ်။ဒီကိုယ်တော်လေးမှာတော့ပြန်ထွက်လာတဲ့ဒကာမကြီးဆွမ်းဟင်းခွက်ယူူမယ်
အထင်နဲ့သပိတ်ဖုံးကိုဖွင့်ပေးလိုက်ပါတယ်။ဒါပေမယ့်ဆွမ်းအမကဆွမ်းဟင်းခွက်ကိုမယူဘဲသပိတ်ထဲကိုတစ်စုံတစ်ခုထည့်လှူလိုက်ပြီးချက်ချင်းပဲကြမ်းပြင်ပေါ်ထိုင်ကန်တော့နေတော့မှဘာများလောင်းလှူလိုက်သလဲဆိုတာစစ်ဆေးလို့လည်းမကောင်းတာမို့ကန်တော့နေတုန်းပြုနေကြအတိုင်းမေတ္တာပို့နေခဲ့မိတယ်။ဆွမ်းအမကန်တော့ပြီးပြီးချင်းပဲဖိနပ်ချွတ်ခုံအလွန်အပေါက်ဝကနေပြန်ဆင်းခဲ့လိုက်ပါတယ်။ဝမ်းဗိုက်ထဲကအစာတောင်းသံတကြုတ်ကြုတ်ကတော့မိနစ်မခြားတော့ပေ။ဒါပေမယ့်ဒီနေ့အတွက်ဆွမ်းခံခြင်းသည်ကာစာဖွဲ့ရုံမှာတစ်ပါးအခြားမရှိလို့ခန့်မှန်းသိလိုက်ပါပြီ။
ပထမအိမ်ကသော့ခလောက်ဆွမ်း။
ဒုတိယအိမ်ကကန်တော့ဆွမ်း။
နောက်ဆုံးအိမ်ကဆွမ်းကတော့မိုးထဲရေထဲသွားရင်းလာရင်းလမ်းလျှောက်ရင်းအခုထိခန့်မှန်းရခက်ခဲနေဆဲ။သိချင်ဇောနဲ့သပိတ်ဖွင့်ကာစူစမ်းချင်မိတာပေါ့။ဒါပေမယ့်လမ်းမပေါ်ဆိုတော့လူတွေနဲ့ဖွင့်ကြည့်လို့မသင့်တော်ပါလားလို့အတွေးနဲ့လျှောက်လာရင်းလူပြတ်တဲ့နေရာအရောက်မှာလှစ်ကနဲ့သပိတ်ကိုလှပ်ကြည့်လိုက်မိတယ်။
လားလားမြင်လိုက်ရသည်ဖြစ်အင်ကဗိုက်ဆာနေတဲ့ဒီကိုယ်တော်လေးရင်ကိုရေနွေးပူအပြည့်လောင်းထည့်လိုက်သလားထင်ရတယ်။လှစ်ကနဲ့လှပ်ကြည့်လို့မြင်လိုက်ရတဲ့အရာကတော့စားလို့လည်းမရ။သောက်လို့လည်းအဆင်မပြေ။ငုံထားလို့လည်းအာဟာရမဖြစ်တဲ့အနာမသအကပ္ပိယဝတ္ထုအဟောင်းတစ်ရွက်ပါပဲ။တန်ဖိုးကြီးကြီးများများစားစားဆွမ်းတစ်နပ်စာလားဆိုတော့လည်းတစ်ကျပ်တန်ကိုအကြိမ်နှစ်ဆယ်ပေါင်းထားသောနှစ်ဆယ်ကျပ်တန်တစ်ရွက်သာ။
သည်းလာသောမိုးနဲ့အပြိုင်ရင်တွင်းမှာတော့မျက်ရည်မိုးတွေစွေရင်းဆက်လျှောက်နေမိသည်။ကိုယ်တိုင်ရဲ့ဘုဉ်းကံနည်းပါးမှုကိုလည်းတုန်လှုပ်မိတယ်။ဒီအခြေအနေတွေကိုဒီဘဝလေးကစားဖို့လည်းမပူရ။အိပ်ဖို့လည်းမပူရ။ပညာသင်ဖို့လည်းမပူရ။ကုသိုလ်တွေလည်းရတယ်ဆိုတဲ့ရွာကအမေမသိပါစေနဲ့ဟုသာ..။
အရှင်ကဝိသာရ(မင်းကင်း)