ၾကားသိရသမွ်

9 CHAN Bar တြင္ အုပ္စုဖြဲ႕ ေသနတ္ပစ္ခတ္မႈျဖစ္ပြား

မဲေခါင္၊ ဇူလိုင္ ၂၃

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရွိ 9 CHAN Bar တြင္ ယေန႔ ဇူလိုင္ ၂၃ ရက္၊ နံနက္အေစာပိုင္းက အုပ္စုဖြဲ႕၍ ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္(ခ)ရပ္ကြက္ရွိ 9 CHAN Bar တြင္ အုပ္စုဖြဲ႕၍ ေသနတ္ပစ္ခတ္ခဲ့သူမ်ားသည္ တာခ်ီလိတ္ၿမိဳ႕တြင္ တရားမဝင္ေနထိုင္ေသာ ထိုင္းႏိုင္ငံသားမ်ားျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မွ ေဒသခံတစ္ဦးက ေျပာသည္။

“ပစ္ခတ္မႈျဖစ္တာကေတာ့ မနက္ ၃ နာရီဝန္းက်င္ေလာက္ေပါ့။ လူအေသလည္းရွိႏိုင္တယ္။ အဖြဲ႕လိုက္နဲ႔ ပစ္တာ”ဟု ၎က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕သည္ နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး အိမ္နီးခ်င္းႏိုင္ငံသားမ်ားက တရားမဝင္ေနထိုင္၍ အေလာင္းကစားမ်ား ဖြင့္လွစ္ကာ စီးပြားရွာေနၿပီး လက္နက္မ်ား ကိုင္ေဆာင္မႈကိုလည္း ေဒသအာဏာပိုင္မ်ားက မထိန္းခ်ဳပ္ႏိုင္ေၾကာင္း သိရသည္။

“ဒါမ်ိဳးေတြက မၾကာခဏ ျဖစ္တယ္။ ဒါေပမယ့္ ထိထိေရာက္ေရာက္ မထိန္းခ်ဳပ္ႏိုင္ဘူး” ဟုလည္း ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အဆိုပါ ပစ္ခတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး လူေသဆုံးမႈမ်ားရွိႏိုင္ၿပီး ေသဆုံးသူဦးေရကို တိတိက်က် သိရွိႏိုင္ရန္ မဲေခါင္သတင္းအေနျဖင့္ လိုက္လံစုံစမ္းေနလ်က္ရွိသည္။

Video – Tachileik News Agency

9 CHAN Bar တွင် အုပ်စုဖွဲ့ သေနတ်ပစ်ခတ်မှုဖြစ်ပွား

မဲခေါင်၊ ဇူလိုင် ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ 9 CHAN Bar တွင် ယနေ့ ဇူလိုင် ၂၃ ရက်၊ နံနက်အစောပိုင်းက အုပ်စုဖွဲ့၍ သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်(ခ)ရပ်ကွက်ရှိ 9 CHAN Bar တွင် အုပ်စုဖွဲ့၍ သေနတ်ပစ်ခတ်ခဲ့သူများသည် တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်သော ထိုင်းနိုင်ငံသားများဖြစ်ကြောင်း တာချီလိတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုဖြစ်တာကတော့ မနက် ၃ နာရီဝန်းကျင်လောက်ပေါ့။ လူအသေလည်းရှိနိုင်တယ်။ အဖွဲ့လိုက်နဲ့ ပစ်တာ”ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံသားများက တရားမဝင်နေထိုင်၍ အလောင်းကစားများ ဖွင့်လှစ်ကာ စီးပွားရှာနေပြီး လက်နက်များ ကိုင်ဆောင်မှုကိုလည်း ဒေသအာဏာပိုင်များက မထိန်းချုပ်နိုင်ကြောင်း သိရသည်။

“ဒါမျိုးတွေက မကြာခဏ ဖြစ်တယ်။ ဒါပေမယ့် ထိထိရောက်ရောက် မထိန်းချုပ်နိုင်ဘူး” ဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူသေဆုံးမှုများရှိနိုင်ပြီး သေဆုံးသူဦးရေကို တိတိကျကျ သိရှိနိုင်ရန် မဲခေါင်သတင်းအနေဖြင့် လိုက်လံစုံစမ်းနေလျက်ရှိသည်။

Video – Tachileik News Agency