Rain (For Ialinks)
Unicode
မင်္ဂလာဆောင်အပြီးတွင် သတို့သမီးအားအိမ်သို့ခေါ်ပြန်မည့်ဆဲဆဲတွင် သတို့သားဖြစ်သူရဲ့ လုပ်ရပ်တစ်ခုကြောင့် အများမှ အံ့အားသင့်ရကာ ချီးကျူးခဲ့ကြသည့်အဖြစ်
တရုတ်နိုင်ငံ Shandongပြည်နယ်တွင် နေထိုင်သော အသက်၃၀ကျော်အရွယ် အမျိုးသားတစ်ဦးသည် အလုပ်အရမ်းကြိုးစားကာ မိဘနှစ်ပါးကို လုပ်ကျွေးလာခဲ့ရာ သိတတ်လိမ္မာတဲ့ သားလေးအဖြစ် အများမှ ချီးကျူးခဲ့ကြသည်။
ထို့အပြင် အမျိုးသားသည် ချစ်သူမိန်းကလေးတစ်ယောက်တည်းကိုသာ ၁၂နှစ်ကြာသည်ထိ သစ္စာရှိရှိ တွဲလာခဲ့ပြီး နောက်ဆုံး ပြည့်စုံအောင်ထားနိုင်ပြီဆိုမှ နှစ်ဖက်မိဘသဘောတူညီမှုနှင့်အတူ မင်္ဂလာပွဲလေး ကျင်းပခဲ့ကြသည်။
အမျိုးသားသည် မင်္ဂလာဆောင်အပြီးတွင် ဇနီးဖြစ်သူအား သူ့အိမ်သို့ ခေါ်ဆောင်သွားရမည့်အချိန်တွင် ယောက္ခမဖြစ်သူအား အပြင်ထွက်လာသည်ကို မတွေ့ရှိခဲ့၍ သတို့သမီးလေးရဲ့အိမ်ထဲသို့ သွားရောက်ကာ ဝင်ရှာခဲ့သည်။
ထိုစဥ် သမီးဖြစ်သူနှင့်ခွဲခွာရတော့မည်ဖြစ်၍ ဝမ်းနည်းစွာ အခန်းထဲတွင် ငိုနေရှာသော ယောက္ခမဖြစ်သူကို တွေ့ခဲရာ ချက်ချင်းပဲ ဦးညွတ်ကာ သူ့ရဲ့ဇနီးမယားကောင်းအဖြစ် သမီးလေးကို မွေးပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းနဲ့ သမီးဖြစ်သူအား တန်ဖိုးထားကာ ဂရုတစိုက်ချစ်ခင်ကြင်နာသွားမည်ဖြစ်ကြောင်း ဆိုခဲ့ရင်း ပွေ့ဖက်ကာ ရိုရိုသေသေနှုတ်ဆက်ခဲ့ခြင်းဖြင့် အများမှ ချီးကျူးခဲ့ကြသည်။
Rain (For Ialinks)