မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မယ်လိုဒီက အနုပညာလောကမှာနေရာတခု ရခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။သူမက နိူင်ငံရေးမှာ ဘယ်နေမှ ပါဝင် လှုပ်ရှားခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့် သူမကိုပရိတ်သတ်တွေက တပ် မတော် ထောက်ခံအားပေးသူလို့ သတိမထားမခဲ့ကြပါဘူး။တ.ပ်မတော်က ကျင်းပတဲ့ တန်ဆောင်တိုင်ည အစီ အစဉ်မှာ ပါဝင်ဖျော်ဖြေခဲ့မှသာ သူမကို သတိထားမိလာက်ပြီး
ဝေဖန်ပြောဆိုမှုတွေခံခဲ့ရသူပါ အခုတခါမှာတော့ သရုပ်ဆောင်မယ်လိုဒီအနေနဲ့သူမရဲ့ လူမှုကွန်ယက်မှာတင်ထားတဲ့ စာတချို့ကြောင့်လူတွေပိုပြီး စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
သူမက အခုလက်ရှိ အဖ.မ်းခံထားရတဲ့ အနုပညာရှင်တွေနဲ့ဝရမ်း ထုပ်ခံထားရတဲ့ အနုပညာရှင်များ အနေနဲ့အမြန်ဆုံး ပြန်လည် လွတ်မြောက်နိုင်မယ့် အခွင့်အရေး နည်းလမ်း တခုကို ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဖ.မ်းဆီး ခံထားရတဲ့ အနုပညာရှင်များနဲ့ ဝရမ်း ထုပ်ခံထားရတဲ့ အနုပညာရှင်များအနေနဲ့ အောက်ပါ အချက်တွေကို လိုက်နာမယ်ဆိုရင် အမြန်ဆုံး ပြန် လည် လွတ်မြောက် လာနိုင်မှာ ဖြစ်ပါတယ်။
တ.ပ်မတော်ကို ဝေဖန် ပြစ်တင်တာတွေမလုပ်ဖို့ လူအများကို မိမိထောက်ခံတဲ့ ပါတီဖက် တနည်းနည်းနဲ့မှ မစည်းရုံးဖို့ တ.ပ်မတော်က ပြုလုပ်ပေးတဲ့ ပွဲတွေမှာ
ပုံမှန်တက်ရောက်ဖို့နဲ့ဘယ်ပါတီအဖွဲ့အစည်းအတွက်မှ အလှူခံတာတွေ လှူတန်းတာတွေမလုပ်ကြဖို့ စတဲ့အချက်တွေကိုသာအေးအေးဆေး ဆေး လိုက်လျောပေးရင် အပစ်တွေကျေအေးပြီး အမြန် ပြန်လွတ်နိုင်မှာဖြစ်ကြောင်း ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
ပရိတ်သတ်တွေအနေနဲ့လည်း ဘယ်လိုမြင်လဲ ဆိုတာလေးမှတ်ချက်ပေးခဲ့ကြပါအုံးနော်။အခုလို ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ တစ်ယောက်ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များပိုင်ဆိုင်နိုင်ကျပါစေ။
Zawgyi
Credit