ၾကားသိရသမွ်

ျမန္မာ့အေရး မေဆာင္႐ြက္သည့္ ဂ်ပန္အစိုးရကို ေဒါသထြက္ေၾကာင္း အျပာမင္းသား Mitsugu Somezima ေျပာ

မြန်မာ့အရေး မဆောင်ရွက်သည့် ဂျပန်အစိုးရကို ဒေါသထွက်ကြောင်း အပြာမင်းသား Mitsugu Somezima ပြော

မြန်မာနိုင်ငံမှ Follower ပရိသတ် အများအပြား ရှိသည့် ဂျပန် အပြာမင်းသား Mitsugu Somezima သည် စစ်အာဏာသိမ်းမှု ၁ နှစ် ပြည့်သည့် နေ့တွင်

၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် မြန်မာနိုင်ငံ အရေးအတွက် တစုံတရာ ဆောင်ရွက်ခြင်း မရှိသော ဂျပန်အစိုးရကို စိတ်ဆိုး ဒေါသထွက်ကြောင်း ရေးသား

ပြောဆိုခဲ့သည်။

“ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှု ၁ နှစ် ပြည့်တဲ့ နေ့ပဲ။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ရှင်သန်လာစေဖို့ မြန်မာ ပြည်သူတွေနဲ့ အတူ ကျနော် မျှော်လင့်နေပါတယ်။

မြန်မာနိုင်ငံ အရေးအတွက် ဂျပန်အစိုးရက ဘာတခုမှ ဆောင်ရွက်ပေးခြင်း မရှိလို့ ကျနော် စိတ်ဆိုး ဒေါသထွက်ရတယ်” ဟု Mitsugu Somezima က ရေးသား

ထားသည်။

ဂျပန် အပြာမင်းသား Mitsugu Somezima သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာ သိမ်းခဲ့ပြီးနောက်ပိုင်း ၎င်း၏ လူမှုကွန်ရက်

စာမျက်နှာမှ တဆင့် မြန်မာ့ အရေးအတွက် ပါဝင် ပြောဆိုခြင်းများ ရှိခဲ့သလို

မတ်လနှင့် ဧပြီလအတွင်းက ပြုလုပ်သည့် ဂျပန်ရောက် မြန်မာများ ဆန္ဒပြပွဲများတွင်လည်း ၎င်းကိုယ်တိုင် ပါဝင် ဆန္ဒပြပြီး ပံ့ပိုးမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။

ဓာတ်ပုံ – Mitsugu Somezima’s Facebook

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၂

#WhatsHappeningInMyanmar

#RejectMilitaryCoup

Zawgyi

ျမန္မာ့အေရး မေဆာင္႐ြက္သည့္ ဂ်ပန္အစိုးရကို ေဒါသထြက္ေၾကာင္း အျပာမင္းသား Mitsugu Somezima ေျပာ

ျမန္မာႏိုင္ငံမွ Follower ပရိသတ္ အမ်ားအျပား ရွိသည့္ ဂ်ပန္အျပာမင္းသား Mitsugu Somezima သည္ စစ္အာဏာသိမ္းမႈ ၁ ႏွစ္ ျပည့္သည့္ေန႔တြင္ ၎၏ လူ

မႈကြန္ရက္စာမ်က္ႏွာမွ တဆင့္ ျမန္မာႏိုင္ငံအေရးအတြက္ တစုံတရာ ေဆာင္႐ြက္ျခင္း မရွိေသာ ဂ်ပန္အစိုးရကို စိတ္ဆိုး ေဒါသထြက္ေၾကာင္း ေရးသား

ေျပာဆိုခဲ့သည္။

“ေဖေဖာ္ဝါရီ ၁ ရက္ေန႔ဟာ ျမန္မာႏိုင္ငံရဲ႕ စစ္အာဏာသိမ္းမႈ ၁ ႏွစ္ ျပည့္တဲ့ေန႔ပဲ။

ျမန္မာႏိုင္ငံ ဒီမိုကေရစီ ျပန္လည္ ရွင္သန္လာေစဖို႔ ျမန္မာျပည္သူေတြနဲ႔ အတူ က်ေနာ္ ေမွ်ာ္လင့္ေနပါတယ္။

ျမန္မာႏိုင္ငံ အေရးအတြက္ ဂ်ပန္အစိုးရက ဘာတခုမွ ေဆာင္႐ြက္ေပးျခင္း မရွိလို႔ က်ေနာ္ စိတ္ဆိုး ေဒါသထြက္ရတယ္” ဟု Mitsugu Somezima က ေရး

သားထားသည္။

ဂ်ပန္အျပာမင္းသား Mitsugu Somezima သည္ ၿပီးခဲ့သည့္ႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ ျမန္မာႏိုင္ငံတြင္ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ၎၏ လူမႈကြန္ရ

က္စာမ်က္ႏွာမွ တဆင့္ ျမန္မာ့အေရးအတြက္ ပါဝင္ ေျပာဆိုျခင္းမ်ား ရွိခဲ့သလို

မတ္လႏွင့္ ဧၿပီလအတြင္းက ျပဳလုပ္သည့္ ဂ်ပန္ေရာက္ ျမန္မာမ်ား ဆႏၵျပပြဲမ်ားတြင္လည္း ၎ကိုယ္တိုင္ ပါဝင္ဆႏၵျပၿပီး ပံ့ပိုးမႈမ်ား ျပဳလုပ္ခဲ့သူ ျဖစ္သည္။

ဓာတ္ပုံ – Mitsugu Somezima’s Facebook

ဧရာဝတီ၊ ေဖေဖာ္ဝါရီ ၂၊ ၂၀၂၂

#WhatsHappeningInMyanmar

#RejectMilitaryCoup