ၾကားသိရသမွ်

သားသမီး (၂၆) ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တဲ့ မြန်မာပြည်က အာဂမိခင် သူရဲကောင်းအမျိုးသမီး

သားသမီး (၂၆) ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တဲ့ မြန်မာပြည်က အာဂမိခင် သူရဲကောင်းအမျိုးသမီး

ဒေါ်ခင်မာမြင့်ဆိုသူက သူမရဲ့ ယောကျာ်းနဲ့ အခုလက်ရှိမှာ ကလေး ၂၆ ယောက်ကို ဘယ်လိုပြုစုပျိုးထောင် ခဲ့တယ်ဆိုတဲ့ အကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်။ လူတွေကတော့ ပြောကျတာပေါ့ ရှင်မွေးလွန်း၊ အလကားနေ ဥနဲ့ ဗိုက်နဲ့မပြတ်ဘူး အဲ့လိုပြောကျတာပေါ့။ တကယ်လဲ မပြတ်ဘူးလေ။

သူတို့ကတော့ စိတ်ပူလို့ ပြောကျတာပေါ့။ ဟုတ်ကဲ့က လွဲပြီး ကျန်တာ မတုန့်ပြန်ပါဘူး။ ကျန်တာတော့ ဘာမှ မတွေးပါဘူး။ အိမ်ထောင်ရယ်လို့ ဖြစ်လာရင် သားသမီးဆိုတာ ရကြမှာပဲ။ အဲ့ဒီ့အပေါ်မှာ စိတ်တူကိုယ်တူ ရှိဖို့ပဲလိုပါတယ်။ အန်တီက သန်လျင်ကနေ ရုံးသွားတော့ ဦးအိမ်ရှေ့ကနေဖြတ်ရတယ်လေ။

အဲ့မှာ အကြောင်းပါတာပါပဲ။ ၁၈ နှစ်မွေးနေ့လုပ်ပြီး နောက်နေ့ ၁၈နှစ် ၁ရက်မှာ ဦးနဲ့အိမ်ထောင်ပြုခဲ့တာပါ။ ဦးက ၂၅ နှစ် ၁၀လ၊ အန်တီက ၁၈ နှစ် ၁လမှာ ယူကြတာပေါ့။ ၁၉၇၅ ကနေ ၂၀၀၂ ထိ အန်တီမွေးခဲ့တာပါ။ ယောကျာ်းလေးက ၁၂ယောက် သမီး ၁၄ယောက်ပါ။ အခုလက်ရှိမှာ သက်ရှိထင်ရှား ၁၅ယောက်ရှိပါတယ်။

တစ်နှစ်တစ်ယောက် မွေးခဲ့တာပါ။ အမွှာတောင် မွေးလိုက်သေးတယ်။ ၇၈ မှာ မိန်းကလေးအမွှာ၊ ၇၉ မှာ ယောကျာ်းလေးအမွှာ။ ဦးကတော့ အဲ့အချိန်က ဝန်ထမ်းလုပ်ပါတယ်။ အန်တီကတော့ ကလေးတွေရလာတော့ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး သူဝါသနာပါတဲ့ အရောင်း အဝယ်လုပ်ကို လုပ်ခဲ့ပါတယ်။

အဲ့ဒီအချိန်အတိုင်းအတာအရတော့ နှစ်ယောက်ရှာတာ ဒီမိသားစုကို ထိန်းသိမ်းနိုင်ပါတယ်။ မချမ်းသာပေမယ့် စားဖို့နေဖို့ ဝတ်ဖို့ ကျောင်းနေဖို့ကတော့ လောက်ပါတယ်။ ၂၀၀၆ လောက်ကစပြီး ရှင်ဆန္ဒာဓိက နဲ့ မိခင်ကလေး အသင်းက ထောက်ပံ့ပေးပါတယ်။ မယ်တော်ကြီးက ဒေါ်လာ ၃၀၀၀ ရယ်၊ ငွေသိန်း ၃၀ ရယ် ချီးမြှင့်တယ်။

ဦးကတော့ အမျိုးသမီးက တစ်နှစ်တစ်ယောက်မွေးနေကျ နောက်ပြီး OG တွေနဲ့လည်း အပ်ထားပြီးသားဆိုတော့ သိပ်ပြီး စိုးရိမ်စိတ်မရှိပါဘူး။ ကျန်းမာရေးလေးပဲ ဂရုစိုက်ရတာပါ။ ဦးက အန်တီအပေါ်မှာ အရမ်း ကြင်ကြင်နာနာရှိတယ်။ အရမ်းဆိုးတဲ့ ယောကျာ်းမဟုတ်ဘူးလေ။

သူအဲ့လို ဂရုစိုက်တော့ အန်တီမွေးရတာလည်း သက်တောင့်သက်သာရှိတယ်။ မိန်းမအပေါ်မှာရော သားသမီးအပေါ်မှာရော အရမ်း ကြင်ကြင်နာနာရှိတယ်။ တစ်နှစ်ကို ဆယ်တန်းဖြေတဲ့သူက ၂ယောက် ၃ယောက် ၄ယောက်ရှိတယ်။ ဆယ်တန်းမဖြေတဲ့နှစ်ကို မရှိပါဘူး။ တစ်ယောက်ဆိုရင် တောင်မျက်လုံးပြူးနေကျတာလေ။

အန်တီဆိုရင် တစ်ယောက်ထဲဖြေတဲ့နှစ်က ရှားတယ်။ အန်တီယောက်ခမတွေ အမျိုးတွေက အများကြီးရှိတော့ ကလေး ၂ယောက် ၃ယောက်ကို ဝိုင်းထိန်းပေးတော့ အန်တီထိန်းရတယ်လို့ကိုလည်း မရှိခဲ့ပါဘူး။ ခက်ခဲမှုတော့ အထွေအထူး မရှိခဲ့ပါဘူး။ လူကြီးတွေ မရှိတော့လည်း မောင်နှမအကြီးတွေက အငယ်တွေကို ပြန်ထိန်းခဲ့တာပဲလေ။

စိတ်တူကိုယ်တူ မွေးခဲ့ကြတာဆိုတော့ မွေးခဲ့တဲ့ကလေးတွေအပေါ်မှာ ငြိုငြင်တာမရှိခဲ့ပါဘူး။ မွေးတာတော့ ခွဲမွေးတာပဲဖြစ်ဖြစ် ရိုးရိုးမွေးတာပဲဖြစ်ဖြစ် မွေးလာရင် မကျွေးနိုင်မှာ ဆိုတာကြီးကို မတွေးနဲ့ သူ့ကုသိုလ်နဲ့သူ ဖြစ်လာလိမ့်မယ်။

မကြောက်ပါနဲ့။ အန်တီရဲ့ သားသမီးတွေလည်း အိမ်ထောင်ကျပြီးရင် ကလေးယူ ရမယ်လို့အန်တီက မှာထားတယ်လို့ ရှင်မွေးလွန်း အန်တီတို့ လင်မယားနှစ်ယောက်က ခုလိုပြောသွားခဲ့ပါတယ်။

သားသမီး (၂၆) ဦးကို ေအာင္ျမင္စြာ ေမြးဖြားေပးနိုင္ခဲ့တဲ့ ျမန္မာျပည္က အာဂမိခင္ သူရဲေကာင္းအမ်ိဳးသမီး

ေဒၚခင္မာျမင့္ဆိုသူက သူမရဲ့ ေယာက်ာ္းနဲ႔ အခုလက္ရွိမွာ ကေလး ၂၆ ေယာက္ကို ဘယ္လိုျပဳစုပ်ိဳးေထာင္ ခဲ့တယ္ဆိုတဲ့ အေၾကာင္းကို ေအာက္မွာ ဆက္လက္ေဖာ္ျပထားပါတယ္။ လူေတြကေတာ့ ေျပာက်တာေပါ့ ရွင္ေမြးလြန္း၊ အလကားေန ဥနဲ႔ ဗိုက္နဲ႔မျပတ္ဘူး အဲ့လိုေျပာက်တာေပါ့။ တကယ္လဲ မျပတ္ဘူးေလ။

သူတို႔ကေတာ့ စိတ္ပူလို႔ ေျပာက်တာေပါ့။ ဟုတ္ကဲ့က လြဲၿပီး က်န္တာ မတုန႔္ျပန္ပါဘူး။ က်န္တာေတာ့ ဘာမွ မေတြးပါဘူး။ အိမ္ေထာင္ရယ္လို႔ ျဖစ္လာရင္ သားသမီးဆိုတာ ရၾကမွာပဲ။ အဲ့ဒီ့အေပၚမွာ စိတ္တူကိုယ္တူ ရွိဖို႔ပဲလိုပါတယ္။ အန္တီက သန္လ်င္ကေန ႐ုံးသြားေတာ့ ဦးအိမ္ေရွ႕ကေနျဖတ္ရတယ္ေလ။

အဲ့မွာ အေၾကာင္းပါတာပါပဲ။ ၁၈ ႏွစ္ေမြးေန႔လုပ္ၿပီး ေနာက္ေန႔ ၁၈ႏွစ္ ၁ရက္မွာ ဦးနဲ႔အိမ္ေထာင္ျပဳခဲ့တာပါ။ ဦးက ၂၅ ႏွစ္ ၁၀လ၊ အန္တီက ၁၈ ႏွစ္ ၁လမွာ ယူၾကတာေပါ့။ ၁၉၇၅ ကေန ၂၀၀၂ ထိ အန္တီေမြးခဲ့တာပါ။ ေယာက်ာ္းေလးက ၁၂ေယာက္ သမီး ၁၄ေယာက္ပါ။ အခုလက္ရွိမွာ သက္ရွိထင္ရွား ၁၅ေယာက္ရွိပါတယ္။

တစ္ႏွစ္တစ္ေယာက္ ေမြးခဲ့တာပါ။ အမႊာေတာင္ ေမြးလိုက္ေသးတယ္။ ၇၈ မွာ မိန္းကေလးအမႊာ၊ ၇၉ မွာ ေယာက်ာ္းေလးအမႊာ။ ဦးကေတာ့ အဲ့အခ်ိန္က ဝန္ထမ္းလုပ္ပါတယ္။ အန္တီကေတာ့ ကေလးေတြရလာေတာ့ ဝန္ထမ္းအလုပ္ကေန ထြက္ၿပီး သူဝါသနာပါတဲ့ အေရာင္း အဝယ္လုပ္ကို လုပ္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္အတိုင္းအတာအရေတာ့ ႏွစ္ေယာက္ရွာတာ ဒီမိသားစုကို ထိန္းသိမ္းနိုင္ပါတယ္။ မခ်မ္းသာေပမယ့္ စားဖို႔ေနဖို႔ ဝတ္ဖို႔ ေက်ာင္းေနဖို႔ကေတာ့ ေလာက္ပါတယ္။ ၂၀၀၆ ေလာက္ကစၿပီး ရွင္ဆႏၵာဓိက နဲ႔ မိခင္ကေလး အသင္းက ေထာက္ပံ့ေပးပါတယ္။ မယ္ေတာ္ႀကီးက ေဒၚလာ ၃၀၀၀ ရယ္၊ ေငြသိန္း ၃၀ ရယ္ ခ်ီးျမႇင့္တယ္။

ဦးကေတာ့ အမ်ိဳးသမီးက တစ္ႏွစ္တစ္ေယာက္ေမြးေနက် ေနာက္ၿပီး OG ေတြနဲ႔လည္း အပ္ထားၿပီးသားဆိုေတာ့ သိပ္ၿပီး စိုးရိမ္စိတ္မရွိပါဘူး။ က်န္းမာေရးေလးပဲ ဂ႐ုစိုက္ရတာပါ။ ဦးက အန္တီအေပၚမွာ အရမ္း ၾကင္ၾကင္နာနာရွိတယ္။ အရမ္းဆိုးတဲ့ ေယာက်ာ္းမဟုတ္ဘူးေလ။

သူအဲ့လို ဂ႐ုစိုက္ေတာ့ အန္တီေမြးရတာလည္း သက္ေတာင့္သက္သာရွိတယ္။ မိန္းမအေပၚမွာေရာ သားသမီးအေပၚမွာေရာ အရမ္း ၾကင္ၾကင္နာနာရွိတယ္။ တစ္ႏွစ္ကို ဆယ္တန္းေျဖတဲ့သူက ၂ေယာက္ ၃ေယာက္ ၄ေယာက္ရွိတယ္။ ဆယ္တန္းမေျဖတဲ့ႏွစ္ကို မရွိပါဘူး။ တစ္ေယာက္ဆိုရင္ ေတာင္မ်က္လုံးျပဴးေနက်တာေလ။

အန္တီဆိုရင္ တစ္ေယာက္ထဲေျဖတဲ့ႏွစ္က ရွားတယ္။ အန္တီေယာက္ခမေတြ အမ်ိဳးေတြက အမ်ားႀကီးရွိေတာ့ ကေလး ၂ေယာက္ ၃ေယာက္ကို ဝိုင္းထိန္းေပးေတာ့ အန္တီထိန္းရတယ္လို႔ကိုလည္း မရွိခဲ့ပါဘူး။ ခက္ခဲမႈေတာ့ အေထြအထူး မရွိခဲ့ပါဘူး။ လူႀကီးေတြ မရွိေတာ့လည္း ေမာင္ႏွမအႀကီးေတြက အငယ္ေတြကို ျပန္ထိန္းခဲ့တာပဲေလ။

စိတ္တူကိုယ္တူ ေမြးခဲ့ၾကတာဆိုေတာ့ ေမြးခဲ့တဲ့ကေလးေတြအေပၚမွာ ၿငိဳျငင္တာမရွိခဲ့ပါဘူး။ ေမြးတာေတာ့ ခြဲေမြးတာပဲျဖစ္ျဖစ္ ရိုးရိုးေမြးတာပဲျဖစ္ျဖစ္ ေမြးလာရင္ မေကၽြးနိုင္မွာ ဆိုတာႀကီးကို မေတြးနဲ႔ သူ႔ကုသိုလ္နဲ႔သူ ျဖစ္လာလိမ့္မယ္။

မေၾကာက္ပါနဲ႔။ အန္တီရဲ့ သားသမီးေတြလည္း အိမ္ေထာင္က်ၿပီးရင္ ကေလးယူ ရမယ္လို႔အန္တီက မွာထားတယ္လို႔ ရွင္ေမြးလြန္း အန္တီတို႔ လင္မယားႏွစ္ေယာက္က ခုလိုေျပာသြားခဲ့ပါတယ္။