ဥ ဥမေပးႏိုင္တဲ့ ဘဲထီးေကာင္ေပါက္ေလးေတြရဲ႕ ဘဝနိဂုံး(ရွင္သန္ခြင့္ေတာင္ မေပးၾကပါလားေနာ္)
ဥဥမေပးႏိုင္တဲ့ ဘဲထီးအျဖစ္ ေမြးဖြားလာမိခဲ့တဲ့ ဘဲထီးေကာင္ေပါက္ေလးေတြရဲ႕ ဘဝနိဂုံးကေတာ့ တကယ့္ကိုမလွပရွာပါဘူး။
တ႐ုတ္ႏိုင္ငံက ေမြးျမဴေရးၿခံတစ္ၿခံမွာ ေန႔စဥ္ဘဲထီးေကာင္ေပါက္ ေထာင္နဲ႔ခ်ီၿပီး အသတ္ခံေနရပါတယ္။
ဥဥေမပးႏိုင္တဲ့ ဘဲထီးေလးေတြျဖစ္တာေၾကာင့္ အသုံးမလိုတဲ့အတြက္ အခုလိုရက္ရက္စက္စက္ စြန႔္ပစ္ခံေနရတာပါ။
တ႐ုတ္ႏိုင္ငံဟာ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးလုပ္ငန္းကို အႀကီးအက်ယ္လုပ္ကိုင္ေနတဲ့ ႏိုင္ငံေတြထဲက တစ္ႏိုင္ငံပါ။
ယခုထြက္ေပၚလာတဲ့ ဓါတ္ပုံေတြကိုေတာ့ တ႐ုတ္ႏိုင္ငံမွာရွိတဲ့ေမြးျမဴေရးၿခံတစ္ၿခံကေန ႐ိုက္ကူးရယူထားတာလို႔ သိရပါတယ္။
ဓါတ္ပုံေတြထဲမွာေတာ့ ေမြးျမဴေရးၿခံ အလုပ္သမားေတြဟာ ပိုက္ကြန္ေယာက္မ တစ္ခုကိုသုံးၿပီး ဘဲေလးေတြကိုသတ္ၾကတာပါ။
ပြတ္ပြတ္ဆူေနတဲ့ ေရေႏြးအိုးထဲကိုထည့္ကာ သတ္ၿပီးရင္ေတာ့ ေႁမြသားေရာင္းတဲ့သူေတြဆီ (ဒါမွမဟုတ္) လမ္းေဘးေဈးသည္ေတြဆီကိုသြားၿပီး ေႁမြသားလို႔ လိမ္ေရာင္းၾကတာပါ။
ဒီလိုလုပ္ရပ္ေတြအေပၚ တိရစာၦန္အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြက အျပင္းအထန္ ကန႔္ကြက္ခဲ့ၾကပါတယ္။
ဒါေပမယ့္ ဒီလိုနည္းလမ္းနဲ႔ တိရစၱာန္ေတြကို သတ္ျဖတ္ေနတဲ့ ျဖစ္ရပ္ေတြဟာ တ႐ုတ္ႏိုင္ငံမွာေတာ့ မထူးဆန္းတဲ့ သာမန္ကိစၥတစ္ခုပါ။
အခုလိုနည္းလမ္းနဲ႔ ရက္ရက္စက္စက္ အသတ္ခံေနတဲ့ ဘဲထီး၊ ၾကက္ထီး အေကာင္ေပါက္ ဘီလီယံနဲ႔ခ်ီၿပီးရွိပါတယ္။
ယခုဓါတ္ပုံေတြကို Hunan ျပည္နယ္ Xidu ၿမိဳ႕ Tongqiao ေက်း႐ြာမွာရွိတဲ့ အမည္မေဖာ္လိုတဲ့ ေမြးျမဴေရးသားေဖာက္ၿခံ တစ္ခုကေန ေဖေဖာ္ဝါရီလ(၁၆)ရက္ေန႔က ႐ိုက္ကူးရယူထားတာပါ။ တ႐ုတ္သတင္းေထာက္ Li Gen ဆိုသူက ႐ိုက္ကူးရယူခဲ့တာပါ။
ေရေႏြးနဲ႔အရွင္လတ္လတ္ ျပဳတ္သတ္ခံရတဲ့ ဘဲထီးေလးေတြက (၄)ရက္သားေတာင္မရွိေသးပါဘူး။
ဒါေပမယ့္ ဥဥမေပးႏိုင္တဲ့ဘဲထီးေလးေတြျဖစ္ကာ ေကြၽးေမြးစရိတ္က အရမ္းကုန္က်မွာျဖစ္တဲ့အတြက္ အခုလိုသတ္ပစ္ခဲ့တာလို႔ သတင္းေထာက္ LiGen ကေျပာပါတယ္။
ဘဲဥတစ္လုံးကို သားေဖာက္ဖို႔ ရက္(၂၀)ေ လာက္ အခ်ိန္ယူရေၾကာင္း သားေဖာက္ၿပီးရင္ ဘဲအထီးနဲ႔အမ ခြဲၾကပါတယ္။
အမေတြကိုေတာ့ ေရာင္းခ်ၿပီး အထီးေလးေတြကိုေတာ့ ဝယ္ခ်င္တဲ့သူမရွိတာေၾကာ င့္ အခုလိုအဆုံးသတ္ပစ္ခဲ့တာပါ။
အရွင္လတ္လတ္ ေျမျမႇဳပ္ပစ္မယ့္အစား စီးပြားေရးအရပါတြက္ေခ်ကိုက္ေအာင္ ယခုနည္းလမ္းကို သုံးၾကတာလို႔ ၿခံမွအလုပ္သမားေတြက ေျပာပါတယ္။
ေရေႏြးဆူဆူထဲမွာ ထည့္ၿပီး သတ္ၿပီးရင္ေတာ့ အေမႊးေတြကို ဖယ္ရွားဖို႔အတြက္ လွည့္တဲ့စက္ထဲကို ထည့္ၾကပါတယ္။
ၿပီးမွေႁမြသားဆိုၿပီး ညာေရာင္းၾက တာျဖစ္ပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးေတြဟာ တ႐ုတ္မွာသာမက အေနာက္ႏိုင္ငံေတြမွာပါ ျဖစ္ေနၾကပါ။
သတ္ပုံသတ္နည္းသာ ကြာတာျဖစ္ၿပီး၊ အေနာက္ႏိုင္ငံေတြမွာေတာ့ အရွင္လတ္လတ္ ေျမျမႇဳပ္ပစ္ၾကတာျဖစ္ပါတယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
Unicode
ဥ ဥမပေးနိုင်တဲ့ ဘဲထီးကောင်ပေါက်လေးတွေရဲ့ ဘဝနိဂုံး(ရှင်သန်ခွင့်တောင် မပေးကြပါလားနော်)
ဥဥမပေးနိုင်တဲ့ ဘဲထီးအဖြစ် မွေးဖွားလာမိခဲ့တဲ့ ဘဲထီးကောင်ပေါက်လေးတွေရဲ့ ဘဝနိဂုံးကတော့ တကယ့်ကိုမလှပရှာပါဘူး။
တရုတ်နိုင်ငံက မွေးမြူရေးခြံတစ်ခြံမှာ နေ့စဉ်ဘဲထီးကောင်ပေါက် ထောင်နဲ့ချီပြီး အသတ်ခံနေရပါတယ်။
ဥဥမေပးနိုင်တဲ့ ဘဲထီးလေးတွေဖြစ်တာကြောင့် အသုံးမလိုတဲ့အတွက် အခုလိုရက်ရက်စက်စက် စွန့်ပစ်ခံနေရတာပါ။
တရုတ်နိုင်ငံဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံပါ။
ယခုထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေကိုတော့ တရုတ်နိုင်ငံမှာရှိတဲ့မွေးမြူရေးခြံတစ်ခြံကနေ ရိုက်ကူးရယူထားတာလို့ သိရပါတယ်။
ဓါတ်ပုံတွေထဲမှာတော့ မွေးမြူရေးခြံ အလုပ်သမားတွေဟာ ပိုက်ကွန်ယောက်မ တစ်ခုကိုသုံးပြီး ဘဲလေးတွေကိုသတ်ကြတာပါ။
ပွတ်ပွတ်ဆူနေတဲ့ ရေနွေးအိုးထဲကိုထည့်ကာ သတ်ပြီးရင်တော့ မြွေသားရောင်းတဲ့သူတွေဆီ (ဒါမှမဟုတ်) လမ်းဘေးဈေးသည်တွေဆီကိုသွားပြီး မြွေသားလို့ လိမ်ရောင်းကြတာပါ။
ဒီလိုလုပ်ရပ်တွေအပေါ် တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီလိုနည်းလမ်းနဲ့ တိရစ္တာန်တွေကို သတ်ဖြတ်နေတဲ့ ဖြစ်ရပ်တွေဟာ တရုတ်နိုင်ငံမှာတော့ မထူးဆန်းတဲ့ သာမန်ကိစ္စတစ်ခုပါ။
အခုလိုနည်းလမ်းနဲ့ ရက်ရက်စက်စက် အသတ်ခံနေတဲ့ ဘဲထီး၊ ကြက်ထီး အကောင်ပေါက် ဘီလီယံနဲ့ချီပြီးရှိပါတယ်။
ယခုဓါတ်ပုံတွေကို Hunan ပြည်နယ် Xidu မြို့ Tongqiao ကျေးရွာမှာရှိတဲ့ အမည်မဖော်လိုတဲ့ မွေးမြူရေးသားဖောက်ခြံ တစ်ခုကနေ ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ရိုက်ကူးရယူထားတာပါ။ တရုတ်သတင်းထောက် Li Gen ဆိုသူက ရိုက်ကူးရယူခဲ့တာပါ။
ရေနွေးနဲ့အရှင်လတ်လတ် ပြုတ်သတ်ခံရတဲ့ ဘဲထီးလေးတွေက (၄)ရက်သားတောင်မရှိသေးပါဘူး။
ဒါပေမယ့် ဥဥမပေးနိုင်တဲ့ဘဲထီးလေးတွေဖြစ်ကာ ကျွေးမွေးစရိတ်က အရမ်းကုန်ကျမှာဖြစ်တဲ့အတွက် အခုလိုသတ်ပစ်ခဲ့တာလို့ သတင်းထောက် LiGen ကပြောပါတယ်။
ဘဲဥတစ်လုံးကို သားဖောက်ဖို့ ရက်(၂၀)ေ လာက် အချိန်ယူရကြောင်း သားဖောက်ပြီးရင် ဘဲအထီးနဲ့အမ ခွဲကြပါတယ်။
အမတွေကိုတော့ ရောင်းချပြီး အထီးလေးတွေကိုတော့ ဝယ်ချင်တဲ့သူမရှိတာကြော င့် အခုလိုအဆုံးသတ်ပစ်ခဲ့တာပါ။
အရှင်လတ်လတ် မြေမြှုပ်ပစ်မယ့်အစား စီးပွားရေးအရပါတွက်ချေကိုက်အောင် ယခုနည်းလမ်းကို သုံးကြတာလို့ ခြံမှအလုပ်သမားတွေက ပြောပါတယ်။
ရေနွေးဆူဆူထဲမှာ ထည့်ပြီး သတ်ပြီးရင်တော့ အမွှေးတွေကို ဖယ်ရှားဖို့အတွက် လှည့်တဲ့စက်ထဲကို ထည့်ကြပါတယ်။
ပြီးမှမြွေသားဆိုပြီး ညာရောင်းကြ တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေဟာ တရုတ်မှာသာမက အနောက်နိုင်ငံတွေမှာပါ ဖြစ်နေကြပါ။
သတ်ပုံသတ်နည်းသာ ကွာတာဖြစ်ပြီး၊ အနောက်နိုင်ငံတွေမှာတော့ အရှင်လတ်လတ် မြေမြှုပ်ပစ်ကြတာဖြစ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။