တစ်ခေတ်တစ်ခါတုန်းက ဝါရင့်သတင်းကြေငြာသူတစ်ဦးအဖြစ် ဦးကျော်သက်လင်းဟာ မြန်မာပြည်မှာ အာဏာစတင်သိမ်းခဲ့ချိန်ကတည်းက အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
၅၀၅ က နဲ့တရားစွဲဆိုခံခဲ့ရတာကြောင့် တိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေမှာ ရောက်ရှိခဲ့ပြီး မိသားစုနဲ့ခွဲခွာနေခဲ့ရတာပဲဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာ ဒီနေ့မှာဆိုရင် (၁) နှစ်မြောက် ပြည့်ခဲ့ပါပြီ။
ဦးကျော်သက်လင်းဟာ ဒီတစ်နှစ်အတွင်း သူ့ဘဝမှာ အခက်ခဲဆုံးနေ့တွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ တစ်ခါတစ်လေဘဝက သူတောင်းစားထက်တောင် ဆိုးတဲ့အပြင် ချစ်ရတဲ့သူတွေနဲ့ ခွဲခွာခဲ့ရလို့ ရင်ကွဲမတတ် လွမ်းနေခဲ့ရတယ်။ ဒီတစ်နှစ်အတွင်းမှာ ဘယ်လောက်ခက်ခဲ ခက်ခဲ မှန်ကန်တဲ့ဘက်က ရပ်တည်ခဲ့တာမို့ ဆင်ခြေမလိုဘဲ လိပ်ပြာလုံတဲ့အကြောင်းက်ို
ဒီတစ်နှစ်အတွင်းမှာ
ဆင်ခြေမလိုတဲ့
လိပ်ပြာလုံခဲ့တယ်။
ဘဝရဲ့အခက်ခဲဆုံးနေ့တွေကြုံခဲ့ရတယ်။
တချို့ရက်တွေက သူတောင်းစားထက်ဆိုးတယ်။
တချို့ရက်တွေက သားကောင်တကောင်ထက်ကြမ်းတမ်းခဲ့တယ်။
Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore စာမျက်နှာကိုရောက်သွားပါမယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါပြီ….. ကျေးဇူးတင်ပါတယ်…
W3Schools
တချို့ရက်တွေက ရင်ကွဲမတတ်လွမ်းတယ်။
တချို့ရက်တွေက သေတာထက်ဆိုးလောက်အောင် စိတ်ဓာတ်ကျတယ်။
ကျေနပ်တယ်
ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပဲ
ဘယ်လောက်ကြမ်းကြမ်းပေါ့
ဒီတနှစ်အတွင်း
ငါ
ဆင်ခြေမလိုတဲ့ လိပ်ပြာလုံနေဆဲ…။
ဘယ်လောက် ခက်ခဲကြမ်းတမ်းတဲ့ လမ်းဖြစ်နေပါစေ သူရွေးချယ်လျှောက်ခဲ့တဲ့ လမ်းဖြစ်တာကြောင့် ကျေနပ်နေတာလည်းဖြစ်ပါတယ်။
Source u Kyaw thet lin