ၾကားသိရသမွ်

ဇေကမ္ဘာ သားအဖကို ဖမ်းရတဲ့ နောက်ကွယ်က အရှုပ်တွေကို ဗိုလ်ချုပ် ဇော်မင်းထွန်း ထုတ်ပြောလိုက်ပြီ…..

ဇေကမ္ဘာ သားအဖကို ဖမ်းရတဲ့ နောက်ကွယ်က အရှုပ်တွေကို ဗိုလ်ချုပ် ဇော်မင်းထွန်း ထုတ်ပြောလိုက်ပြီ

ဇေကမ္ဘာကုမ္ပဏီအနေနဲ့ စစ်တပ်မြေကို ငှားရမ်းအသုံးပြုပြီး စာချုပ်ပါအတိုင်း ငှားရမ်းခပေးဆောင်ဖို့ ကျန်ရှိတာကြောင့်

ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို ဖမ်းဆီးခဲ့တာလို့ မတ်လ ၂၄ ရက်နေ့ ဒီကနေ့မှာ ပြုလုပ်တဲ့

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောပြချက်အရ သိရပါတယ်။

“စာချုပ်မှာပါတဲ့အတိုင်းပေးဖို့ ကျန်တဲ့ ၂၄.၈၂၉ သန်းကျန်တယ်။

အဲဒါကိုပေးဖို့ စစ်ထောက်ချုပ်ရုံးကနေ ၈ ကြိမ် အကြောင်းကြားတယ်။ ဒါတင်မကသေးဘူး၊ အဲ့နောက်ပိုင်း ရှေးဟောင်းအဆောက်အဦတခုကို ဖျက်ဆီးခဲ့တယ်။

ခုတရားစွဲတာကတော့ ၂၀၁၄ ထဲက စွဲထားတဲ့ ရှေးဟောင်းအဆောက်အဦဖျက်ဆီးမှုနဲ့ဖမ်းတာ” လို့ ပြောဆိုခဲ့တာပါ။

ဒါ့ပြင် မြေငှားသူရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြေပြုပြင်တဲ့လုပ်ငန်းတွေ လုပ်ကိုင်ခဲ့သလို

ကာကွယ်ရေးဝန်ကြီးဌာနပိုင်တဲ့ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦဖြစ်တဲ့

မြို့တော်ဝန်အိမ်ဟောင်းနဲ့ မြို့တော်ဝန်ဧည့်ဂေဟာတို့ကို ခွင့်ပြုချက်မရှိဘဲ ဖျက်ဆီးတာကြောင့် ခုလိုတရားစွဲတာလို့ ဆိုပါတယ်။

ဇေကမ္ဘာ ဦးခင်ရွှေကို ရှေးဟောင်းအဆောက်အဦများ ကာကွယ်ရေးဥပေဒ ပုဒ်မ ၂၄ နဲ့ တရားစွဲခဲ့တာဖြစ်ပြီး

ရဲအရေးပိုင်တဲ့ ကိစ္စဖြစ်တာကြောင့် ရဲလုပ်ငန်းစဉ်အတိုင်း ဖမ်းဆီးစစ်ဆေးတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်ကိုပေးသွင်း ရမယ့် ငွေကျန်လို့ အခုလို ဖမ်းဆီရတာဖြစ်တယ်လို့ ပြောပြထားပါတယ်။

ေဇကမာၻ သားအဖကို ဖမ္းရတဲ့ ေနာက္ကြယ္က အရႈပ္ေတြကို ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ထုတ္ေျပာလိုက္ၿပီ

ေဇကမာၻကုမၸဏီအေနနဲ႔ စစ္တပ္ေျမကို ငွားရမ္းအသုံးျပဳၿပီး စာခ်ဳပ္ပါအတိုင္း ငွားရမ္းခေပးေဆာင္ဖို႔ က်န္ရွိတာေၾကာင့္

ေဇကမာၻဦးခင္ေ႐ႊနဲ႔ သားျဖစ္သူ ဦးေဇသီဟတို႔ကို ဖမ္းဆီးခဲ့တာလို႔ မတ္လ ၂၄ ရက္ေန႔ ဒီကေန႔မွာ ျပဳလုပ္တဲ့

စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

“စာခ်ဳပ္မွာပါတဲ့အတိုင္းေပးဖို႔ က်န္တဲ့ ၂၄.၈၂၉ သန္းက်န္တယ္။

အဲဒါကိုေပးဖို႔ စစ္ေထာက္ခ်ဳပ္႐ုံးကေန ၈ ႀကိမ္ အေၾကာင္းၾကားတယ္။ ဒါတင္မကေသးဘူး၊ အဲ့ေနာက္ပိုင္း ေရွးေဟာင္းအေဆာက္အဦတခုကို ဖ်က္ဆီးခဲ့တယ္။

ခုတရားစြဲတာကေတာ့ ၂၀၁၄ ထဲက စြဲထားတဲ့ ေရွးေဟာင္းအေဆာက္အဦဖ်က္ဆီးမႈနဲ႔ဖမ္းတာ” လို႔ ေျပာဆိုခဲ့တာပါ။

ဒါ့ျပင္ ေျမငွားသူရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ ႏိုင္ငံျခားကုမၸဏီနဲ႔ ပူးေပါင္းၿပီး ေျမျပဳျပင္တဲ့လုပ္ငန္းေတြ လုပ္ကိုင္ခဲ့သလို

ကာကြယ္ေရးဝန္ႀကီးဌာနပိုင္တဲ့ ေရွးေဟာင္းသမိုင္းဝင္အေဆာက္အဦျဖစ္တဲ့

ၿမိဳ႕ေတာ္ဝန္အိမ္ေဟာင္းနဲ႔ ၿမိဳ႕ေတာ္ဝန္ဧည့္ေဂဟာတို႔ကို ခြင့္ျပဳခ်က္မရွိဘဲ ဖ်က္ဆီးတာေၾကာင့္ ခုလိုတရားစြဲတာလို႔ ဆိုပါတယ္။

ေဇကမာၻ ဦးခင္ေ႐ႊကို ေရွးေဟာင္းအေဆာက္အဦမ်ား ကာကြယ္ေရးဥေပဒ ပုဒ္မ ၂၄ နဲ႔ တရားစြဲခဲ့တာျဖစ္ၿပီး

ရဲအေရးပိုင္တဲ့ ကိစၥျဖစ္တာေၾကာင့္ ရဲလုပ္ငန္းစဥ္အတိုင္း ဖမ္းဆီးစစ္ေဆးတာလို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

တပ္ကိုေပးသြင္း ရမယ့္ ေငြက်န္လို႔ အခုလို ဖမ္းဆီရတာျဖစ္တယ္လို႔ ေျပာျပထားပါတယ္။