ၾကားသိရသမွ်

ေ-သျခင္းတရားက အခ်ိန္ကိုက္ လက္ဝါးရိုက္ထားသလိုပါဘဲ ဆိုတဲ့ ထိုင္းနိုင္ငံက ျဖစ္ရပ္

ေသျခင္းတရားက ေသမင္းနဲ႔ အခ်ိန္ကိုက္ လက္ဝါး႐ိုက္ထားသလိုပါဘဲ ဆိုတဲ့ ထိုင္းႏိုင္ငံက ျဖစ္ရပ္

အေဝးေျပးလမ္းမေဘးတြင္ ငါးမွ်ားေနသူတစ္ဦးအား ၆ ဘီးကားမွ ဝင္တိုက္မိ၍ ေသဆုံးသြားတဲ့ အျဖစ္

ေသျခင္းတရားက ေသမင္းနဲ႔ အခ်ိန္ကိုက္လက္ဝါး႐ိုက္ထားသလိုပါဘဲ ၊

သေန႔ေစ့ရင္ေတာ့ ကိုဗစ္-၁၉ ေရာဂါနဲ႔မဟုတ္လည္း ေသမင္းကေတာ့ ႀကံဖန္ၿပီး ေရာက္လာတတ္ပါတယ္

ကံကံ၏အက်ိဳးသည္ အခ်ိန္တန္ရင္ေျပးမလြတ္သလို မိမိျပဳလုပ္ထားတဲ့ေကာင္းမႈ ၊ မေကာင္းမႈကံသမွ်ကို ဝဋ္ေႂကြးရွိေနသေ႐ြ႕သမွ်ကာလပတ္လုံး ခႏၶာနဲ႔ဘဲဆပ္ေနၾကရတာပါ

အခုျဖစ္စဥ္ကေတာ့ မေန႔ကညေနေစာင္း ၃:၀၀ ခ်ိန္ ထိုင္းႏိုင္ငံ ပရာက်င္ဘူရီခ႐ိုင္ ကမင္ဘူရီၿမိဳ႕နယ္ ၿမိဳ႕ေဟာင္းေက်း႐ြာအုပ္စု အနီးက

အမွတ္ ၃၀၄ အေဝးလမ္းမႀကီးေပၚမွာ ခ်န္ဘူရီခ႐ိုင္ ” နိခုမ္ ” စက္မႈၿမိဳ႕ေတာ္ကေန ေမာင္းႏွင္လာတဲ့

၆ ဘီးယာဥ္ေမာင္းသမားဟာ တစ္ခ်က္ငိုက္မိသြားတာနဲ႔ လမ္းေဘးတူးေျမာင္းထဲ ထိုးက်သြားခဲ့တယ္ ။

ကားဟာ အရွိန္နဲ႔ ကားလမ္းနဲ႔မီတာ ၁၀၀ အကြာခန႔္ေရေျမာင္းထဲမွာ ငါးျမႇားခ်ိတ္လိုက္ေထာက္ေနတဲ့

အသက္ ၅၄ ႏွစ္အ႐ြယ္ ႏိုင္ဖိုင္ရတ္ ဆိုသူကိုမွ တည့္တည့္ႀကီးဝင္မိလို႔ေနရာမွာဘဲ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ပါတယ္ ၊ ။

အသက္ ၃၅ ႏွစ္အ႐ြယ္ ယာဥ္ေမာင္း ႏိုင္ဘန္းထစ္ ကေတာ့ သူအိပ္ငိုက္မိသြားတယ္လို႔ဝန္ခံခဲ့ပါတယ္ ။

‌ေသဆုံးသူရဲ႕အမ်ိဳးသမီးအသက္ ၅၇ ႏွစ္အ႐ြယ္ နန္းဘြန္းခ်မ္း ရဲ႕ေၾကာျပခ်က္အရ

သူမခင္ပြန္းဟာ ဒီလိုလမ္းေဘးတူးေျမာင္းထဲမွာ ေန႔စဥ္ငါးမ်ားခ်ိတ္ေထာက္ၿပီး ျပန္ေဖာ္ကာ

ငါးေတြကိုေဈးမွာေရာင္းခ်ၿပီး မိသားစုကိုရွာေဖြေကြၽးေမြးေနတဲ့သူျဖစ္တယ္လို႔ဆိုပါတယ္ ။

ေလာေလာဆယ္မွာေတာ့ ယာဥ္ေမာင္းသမားအား ရဲတပ္ဖြဲ႕မွ ယာဥ္မဆင္မခ်င္ေမာင္းႏွင္မႈ ၊ လူေသမႈတို႔ႏွင့္ တရားစြဲဆိုထားပါတယ္ ။

Credit#

သေခြင်းတရားက သေမင်းနဲ့ အချိန်ကိုက် လက်ဝါးရိုက်ထားသလိုပါဘဲ ဆိုတဲ့ ထိုင်းနိုင်ငံက ဖြစ်ရပ်

အဝေးပြေးလမ်းမဘေးတွင် ငါးမျှားနေသူတစ်ဦးအား ၆ ဘီးကားမှ ဝင်တိုက်မိ၍ သေဆုံးသွားတဲ့ အဖြစ်

သေခြင်းတရားက သေမင်းနဲ့ အချိန်ကိုက်လက်ဝါးရိုက်ထားသလိုပါဘဲ ၊

သနေ့စေ့ရင်တော့ ကိုဗစ်-၁၉ ရောဂါနဲ့မဟုတ်လည်း သေမင်းကတော့ ကြံဖန်ပြီး ရောက်လာတတ်ပါတယ်

ကံကံ၏အကျိုးသည် အချိန်တန်ရင်ပြေးမလွတ်သလို မိမိပြုလုပ်ထားတဲ့ကောင်းမှု ၊ မကောင်းမှုကံသမျှကို ဝဋ်ကြွေးရှိနေသရွေ့သမျှကာလပတ်လုံး ခန္ဓာနဲ့ဘဲဆပ်နေကြရတာပါ

အခုဖြစ်စဉ်ကတော့ မနေ့ကညနေစောင်း ၃:၀၀ ချိန် ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် ကမင်ဘူရီမြို့နယ် မြို့ဟောင်းကျေးရွာအုပ်စု အနီးက

အမှတ် ၃၀၄ အဝေးလမ်းမကြီးပေါ်မှာ ချန်ဘူရီခရိုင် ” နိခုမ် ” စက်မှုမြို့တော်ကနေ မောင်းနှင်လာတဲ့

၆ ဘီးယာဉ်မောင်းသမားဟာ တစ်ချက်ငိုက်မိသွားတာနဲ့ လမ်းဘေးတူးမြောင်းထဲ ထိုးကျသွားခဲ့တယ် ။

ကားဟာ အရှိန်နဲ့ ကားလမ်းနဲ့မီတာ ၁၀၀ အကွာခန့်ရေမြောင်းထဲမှာ ငါးမြှားချိတ်လိုက်ထောက်နေတဲ့

အသက် ၅၄ နှစ်အရွယ် နိုင်ဖိုင်ရတ် ဆိုသူကိုမှ တည့်တည့်ကြီးဝင်မိလို့နေရာမှာဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ် ၊ ။

အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း နိုင်ဘန်းထစ် ကတော့ သူအိပ်ငိုက်မိသွားတယ်လို့ဝန်ခံခဲ့ပါတယ် ။

‌သေဆုံးသူရဲ့အမျိုးသမီးအသက် ၅၇ နှစ်အရွယ် နန်းဘွန်းချမ်း ရဲ့ကြောပြချက်အရ

သူမခင်ပွန်းဟာ ဒီလိုလမ်းဘေးတူးမြောင်းထဲမှာ နေ့စဉ်ငါးများချိတ်ထောက်ပြီး ပြန်ဖော်ကာ

ငါးတွေကိုဈေးမှာရောင်းချပြီး မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့သူဖြစ်တယ်လို့ဆိုပါတယ် ။

လောလောဆယ်မှာတော့ ယာဉ်မောင်းသမားအား ရဲတပ်ဖွဲ့မှ ယာဉ်မဆင်မချင်မောင်းနှင်မှု ၊ လူသေမှုတို့နှင့် တရားစွဲဆိုထားပါတယ် ။

Credit#